ေျမထိန္းနံရံေရကာတာ ေဆာက္လုပ္ျခင္းအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ခ်စ္မွ အလႉေငြထည့္ဝင္လႉဒါန္း

ေျမထိန္းနံရံေရကာတာ ေဆာက္လုပ္ျခင္းအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ခ်စ္မွ အလႉေငြထည့္ဝင္လႉဒါန္း
========
ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္၊ သရက္ေတာရပ္ကြက္တြင္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းတစ္ခုအျဖစ္ ေျမထိန္းနံရံေရကာတာ ေဆာက္လုပ္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ခဲ့ၿပီး အဆိုပါလုပ္ငန္းအတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ခ်စ္မွ
ေငြက်ပ္ (၂၄) သိန္း မတည္ ထည့္ဝင္လႉဒါန္းခဲ့ၿပီး ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္းကာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ပါသည္။
ေျမထိန္းနံရံေရကာတာ တည္ေဆာက္ျခင္းသည္ မိုးရာသီတြင္ ေရတိုက္စားမႈမ်ားကို ကာကြယ္ႏိုင္ရန္ႏွင့္ ရပ္ကြက္အတြင္း ေနထိုင္သူမ်ား၏ လုံၿခဳံေရးႏွင့္ သဘာဝေဘးႏၲရာယ္အတြက္ အေထာက္အကူျပဳႏိုင္မည္ျဖစ္ၿပီး သရက္ေတာရပ္ကြက္အတြင္း ေရေဘးေၾကာင့္ ျဖစ္ေပၚလာမည့္အႏၲရာယ္ ေလ်ာ့နည္းေစမည္ျဖစ္ၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္အေရးပါေသာ အေျခခံလိုအပ္ခ်က္တစ္ခုလည္းျဖစ္‌ေၾကာင္း၊ ယင္းကဲ့သို႔ လႉဒါန္းကူညီေပးမႈအတြက္ ေဒသခံျပည္သူမ်ားကလည္း ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ၾကပါသည္။


မြေထိန်းနံရံရေကာတာ ဆောက်လုပ်ခြင်းအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်မှ အလှူငွေထည့်ဝင်လှူဒါန်း
========
အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ သရက်တောရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုအဖြစ် မြေထိန်းနံရံရေကာတာ ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်မှ
ငွေကျပ် (၂၄) သိန်း မတည် ထည့်ဝင်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဆောက်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
မြေထိန်းနံရံရေကာတာ တည်ဆောက်ခြင်းသည် မိုးရာသီတွင် ရေတိုက်စားမှုများကို ကာကွယ်နိုင်ရန်နှင့် ရပ်ကွက်အတွင်း နေထိုင်သူများ၏ လုံခြုံရေးနှင့် သဘာဝဘေးန္တရာယ်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး သရက်တောရပ်ကွက်အတွင်း ရေဘေးကြောင့် ဖြစ်ပေါ်လာမည့်အန္တရာယ် လျော့နည်းစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုလည်းဖြစ်‌ကြောင်း၊ ယင်းကဲ့သို့ လှူဒါန်းကူညီပေးမှုအတွက် ဒေသခံပြည်သူများကလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြပါသည်။