တြန္းဇံၿမိဳ႕တြင္း မီးေလာင္ပ်က္စီးခဲ့သည့္ ေနအိမ္ႏွင့္ ဌာနဆိုင္ရာအေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ေန

တြန္းဇံၿမိဳ႕တြင္း မီးေလာင္ပ်က္စီးခဲ့သည့္ ေနအိမ္ႏွင့္ ဌာနဆိုင္ရာအေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ေန
=======================
စက္တင္ဘာ ၁၀

ခ်င္းျပည္နယ္အတြင္း အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ဖလမ္း၊ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္မ်ားတြင္ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ တြန္းဇံၿမိဳ႕တြင္း မီးေလာင္ပ်က္စီးခဲ့သည့္ ပုဂၢလိကေနအိမ္မ်ားႏွင့္ ဌာနဆိုင္ရာ႐ုံးအေဆာက္အအုံမ်ားကို ျပန္လည္ျပဳျပင္တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စက္တင္ဘာ ၉ ရက္က လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာသန႔္ေဇာ္လြင္က ခ်င္းျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးဝင္းေဇာ္ဦးႏွင့္ ခ်င္းျပည္နယ္အတြင္း ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးေကာ္မတီဝင္မ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ၾကသည္။

၎တို႔သည္ အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ မီးေလာင္ပ်က္စီးခဲ့သည့္ ပုဂၢလိကေနအိမ္မ်ား၏ ေျမေနရာအေျခအေနမ်ားႏွင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေနအိမ္အေဆာက္အအုံမ်ား၏ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

တင္ဒါေအာင္ျမင္သည့္ ကုမၸဏီမ်ားႏွင့္ ေတြ႕ဆုံ၍ အခက္အခဲမ်ား ေပါင္းစပ္ညႇိႏႈိင္းထို႔ျပင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ တြန္းဇံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံး အစည္းအေဝးခန္းမ၌ ဌာနဆိုင္ရာ႐ုံးအေဆာက္အအုံမ်ားႏွင့္ ဝန္ထမ္းအိမ္ရာမ်ား ျပန္လည္ျပဳျပင္ေဆာက္လုပ္ရန္ တင္ဒါေအာင္ျမင္ထားသည့္ ေဆာက္လုပ္ေရးကုမၸဏီမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

အဆိုပါ ေတြ႕ဆုံမႈတြင္ ဒုတိယဝန္ႀကီးက ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား တင္ျပသည့္ အခက္အခဲမ်ားကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္း၍ လိုအပ္သည္မ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ျပန္လည္ျပဳျပင္ေဆာက္လုပ္ေနသည့္ လမ္းဦးစီးဌာန ဧည့္ရိပ္သာႏွင့္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ထပ္ဆင့္လႊင့္စက္႐ုံတို႔သို႔ သြားေရာက္၍ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား၏ အေျခအေနကို ၾကည့္ရႈစစ္ေဆးခဲ့ၾကသည္။

ဗ်ဲလ္က်င္းတံတား ႀကံ့ခိုင္မႈႏွင့္ ခံႏိုင္ဝန္အေပၚ ၾကပ္မတ္ရန္မွာၾကားယင္းေနာက္ အၾကမ္းဖက္သမားမ်ား၏ မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ ပ်က္စီးခဲ့သည့္ တီးတိန္-တြန္းဇံသြားလမ္းေပၚရွိ ဗ်ဲလ္က်င္းတံတားကို ျပန္လည္ျပဳျပင္တည္ေဆာက္ထားမႈ အေျခအေနကိုလည္း သြားေရာက္စစ္ေဆးခဲ့ၾကသည္။

ဒုတိယဝန္ႀကီးက တံတား၏ ႀကံ့ခိုင္မႈႏွင့္ ခံႏိုင္ဝန္အားအတြက္ ျဖတ္သန္းသြားလာသည့္ ယာဥ္မ်ားႏွင့္ သယ္ယူပို႔ေဆာင္သည့္ ကုန္ပစၥည္းမ်ား၏ အေလးခ်ိန္ကို သတ္မွတ္ခ်က္ထက္ မေက်ာ္လြန္ေစေရး တာဝန္ရွိသူအဆင့္ဆင့္က ၾကပ္မတ္ေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္အတြင္း ထိခိုက္ပ်က္စီးခဲ့သည့္ ေဒသမ်ား ျပန္လည္ထူေထာင္ႏိုင္ေရးႏွင့္ အေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ တာဝန္ရွိသူမ်ားက လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


တွန်းဇံမြို့တွင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်တည်ဆောက်နေ
=======================
စက်တင်ဘာ ၁၀

ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့တွင်း မီးလောင်ပျက်စီးခဲ့သည့် ပုဂ္ဂလိကနေအိမ်များနှင့် ဌာနဆိုင်ရာရုံးအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စက်တင်ဘာ ၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြသည်။

၎င်းတို့သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပုဂ္ဂလိကနေအိမ်များ၏ မြေနေရာအခြေအနေများနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများ၏ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် တင်ဒါအောင်မြင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တင်ပြသည့် အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်လည်ပြုပြင်ဆောက်လုပ်နေသည့် လမ်းဦးစီးဌာန ဧည့်ရိပ်သာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့သို့ သွားရောက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဗျဲလ်ကျင်းတံတား ကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အပေါ် ကြပ်မတ်ရန်မှာကြားယင်းနောက် အကြမ်းဖက်သမားများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် တီးတိန်-တွန်းဇံသွားလမ်းပေါ်ရှိ ဗျဲလ်ကျင်းတံတားကို ပြန်လည်ပြုပြင်တည်ဆောက်ထားမှု အခြေအနေကိုလည်း သွားရောက်စစ်ဆေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက တံတား၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အားအတွက် ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများ၏ အလေးချိန်ကို သတ်မှတ်ချက်ထက် မကျော်လွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည်ထူထောင်နိုင်ရေးနှင့် အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။