ေလ့က်င့္ခန္းပုံစံအမ်ိဳးမ်ိဳး ေျပာင္းလဲလုပ္ေဆာင္ျခင္းက သက္တမ္းပိုရွည္ေစႏိုင္

ေလ့က်င့္ခန္းပုံစံအမ်ိဳးမ်ိဳး ေျပာင္းလဲလုပ္ေဆာင္ျခင္းက သက္တမ္းပိုရွည္ေစႏိုင္
=========================
ေလ့က်င့္ခန္းလုပ္ရာတြင္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ လုပ္ေဆာင္သည္ထက္ ပုံစံအမ်ိဳးမ်ိဳး ေျပာင္းလဲလုပ္ေဆာင္ျခင္းက အသက္ရွည္ေစႏိုင္သည့္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္ႏိုင္ေၾကာင္း သုေတသနအသစ္တစ္ခုက ေဖာ္ျပထားသည္။
BMJ Medicine တြင္ ေဖာ္ျပထားသည့္ ေလ့လာမႈအရ လမ္းေလွ်ာက္ျခင္း၊ အေလးမျခင္း သို႔မဟုတ္ တင္းနစ္ကစားျခင္းကဲ့သို႔ လႈပ္ရွားမႈမ်ားကို ေရာေႏွာလုပ္ေဆာင္ျခင္းသည္ က်န္းမာေရးအတြက္ ပိုမိုေကာင္းမြန္ေၾကာင္း သိရသည္။
သုေတသီမ်ားသည္ အမ်ိဳးသမီးႏွင့္ အမ်ိဳးသား ၁၅၀,၀၀၀ ေက်ာ္၏ အခ်က္အလက္မ်ားကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေစာင့္ၾကည့္ေလ့လာခဲ့ရာ လႈပ္ရွားမႈပုံစံ မ်ိဳးစုံလုပ္ေဆာင္သူမ်ားသည္ မလုပ္ေဆာင္သူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေသဆုံးႏိုင္ေျခ ၁၉ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းေၾကာင္း ေတြ႕ရွိခဲ့သည္။
လမ္းေလွ်ာက္ျခင္းသည္ အသုံးအမ်ားဆုံး ေလ့က်င့္ခန္းျဖစ္ၿပီး ေသဆုံးႏိုင္ေျခကို ၁၇ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရက္ကက္အားကစားမ်ားက ၁၅ ရာခိုင္ႏႈန္း၊ အေလးမျခင္းႏွင့္ ေျပးျခင္းတို႔က ၁၃ ရာခိုင္ႏႈန္းစီ ေသဆုံးႏိုင္ေျခကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း ေတြ႕ရွိရသည္။
ထို႔အျပင္ ေလ့က်င့္ခန္းပုံစံမ်ိဳးစုံ ျပဳလုပ္ျခင္းသည္ ႏွလုံးေရာဂါ၊ ကင္ဆာႏွင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားေၾကာင့္ ေသဆုံးႏိုင္ေျခကိုလည္း သိသိသာသာ ေလ်ာ့နည္းေစႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
#MWD _Ref: STD
လေ့ကျင့်ခန်းပုံစံအမျိုးမျိုး ပြောင်းလဲလုပ်ဆောင်ခြင်းက သက်တမ်းပိုရှည်စေနိုင်
=========================
လေ့ကျင့်ခန်းလုပ်ရာတွင် အချိန်ဘယ်လောက်ကြာကြာ လုပ်ဆောင်သည်ထက် ပုံစံအမျိုးမျိုး ပြောင်းလဲလုပ်ဆောင်ခြင်းက အသက်ရှည်စေနိုင်သည့် လျှို့ဝှက်ချက်တစ်ခုဖြစ်နိုင်ကြောင်း သုတေသနအသစ်တစ်ခုက ဖော်ပြထားသည်။
BMJ Medicine တွင် ဖော်ပြထားသည့် လေ့လာမှုအရ လမ်းလျှောက်ခြင်း၊ အလေးမခြင်း သို့မဟုတ် တင်းနစ်ကစားခြင်းကဲ့သို့ လှုပ်ရှားမှုများကို ရောနှောလုပ်ဆောင်ခြင်းသည် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။
သုတေသီများသည် အမျိုးသမီးနှင့် အမျိုးသား ၁၅၀,၀၀၀ ကျော်၏ အချက်အလက်များကို နှစ်ပေါင်း ၃၀ ကျော်ကြာ စောင့်ကြည့်လေ့လာခဲ့ရာ လှုပ်ရှားမှုပုံစံ မျိုးစုံလုပ်ဆောင်သူများသည် မလုပ်ဆောင်သူများနှင့် နှိုင်းယှဉ်လျှင် သေဆုံးနိုင်ခြေ ၁၉ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။
လမ်းလျှောက်ခြင်းသည် အသုံးအများဆုံး လေ့ကျင့်ခန်းဖြစ်ပြီး သေဆုံးနိုင်ခြေကို ၁၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း သိရသည်။
ထို့ပြင် ရက်ကက်အားကစားများက ၁၅ ရာခိုင်နှုန်း၊ အလေးမခြင်းနှင့် ပြေးခြင်းတို့က ၁၃ ရာခိုင်နှုန်းစီ သေဆုံးနိုင်ခြေကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရသည်။
ထို့အပြင် လေ့ကျင့်ခန်းပုံစံမျိုးစုံ ပြုလုပ်ခြင်းသည် နှလုံးရောဂါ၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ခြေကိုလည်း သိသိသာသာ လျော့နည်းစေနိုင်ကြောင်း ဖော်ပြထားသည်။
#MWD _Ref: STD




