ေတာင္သူမ်ားအား စိုက္ပ်ိဳးစရိတ္ေခ်းေငြ သီးႏွံအမ်ိဳးအစားအလိုက္ တိုးျမႇင့္ထုတ္ေခ်းမည္

ေတာင္သူမ်ားအား စိုက္ပ်ိဳးစရိတ္ေခ်းေငြ သီးႏွံအမ်ိဳးအစားအလိုက္ တိုးျမႇင့္ထုတ္ေခ်းမည္
==============================
ေတာင္သူေတြကို စိုက္ပ်ိဳးစရိတ္ေခ်းေငြ ၁ ႏွစ္ကို ၅ ရာခိုင္ႏႈန္းနဲ႔ သီးႏွံအမ်ိဳးအစားအလိုက္ တိုးျမႇင့္ ထုတ္ေခ်း ေပး သြားမယ္လို႔ ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာနက အသိေပး ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
စပါး၊ ဂ်ဳံ နဲ႔ ခ်ည္မွ်င္ရွည္ဝါ မ်ိဳးေစ့ထုတ္ တစ္ဧကကို လက္ရွိေခ်းေငြ ႏႈန္းထား က်ပ္ ၁ သိန္းခြဲမွ က်ပ္ ၃ သိန္း၊ တျခား သီးႏွံ ၁၈ မ်ိဳးအတြက္ တစ္ဧကကို လက္ရွိေခ်းေငြႏႈန္းထား က်ပ္ ၁ သိန္းမွ က်ပ္ ၂ သိန္းခြဲ၊ ပန္းႏွမ္း၊ ဆီမုန္ ညင္း၊ ဂုံေလွ်ာ္ တစ္ဧကကို လက္ရွိေခ်းေငြႏႈန္းထား က်ပ္ ၁ သိန္းမွ က်ပ္ ၁ သိန္းခြဲ တိုးျမႇင့္ ထုတ္ေခ်းေပးသြားမွာ ျဖစ္ပါ တယ္။
ဒါ့အျပင္ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးကို အေျခခံတဲ့ စက္မႈလုပ္ငန္း Agro Base Industry ကို တည္ေဆာက္ ရာမွာ အေထာက္အကူျပဳဖို႔ အတြက္ ေတာင္သူလယ္သမားေတြနဲ႔ စိုက္ပ်ိဳးေရးလုပ္ကိုင္သူ လုပ္ငန္းရွင္ေတြ လိုအပ္ တဲ့ လယ္ယာသုံး စက္ကိရိယာေတြကို သက္သာတဲ့ အတိုးႏႈန္းနဲ႔ ဝယ္ယူႏိုင္ေစဖို႔ တန္ဖိုးနည္း လက္တြန္း ထြန္စက္၊ ေရစုပ္စက္၊ ေရတင္စက္ ကစၿပီး တန္ဖိုးျမင့္မားတဲ့ အေျခာက္ခံစက္၊ သိုေလွာင္႐ုံ၊ ဆန္စက္ေတြ စတဲ့ လယ္ယာသုံး စက္ကိရိယာေတြကို အတိုးႏႈန္း ၆ ရာခိုင္ႏႈန္း ေခ်းေငြပမာဏ ေငြက်ပ္ သိန္း ၃၀၀၀ ထိ တစ္က႑၊ ေငြက်ပ္ သိန္း ၃၀၀၀ အထက္ တစ္က႑ ဆိုၿပီး တိုးျမႇင့္ ထုတ္ေခ်းေပးမွာ ျဖစ္တယ္လို႔ ေၾကညာခ်က္အရ သိရပါတယ္။
၂၀၂၆ မိုးရာသီ စိုက္ပ်ိဳးစရိတ္ ေခ်းေငြေတြကို မိုးရာသီ စိုက္ပ်ိဳးခ်ိန္အမီ ၂၀၂၆ ခုႏွစ္ ေမ ၁၂ ရက္က စတင္ၿပီး ထုတ္ေခ်းမွာ ျဖစ္လို႔ အရင္ ေခ်းေငြေတြ ေပးဆပ္ၿပီးတဲ့ ေတာင္သူလယ္သမား ဦးႀကီးေတြအေနနဲ႔ ၂၀၂၆ မိုးရာသီ စိုက္ပ်ိဳးစရိတ္ ေခ်းေငြေတြ အခ်ိန္မီ ရရွိႏိုင္ဖို႔နဲ႔ လယ္ယာသုံး စက္ကိရိယာေတြ ေခ်းေငြရယူလိုတဲ့ ေတာင္သူေတြနဲ႔ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္ေတြအေနနဲ႔ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္၊ သက္ဆိုင္ရာ ခ႐ိုင္/ၿမိဳ႕နယ္ ဘဏ္ခြဲေတြကို အျမန္ဆုံး ဆက္သြယ္ၾကဖို႔ ဘ႑ာေရး ႏွင့္ အခြန္ဝန္ႀကီးဌာန အသိေပး အေၾကာင္းၾကားထားပါတယ္။
တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးမည်
==============================
တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ၁ နှစ်ကို ၅ ရာခိုင်နှုန်းနဲ့ သီးနှံအမျိုးအစားအလိုက် တိုးမြှင့် ထုတ်ချေး ပေး သွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စပါး၊ ဂျုံ နဲ့ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် တစ်ဧကကို လက်ရှိချေးငွေ နှုန်းထား ကျပ် ၁ သိန်းခွဲမှ ကျပ် ၃ သိန်း၊ တခြား သီးနှံ ၁၈ မျိုးအတွက် တစ်ဧကကို လက်ရှိချေးငွေနှုန်းထား ကျပ် ၁ သိန်းမှ ကျပ် ၂ သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုန် ညင်း၊ ဂုံလျှော် တစ်ဧကကို လက်ရှိချေးငွေနှုန်းထား ကျပ် ၁ သိန်းမှ ကျပ် ၁ သိန်းခွဲ တိုးမြှင့် ထုတ်ချေးပေးသွားမှာ ဖြစ်ပါ တယ်။
ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်း Agro Base Industry ကို တည်ဆောက် ရာမှာ အထောက်အကူပြုဖို့ အတွက် တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်သူ လုပ်ငန်းရှင်တွေ လိုအပ် တဲ့ လယ်ယာသုံး စက်ကိရိယာတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ဝယ်ယူနိုင်စေဖို့ တန်ဖိုးနည်း လက်တွန်း ထွန်စက်၊ ရေစုပ်စက်၊ ရေတင်စက် ကစပြီး တန်ဖိုးမြင့်မားတဲ့ အခြောက်ခံစက်၊ သိုလှောင်ရုံ၊ ဆန်စက်တွေ စတဲ့ လယ်ယာသုံး စက်ကိရိယာတွေကို အတိုးနှုန်း ၆ ရာခိုင်နှုန်း ချေးငွေပမာဏ ငွေကျပ် သိန်း ၃၀၀၀ ထိ တစ်ကဏ္ဍ၊ ငွေကျပ် သိန်း ၃၀၀၀ အထက် တစ်ကဏ္ဍ ဆိုပြီး တိုးမြှင့် ထုတ်ချေးပေးမှာ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို မိုးရာသီ စိုက်ပျိုးချိန်အမီ ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က စတင်ပြီး ထုတ်ချေးမှာ ဖြစ်လို့ အရင် ချေးငွေတွေ ပေးဆပ်ပြီးတဲ့ တောင်သူလယ်သမား ဦးကြီးတွေအနေနဲ့ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေ အချိန်မီ ရရှိနိုင်ဖို့နဲ့ လယ်ယာသုံး စက်ကိရိယာတွေ ချေးငွေရယူလိုတဲ့ တောင်သူတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲတွေကို အမြန်ဆုံး ဆက်သွယ်ကြဖို့ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန အသိပေး အကြောင်းကြားထားပါတယ်။




