ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ထြက္ခြာ

ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ထြက္ခြာ
========================
ေမ ၂၄၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း ဦးေဆာင္သည့္ ပါတီကိုယ္စားလွယ္အဖြဲ႕သည္ ဘယ္လာ႐ုစ္ႏိုင္ငံ၊ Belaya Rus ပါတီ၏ ဖိတ္ၾကားခ်က္အရ ဒုတိယအႀကိမ္ႏိုင္ငံတကာညီလာခံ တက္ေရာက္ရန္အတြက္ ၂၀၂၆ ခုႏွစ္၊ ေမလ ၂၄ ရက္ေန႔ ညေန ၆ နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ ထြက္ခြာသြားခဲ့ပါသည္။

အဆိုပါ ကိုယ္စားလွယ္အဖြဲ႕တြင္ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ႏိုင္ငံတကာေရးရာဌာန ဌာနမႉး ဦးႏိုင္ဝင္းတို႔ပါဝင္ၿပီး ကိုယ္စားလွယ္အဖြဲ႕ထြက္ခြာရာသို႔ ရန္ကုန္တိုင္းေဒသႀကီးပါတီမွ ေကာ္မတီဝင္မ်ား၊ တာဝန္ရွိသူမ်ား လိုက္ပါပို႔ေဆာင္ခဲ့ၾကပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ
========================
မေ ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်နိုင်ငံတကာညီလာခံ တက်ရောက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ နိုင်ငံတကာရေးရာဌာန ဌာနမှူး ဦးနိုင်ဝင်းတို့ပါဝင်ပြီး ကိုယ်စားလှယ်အဖွဲ့ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီးပါတီမှ ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။