ဂ်က္စတင္ေဂဂ်ီႏွင့္ တိုပူရီးယားတို႔ မ ေက် ပြဲ ယွဥ္ၿပိဳင္ရန္ေဆြးေႏြးေန

ဂ်က္စတင္ေဂဂ်ီႏွင့္ တိုပူရီးယားတို႔ မ ေက် ပြဲ ယွဥ္ၿပိဳင္ရန္ေဆြးေႏြးေန
==================
UFC အဖြဲ႕အစည္း၏ Commentator တစ္ဦးျဖစ္သူ ဂြၽန္အာနစ္ကလာမည့္ UFC ၿပိဳင္ပြဲမ်ားတြင္ ဂ်က္စတင္ေဂဂ်ီႏွင့္တိုပူရီးယားတို႔ မေက်ပြဲယွဥ္ၿပိဳင္ရန္ စီစဥ္လ်က္ရွိေၾကာင္း အတည္ျပဳခဲ့သည္။
ဂ်က္စတင္ေဂဂ်ီႏွင့္တိုပူရီးယားတို႔သည္ ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္က အေမရိကန္ႏိုင္ငံရွိ အိမ္ျဖဴေတာ္၌က်င္းပခဲ့သည့္ UFC Freedom 250 ၿပိဳင္ပြဲတြင္လိုက္ဖ္ဝိတ္တန္းကမာၻ႔ခ်န္ပီယံလုပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ၿပီးစတုတၳအခ်ီတြင္ တိုပူရီးယား၏နည္းျပအဖြဲ႕က ပဝါတင္ကာဒိုင္ပြဲရပ္ျဖင့္ အရႈံးေပးရန္ ဆုံးျဖတ္ခဲ့သျဖင့္ ဂ်က္စတင္ေဂဂ်ီကလက္ရွိ UFC လိုက္ဖ္ဝိတ္တန္းခ်န္ပီယံအျဖစ္ ရပ္တည္ေနျခင္းျဖစ္သည္။
ဂြၽန္အာနစ္က “ဂ်က္စတင္ေဂဂ်ီနဲ႔ တိုပူရီးယားတို႔ ယွဥ္ၿပိဳင္ဖို႔ ညႇိႏႈိင္းေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ညႇိႏႈိင္းေနတဲ့အဆင့္မွာပဲရွိပါေသးတယ္။ ဘယ္ၿပိဳင္ပြဲမွာယွဥ္ၿပိဳင္ ရမလဲဆိုတာကိုကြၽန္ေတာ္တို႔ ေျပာလို႔မရေသးပါဘူး”ဟု ေျပာသည္။
ဂ်က္စတင္ေဂဂ်ီသည္ ကစားသမားဘဝမွတ္တမ္းတြင္ ၂၈ ပြဲႏိုင္၊ ငါးပြဲရႈံးရလဒ္ပိုင္ဆိုင္ထားသူ ျဖစ္ၿပီးတိုပူရီးယားသည္ ၁၇ ပြဲႏိုင္၊ တစ္ပြဲရႈံး မွတ္တမ္းပို င္ဆိုင္ထားသူျဖစ္ကာယွဥ္ၿပိဳင္ရန္အတည္ျပဳပါက UFC လိုက္ဖ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲအျဖစ္ ထပ္မံယွဥ္ၿပိဳင္ရဖြယ္ရွိေနေၾကာင္းသိရသည္။ _Ref;UFC.com
ဂျက်စတင်ဂေဂျီနှင့် တိုပူရီးယားတို့ မ ကျေ ပွဲ ယှဉ်ပြိုင်ရန်ဆွေးနွေးနေ
==================
UFC အဖွဲ့အစည်း၏ Commentator တစ်ဦးဖြစ်သူ ဂျွန်အာနစ်ကလာမည့် UFC ပြိုင်ပွဲများတွင် ဂျက်စတင်ဂေဂျီနှင့်တိုပူရီးယားတို့ မကျေပွဲယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အတည်ပြုခဲ့သည်။
ဂျက်စတင်ဂေဂျီနှင့်တိုပူရီးယားတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က အမေရိကန်နိုင်ငံရှိ အိမ်ဖြူတော်၌ကျင်းပခဲ့သည့် UFC Freedom 250 ပြိုင်ပွဲတွင်လိုက်ဖ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ပြီးစတုတ္ထအချီတွင် တိုပူရီးယား၏နည်းပြအဖွဲ့က ပဝါတင်ကာဒိုင်ပွဲရပ်ဖြင့် အရှုံးပေးရန် ဆုံးဖြတ်ခဲ့သဖြင့် ဂျက်စတင်ဂေဂျီကလက်ရှိ UFC လိုက်ဖ်ဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။
ဂျွန်အာနစ်က “ဂျက်စတင်ဂေဂျီနဲ့ တိုပူရီးယားတို့ ယှဉ်ပြိုင်ဖို့ ညှိနှိုင်းနေပါတယ်။ လက်ရှိအချိန်မှာတော့ ညှိနှိုင်းနေတဲ့အဆင့်မှာပဲရှိပါသေးတယ်။ ဘယ်ပြိုင်ပွဲမှာယှဉ်ပြိုင် ရမလဲဆိုတာကိုကျွန်တော်တို့ ပြောလို့မရသေးပါဘူး”ဟု ပြောသည်။
ဂျက်စတင်ဂေဂျီသည် ကစားသမားဘဝမှတ်တမ်းတွင် ၂၈ ပွဲနိုင်၊ ငါးပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူ ဖြစ်ပြီးတိုပူရီးယားသည် ၁၇ ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းပို င်ဆိုင်ထားသူဖြစ်ကာယှဉ်ပြိုင်ရန်အတည်ပြုပါက UFC လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်းသိရသည်။ _Ref;UFC.com



