ကမာၻ႔ဖလားနဂါးေလွေလွာ္ၿပိဳင္ပြဲ တတိယေန႔တြင္ ျမန္မာအသင္းကေငြတံဆိပ္တစ္ခုထပ္မံရရွိ၊ ေငြတံဆိပ္သုံးခု၊ ေၾကးတံဆိပ္ႏွစ္ခုဆြတ္ခူးရရွိခဲ့

ကမာၻ႔ဖလားနဂါးေလွေလွာ္ၿပိဳင္ပြဲ တတိယေန႔တြင္ ျမန္မာအသင္းကေငြတံဆိပ္တစ္ခုထပ္မံရရွိ၊ ေငြတံဆိပ္သုံးခု၊ ေၾကးတံဆိပ္ႏွစ္ခုဆြတ္ခူးရရွိခဲ့
=====================
တ႐ုတ္ႏိုင္ငံ ယြမ္လင္ၿမိဳ႕တြင္ စက္တင္ဘာလ ၂၅ ရက္မွ ၂၇ ရက္အထိက်င္းပခဲ့သည့္ အျပည္ျပည္ဆိုင္ရာ ကႏူးေလွေလွာ္အဖြဲ႕ခ်ဳပ္၏ ကမာၻ႔ဖလားနဂါးေလွေလွာ္ၿပိဳင္ပြဲ တတိယေန႔ ေနာက္ဆုံးပြဲစဥ္ အမ်ိဳးသားအလြတ္တန္း (၁၀)တက္ေလွာ္ ကီလိုမီတာ ၁၄၀၀၀ မာရသြန္နဂါးေလွေလွာ္ၿပိဳင္ပြဲတြင္ ယူကရိန္းႏိုင္ငံအသင္းက ပထမ၊ ျမန္မာႏိုင္ငံအသင္းက ဒုတိယႏွင့္ အိမ္ရွင္တ႐ုတ္ႏိုင္ငံအသင္းက တတိယရရွိခဲ့ၾကသည္။
အဆိုပါ ကမာၻ႔ဖလားနဂါးေလွေလွာ္ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအသင္းအေနျဖင့္ စက္တင္ဘာလ ၂၅ ရက္က ေငြတံဆိပ္တစ္ခု ၊ စက္တင္ဘာလ ၂၆ ရက္က ေငြတံဆိပ္တစ္ခုႏွင့္ ေၾကးတံဆိပ္ႏွစ္ခုရရွိခဲ့ၿပီး ယေန႔တြင္ ေငြတံဆိပ္တစ္ခုထပ္မံရရွိကာ စုစုေပါင္း ေငြတံဆိပ္ ၃ ခုႏွင့္ ေၾကးတံဆိပ္ ၂ ခုရရွိခဲ့သည္။
ျမန္မာႏိုင္ငံအသင္းသည္တ႐ုတ္ႏိုင္ငံ ဟန္က်ိဳးၿမိဳ႕တြင္ စက္တင္ဘာ လ ၃၀ ရက္မွေအာက္တိုဘာလ ၃ ရက္အထိက်င္းပမည့္ ကမာၻ႔ခ်န္ပီယံရွစ္ နဂါးေလွေလွာ္ လက္ရည္စစ္ၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္ရန္ယြမ္လင္ၿမိဳ႕မွ ဆက္လက္သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။ #ျမဝတီ
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာအသင်းကငွေတံဆိပ်တစ်ခုထပ်မံရရှိ၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခုဆွတ်ခူးရရှိခဲ့
=====================
တရုတ်နိုင်ငံ ယွမ်လင်မြို့တွင် စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့ နောက်ဆုံးပွဲစဉ် အမျိုးသားအလွတ်တန်း (၁၀)တက်လှော် ကီလိုမီတာ ၁၄၀၀၀ မာရသွန်နဂါးလှေလှော်ပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံအသင်းက ပထမ၊ မြန်မာနိုင်ငံအသင်းက ဒုတိယနှင့် အိမ်ရှင်တရုတ်နိုင်ငံအသင်းက တတိယရရှိခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအသင်းအနေဖြင့် စက်တင်ဘာလ ၂၅ ရက်က ငွေတံဆိပ်တစ်ခု ၊ စက်တင်ဘာလ ၂၆ ရက်က ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပြီး ယနေ့တွင် ငွေတံဆိပ်တစ်ခုထပ်မံရရှိကာ စုစုပေါင်း ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခုရရှိခဲ့သည်။
မြန်မာနိုင်ငံအသင်းသည်တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ လ ၃၀ ရက်မှအောက်တိုဘာလ ၃ ရက်အထိကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန်ယွမ်လင်မြို့မှ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ #မြဝတီ




