၂၀၁၃ ခုႏွစ္မွ ၂၀၂၆ ခုႏွစ္အထိ လူရည္ခြၽန္ဆု ရရွိခဲ့ေသာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွ လူရည္ခြၽန္မ်ားအား ဂုဏ္ျပဳျခင္း အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တက္ေရာက္

၂၀၁၃ ခုႏွစ္မွ ၂၀၂၆ ခုႏွစ္အထိ လူရည္ခြၽန္ဆု ရရွိခဲ့ေသာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွ လူရည္ခြၽန္မ်ားအား ဂုဏ္ျပဳျခင္း အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တက္ေရာက္
=======================
ေပ်ာ္ဘြယ္ ေမ ၂၃

၂၀၁၃ ခုႏွစ္မွ ၂၀၂၆ ခုႏွစ္အထိ လူရည္ခြၽန္ဆု ရရွိခဲ့ေသာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွ လူရည္ခြၽန္မ်ားအား ဂုဏ္ျပဳျခင္း အခမ္းအနားသို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တက္ေရာက္ခဲ့သည္။

ယေန႔(ေမ ၂၃ ရက္) နံနက္ပိုင္းက ေပ်ာ္ဘြယ္ၿမိဳ႕ရွိ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းခ႐ိုင္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ လူရည္ခြၽန္ေမာင္/မယ္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ျခင္း အခမ္းအနားသို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးႏွင့္ ဇနီး ေဒါက္တာ ေဒၚသင္းမ်ိဳးမ်ိဳးေအာင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ျမင့္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏွင့္ ဦးေအာင္ႏိုင္ၫြန္႔၊ မိတၳီလာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသန္းသန္းေအး၊ ခ႐ိုင္ စီမံခန္႔ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠ႒၊ ၿမိဳ႕နယ္ စီမံခန္႔ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠ႒၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ပညာေရးမႉး၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူရည္ခြၽန္ ေမာင္/မယ္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး က အဖြင့္အမွာစကား ေျပာၾကားခဲ့ၿပီး လူရည္ခြၽန္ေဟာင္း ေဒၚႏုႏုရီမွ လူရည္ခြၽန္ႏွင့္ပတ္သက္၍ အေတြ႕အႀကဳံမ်ား ေျပာၾကားျခင္း၊ လူရည္ခြၽန္ တစ္ဦးမွ လူရည္ခြၽန္ ေလ့လာေရးခရီး အေတြ႕အႀကဳံမ်ားကို ရွင္းလင္းတင္ျပခဲ့သည္။

ထို႔ေနာက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး က ၂၀၂၅ ခုႏွစ္တြင္ Grade-10၊ ၂၀၂၆ ခုႏွစ္တြင္ Grade-11 လူရည္ခြၽန္ (၂)ထပ္ကြမ္း ရရွိခဲ့ပါေသာ ေမာင္ဝိုင္းဘိုေဇာ္၊ ၂၀၂၅ ခုႏွစ္တြင္ Grade-9၊ ၂၀၂၆ ခုႏွစ္တြင္ Grade-10 လူရည္ခြၽန္ (၂)ထပ္ကြမ္း ရရွိခဲ့ပါေသာ မနႏၵာ႐ႊန္းလဲ့၊ ၂၀၂၆ ခုႏွစ္တြင္ Grade-9 လူရည္ခြၽန္ဆု ရရွိခဲ့ပါေသာ ေမာင္ခန္႔သူရိန္ေက်ာ္ တို႔အား ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

ထို႔ေနာက္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္္ျမင့္၊ ရမည္းသင္းခ႐ိုင္ စီမံခန္႔ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠ႒ ဦးစိန္ျမင့္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္း၊ ဦးေအာင္ႏိုင္ၫြန္႔ႏွင့္ ေဒၚသန္းသန္းေအး၊ ၿမိဳ႕နယ္ စီမံခန္႔ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠ႒ ဦးအာကာစိုးႏွင့္ ၿမိဳ႕နယ္ ပညာေရးမႉး ေဒၚခင္ေလးမြန္ တို႔က လူရည္ခြၽန္ဆုရ ေမာင္/မယ္မ်ားအား ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

ထို႔ေနာက္တြင္ လူရည္ခြၽန္ဆုရ ေက်ာင္းသားတစ္ဦးမွ ေက်းဇူးတင္စကား ေျပာၾကားခဲ့ၿပီး အခမ္းအနားသို႔ တက္ေရာက္လာသည့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးႏွင့္ ဇနီး ေဒါက္တာ ေဒၚသင္းမ်ိဳးမ်ိဳးေအာင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ျမင့္ႏွင့္ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားသည္ လူရည္ခြၽန္ ေမာင္/မယ္မ်ားႏွင့္ အမွတ္တရ မွတ္တမ္းတင္ဓာတ္ပုံ ႐ိုက္ကူးခဲ့ၾကသည္။


၂၀၁၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ လူရည်ချွန်ဆု ရရှိခဲ့သော ပျော်ဘွယ်မြို့နယ်မှ လူရည်ချွန်များအား ဂုဏ်ပြုခြင်း အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်
=======================
ပျော်ဘွယ် မေ ၂၃

၂၀၁၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ လူရည်ချွန်ဆု ရရှိခဲ့သော ပျော်ဘွယ်မြို့နယ်မှ လူရည်ချွန်များအား ဂုဏ်ပြုခြင်း အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်ခဲ့သည်။

ယနေ့(မေ ၂၃ ရက်) နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်နိုင်ညွန့်၊ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပျော်ဘွယ်မြို့နယ် ပညာရေးမှူး၊ မြို့မိမြို့ဖများ၊ လူရည်ချွန် မောင်/မယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူရည်ချွန်ဟောင်း ဒေါ်နုနုရီမှ လူရည်ချွန်နှင့်ပတ်သက်၍ အတွေ့အကြုံများ ပြောကြားခြင်း၊ လူရည်ချွန် တစ်ဦးမှ လူရည်ချွန် လေ့လာရေးခရီး အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ၂၀၂၅ ခုနှစ်တွင် Grade-10၊ ၂၀၂၆ ခုနှစ်တွင် Grade-11 လူရည်ချွန် (၂)ထပ်ကွမ်း ရရှိခဲ့ပါသော မောင်ဝိုင်းဘိုဇော်၊ ၂၀၂၅ ခုနှစ်တွင် Grade-9၊ ၂၀၂၆ ခုနှစ်တွင် Grade-10 လူရည်ချွန် (၂)ထပ်ကွမ်း ရရှိခဲ့ပါသော မနန္ဒာရွှန်းလဲ့၊ ၂၀၂၆ ခုနှစ်တွင် Grade-9 လူရည်ချွန်ဆု ရရှိခဲ့ပါသော မောင်ခန့်သူရိန်ကျော် တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင််မြင့်၊ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ ဦးအောင်နိုင်ညွန့်နှင့် ဒေါ်သန်းသန်းအေး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာစိုးနှင့် မြို့နယ် ပညာရေးမှူး ဒေါ်ခင်လေးမွန် တို့က လူရည်ချွန်ဆုရ မောင်/မယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်တွင် လူရည်ချွန်ဆုရ ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါက်တာ ဒေါ်သင်းမျိုးမျိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် လူရည်ချွန် မောင်/မယ်များနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။