ဥေရာပကလပ္အဆင့္ သတ္မွတ္ခ်က္မွာ အဆင့္(၁)ေနရာသို႔ေရာက္ရွိလာတဲ့ ဘိုင္ယန္ျမဴးနစ္အသင္း

ဥေရာပကလပ္အဆင့္ သတ္မွတ္ခ်က္မွာ အဆင့္(၁)ေနရာသို႔ေရာက္ရွိလာတဲ့ ဘိုင္ယန္ျမဴးနစ္အသင္း
==============================
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)က ေနာက္ဆုံးထုတ္ျပန္ခဲ့သည့္ ဥေရာပကလပ္အဆင့္ သတ္မွတ္ခ်က္တြင္ ရီးယဲလ္မက္ဒရစ္အသင္းကို ေက်ာ္ျဖတ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက အဆင့္(၁)ေနရာသို႔ ေရာက္ရွိလာေၾကာင္း သိရသည္။
အေစာပိုင္းက ဥေရာပတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၌ ခ်န္ပီယံဆုအႀကိမ္ေရ အမ်ားဆုံးဆြတ္ခူးထားႏိုင္သည့္ ရီးယဲလ္မက္ဒရစ္အသင္းသည္ ဥေရာပကလပ္အဆင့္ သတ္မွတ္ခ်က္တြင္ အဆင့္(၁)ေနရာ၌ ကာလရွည္ရပ္တည္ႏိုင္ခဲ့ေသာ္လည္း ယခုေဘာလုံးရာသီတြင္ ရလဒ္မတည္ၿငိမ္မႈမ်ားႏွင့္အတူ ေအာင္ျမင္မႈရယူႏိုင္ျခင္း မရွိသည့္အတြက္ အဆင့္(၂)ေနရာသို႔ က်ဆင္းခဲ့ရျခင္းျဖစ္သည္။
ဘိုင္ယန္ျမဴးနစ္အသင္းသည္ ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္၏အဆင့္အျမင့္ဆုံးၿပိဳင္ပြဲျဖစ္သည့္ ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲတြင္ ရလဒ္ေကာင္းမ်ား ရယူႏိုင္ၿပီးေနာက္ ကလပ္အဆင့္သတ္မွတ္ခ်က္တြင္ စုစုေပါင္းရမွတ္ ၁၄၆ ဒသမ ၅ မွတ္ျဖင့္ အဆင့္(၁)ေနရာသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္သည္။
ကလပ္အဆင့္သတ္မွတ္ခ်က္၌ ရီးယဲလ္မက္ဒရစ္အသင္းက ရမွတ္ ၁၄၄ မွတ္ျဖင့္ အဆင့္(၂)ေနရာသို႔ က်ဆင္းခဲ့ၿပီး ရီးယဲလ္မက္ဒရစ္အသင္းေနာက္၌ လီဗာပူးအသင္းက ရမွတ္ ၁၃၀ ျဖင့္ အဆင့္(၃)၊ အင္တာမီလန္အသင္းက တစ္ဆင့္က်ဆင္းၿပီး ရမွတ္ ၁၂၇ မွတ္ျဖင့္ အဆင့္(၄)၊ ပီအက္စ္ဂ်ီအသင္းက ရမွတ္ ၁၂၆ ဒသမ ၅ မွတ္ျဖင့္ အဆင့္(၅)၊ မန္စီးတီးအသင္းက တစ္ဆင့္က်ဆင္းၿပီး ရမွတ္ ၁၂၅ ဒသမ ၅ မွတ္ျဖင့္ အဆင့္(၆)၊ အာဆင္နယ္ အသင္းက တစ္ဆင့္ျမင့္တက္ၿပီး ရမွတ္ ၁၁၃ ဒသမ ၅ မွတ္ျဖင့္ အဆင့္ (၇)၊ ဘာစီလိုနာအသင္းက တစ္ဆင့္က်ဆင္းၿပီး ရမွတ္ ၁၁၃ မွတ္ျဖင့္ အဆင့္(၈)၊ ေလဗာကူဆင္အသင္းက ရမွတ္ ၁၀၅ မွတ္ျဖင့္ အဆင့္(၉)ႏွင့္ အက္သလက္တီကို အသင္းက တစ္ဆင့္ျမင့္တက္ကာ ရမွတ္ ၁၀၃ မွတ္ျဖင့္ အဆင့္(၁၀)ေနရာ၌ အသီးသီး ရပ္တည္ခဲ့ၾကသည္။
ဘိုင္ယန္ျမဴးနစ္အသင္းသည္ ယခုေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ ဆီမီးဖိုင္နယ္အဆင့္သို႔ တက္ေရာက္ႏိုင္ကာ လက္ရွိခ်န္ပီယံပီအက္စ္ဂ်ီ အသင္းႏွင့္ ကစားရမည္ျဖစ္ေၾကာင္း သိရသည္။
ဥရောပကလပ်အဆင့် သတ်မှတ်ချက်မှာ အဆင့်(၁)နေရာသို့ရောက်ရှိလာတဲ့ ဘိုင်ယန်မြူးနစ်အသင်း
==============================
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က နောက်ဆုံးထုတ်ပြန်ခဲ့သည့် ဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက အဆင့်(၁)နေရာသို့ ရောက်ရှိလာကြောင်း သိရသည်။
အစောပိုင်းက ဥရောပတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုအကြိမ်ရေ အများဆုံးဆွတ်ခူးထားနိုင်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁)နေရာ၌ ကာလရှည်ရပ်တည်နိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်မတည်ငြိမ်မှုများနှင့်အတူ အောင်မြင်မှုရယူနိုင်ခြင်း မရှိသည့်အတွက် အဆင့်(၂)နေရာသို့ ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဥရောပဘောလုံး အဖွဲ့ချုပ်၏အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရယူနိုင်ပြီးနောက် ကလပ်အဆင့်သတ်မှတ်ချက်တွင် စုစုပေါင်းရမှတ် ၁၄၆ ဒသမ ၅ မှတ်ဖြင့် အဆင့်(၁)နေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ကလပ်အဆင့်သတ်မှတ်ချက်၌ ရီးယဲလ်မက်ဒရစ်အသင်းက ရမှတ် ၁၄၄ မှတ်ဖြင့် အဆင့်(၂)နေရာသို့ ကျဆင်းခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းနောက်၌ လီဗာပူးအသင်းက ရမှတ် ၁၃၀ ဖြင့် အဆင့်(၃)၊ အင်တာမီလန်အသင်းက တစ်ဆင့်ကျဆင်းပြီး ရမှတ် ၁၂၇ မှတ်ဖြင့် အဆင့်(၄)၊ ပီအက်စ်ဂျီအသင်းက ရမှတ် ၁၂၆ ဒသမ ၅ မှတ်ဖြင့် အဆင့်(၅)၊ မန်စီးတီးအသင်းက တစ်ဆင့်ကျဆင်းပြီး ရမှတ် ၁၂၅ ဒသမ ၅ မှတ်ဖြင့် အဆင့်(၆)၊ အာဆင်နယ် အသင်းက တစ်ဆင့်မြင့်တက်ပြီး ရမှတ် ၁၁၃ ဒသမ ၅ မှတ်ဖြင့် အဆင့် (၇)၊ ဘာစီလိုနာအသင်းက တစ်ဆင့်ကျဆင်းပြီး ရမှတ် ၁၁၃ မှတ်ဖြင့် အဆင့်(၈)၊ လေဗာကူဆင်အသင်းက ရမှတ် ၁၀၅ မှတ်ဖြင့် အဆင့်(၉)နှင့် အက်သလက်တီကို အသင်းက တစ်ဆင့်မြင့်တက်ကာ ရမှတ် ၁၀၃ မှတ်ဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ကာ လက်ရှိချန်ပီယံပီအက်စ်ဂျီ အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။




