ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ၊မအူေတာေက်း႐ြာအုပ္စု၊ စိမ္းစားပင္ေက်း႐ြာမွေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ၊မအူေတာေက်း႐ြာအုပ္စု၊ စိမ္းစားပင္ေက်း႐ြာမွေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ
===-==================
ေနျပည္ေတာ္ ေမ ၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ယေန႔ေမလ (၆)ရက္ေန႔ နံနက္ပိုင္းက ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ေျမ၊ေဇယ်ာသီရိၿမိဳ႕နယ္၊မအူေတာေက်း႐ြာအုပ္စု၊စိမ္းစားပင္ေက်း႐ြာရွိ ေဒသခံျပည္သူ (၅၀၀)ေက်ာ္ႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ အစိုးရ၏ ရက္ ၁၀၀ အတြင္း ေဆာင္႐ြက္မည့္ကိစၥရပ္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယပုံမွန္အစည္းအေဝးတြင္ ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ား၊ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ ပူးေပါင္းေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္တက္ေရာက္လာေသာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္၊႐ြာခြဲေခါင္းေဆာင္မ်ား၊ေဒသခံမ်ားမွ တင္ျပေသာ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာလိုအပ္ခ်က္မ်ားကိုသက္ဆိုင္ရာဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးျခင္း၊လႊတ္ေတာ္သို႔ တင္ျပရမည့္အေၾကာင္းအရာမ်ားအား မွတ္သားျခင္းတို႔ေဆာင္႐ြက္ၿပီး ေတြ႕ဆုံပြဲတက္ေရာက္လာသူမ်ားအားရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ ေတြ႕ဆုံပြဲကို႐ုပ္သိမ္းခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ၊မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာမှဒေသခံပြည်သူများနှင့်တွေ့ဆုံ
===-==================
နေပြည်တော် မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည်ယနေ့မေလ (၆)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ဇေယျာသီရိမြို့နယ်၊မအူတောကျေးရွာအုပ်စု၊စိမ်းစားပင်ကျေးရွာရှိ ဒေသခံပြည်သူ (၅၀၀)ကျော်နှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ အစိုးရ၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အစိုးရ၊ လွှတ်တော်၊ ပါတီ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသောကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်၊ရွာခွဲခေါင်းဆောင်များ၊ဒေသခံများမှ တင်ပြသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကိုသက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊လွှတ်တော်သို့ တင်ပြရမည့်အကြောင်းအရာများအား မှတ်သားခြင်းတို့ဆောင်ရွက်ပြီး တွေ့ဆုံပွဲတက်ရောက်လာသူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တွေ့ဆုံပွဲကိုရုပ်သိမ်းခဲ့ပါသည်။




