အီရန္၏ကမ္းလွမ္းခ်က္ကို ထရမ့္ျငင္းပယ္ၿပီးေနာက္ ေရနံေဈးႏႈန္းမ်ားျမင့္တက္လာ

အီရန္၏ကမ္းလွမ္းခ်က္ကို ထရမ့္ျငင္းပယ္ၿပီးေနာက္ ေရနံေဈးႏႈန္းမ်ားျမင့္တက္လာ
===============================
အေရွ႕အလယ္ပိုင္းစစ္ပြဲအဆုံးသတ္ရန္ အီရန္ႏိုင္ငံ၏ ေတာင္းဆိုခ်က္မ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျငင္းပယ္လိုက္ၿပီးေနာက္ ေမလ ၁၁ ရက္ အာရွေဈးကြက္အဖြင့္တြင္ ေရနံေဈးႏႈန္းမ်ား ျမင့္တက္လာေၾကာင္း သိရသည္။
သမၼတထရမ့္က အီရန္ႏိုင္ငံ၏ တုံ႔ျပန္ခ်က္သည္ လုံးဝလက္ခံႏိုင္စရာမရွိေၾကာင္း ေျပာလိုက္ၿပီးေနာက္ ေဟာ္မုေရလက္ၾကားမွတစ္ဆင့္ ေရနံေထာက္ပံ့မႈျပတ္ေတာက္ႏိုင္ေျခ ပိုမိုျမင့္မားလာျခင္း ျဖစ္သည္။ ထို႔ျပင္အီရန္ႏိုင္ငံအေနျဖင့္ ရန္သူ႔ေရွ႕ေမွာက္တြင္ဒူးေထာက္မည္မဟုတ္ဘဲ ေဆြးေႏြးမႈသည္အရႈံးေပးျခင္း မဟုတ္ေၾကာင္း အီရန္သမၼတ မာဆြတ္ပီဇက္ရွကီယန္က ေမလ ၁၀ ရက္တြင္တုံ႔ျပန္ခဲ့သည္။ ထို႔ေနာက္ ႏွစ္ႏိုင္ငံ၏ တင္းမာေသာသေဘာထားမ်ားေၾကာင့္ ပဋိပကၡသည္ လ်င္ျမန္စြာ ေျပလည္မည့္အစား မေရရာမႈမ်ား ပိုမိုရွည္ၾကာလာႏိုင္ေၾကာင္း MUFG ဘဏ္မွ လြိဳက္ခ်န္းက သုံးသပ္ထားသည္။
ယခုသီတင္းပတ္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔၏ ထိပ္သီးေဆြးေႏြးပြဲတြင္ အီရန္စစ္ပြဲက အဓိကေဆြးေႏြးစရာ ျဖစ္လာဖြယ္ရွိသည့္အျပင္ အေမရိကန္ဘ႑ာေရးဝန္ႀကီးကလည္း တ႐ုတ္ႏိုင္ငံ၌ ဒုတိယဝန္ႀကီးခ်ဳပ္ ဟီလိုင္ဖန္းႏွင့္ေတြ႕ဆုံရန္ စီစဥ္ထားသည္။
Ref: AGC
အီရန်၏ကမ်းလှမ်းချက်ကို ထရမ့်ငြင်းပယ်ပြီးနောက် ရေနံဈေးနှုန်းများမြင့်တက်လာ
===============================
အရှေ့အလယ်ပိုင်းစစ်ပွဲအဆုံးသတ်ရန် အီရန်နိုင်ငံ၏ တောင်းဆိုချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပြီးနောက် မေလ ၁၁ ရက် အာရှဈေးကွက်အဖွင့်တွင် ရေနံဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။
သမ္မတထရမ့်က အီရန်နိုင်ငံ၏ တုံ့ပြန်ချက်သည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောလိုက်ပြီးနောက် ဟော်မုရေလက်ကြားမှတစ်ဆင့် ရေနံထောက်ပံ့မှုပြတ်တောက်နိုင်ခြေ ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ ထို့ပြင်အီရန်နိုင်ငံအနေဖြင့် ရန်သူ့ရှေ့မှောက်တွင်ဒူးထောက်မည်မဟုတ်ဘဲ ဆွေးနွေးမှုသည်အရှုံးပေးခြင်း မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်က မေလ ၁၀ ရက်တွင်တုံ့ပြန်ခဲ့သည်။ ထို့နောက် နှစ်နိုင်ငံ၏ တင်းမာသောသဘောထားများကြောင့် ပဋိပက္ခသည် လျင်မြန်စွာ ပြေလည်မည့်အစား မရေရာမှုများ ပိုမိုရှည်ကြာလာနိုင်ကြောင်း MUFG ဘဏ်မှ လွိုက်ချန်းက သုံးသပ်ထားသည်။
ယခုသီတင်းပတ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ထိပ်သီးဆွေးနွေးပွဲတွင် အီရန်စစ်ပွဲက အဓိကဆွေးနွေးစရာ ဖြစ်လာဖွယ်ရှိသည့်အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း တရုတ်နိုင်ငံ၌ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်းနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။
Ref: AGC




