ေျမာက္ကိုရီးယားနဲ႔႐ုရွား ႏွစ္ႏိုင္ငံဆက္ဆံေရးသ ေကၤတအျဖစ္ ပထမဆုံး ကားလမ္းပါတံတား စတင္ ဖြင့္လွစ္

ေျမာက္ကိုရီးယားနဲ႔႐ုရွား ႏွစ္ႏိုင္ငံဆက္ဆံေရးသေကၤတအျဖစ္ ပထမဆုံး ကားလမ္းပါတံတား စတင္ဖြင့္လွစ္
================
ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကားပထမဆုံးကားလမ္းပါတံတားကို စက္တင္ဘာလ ၇ ရက္ မွာ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ ေၾကာင္း ႐ုရွား TASS သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ တူမန္ျမစ္ကို ျဖတ္သန္းေဖာက္လုပ္ထားတဲ့ ဒီတံတားဟာ ႏွစ္ႏိုင္ငံစလုံးရဲ႕ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈမွာ အေရးပါတဲ့ မွတ္တိုင္တစ္ခု ျဖစ္လာခဲ့ပါတယ္။
ဒီတံတားအသစ္ဟာ ၁၉၅၉ ခုႏွစ္ ကိုရီးယားစစ္ပြဲအၿပီး စတင္အသုံးျပဳခဲ့တဲ့ ခ်စ္ၾကည္ေရးတံတားအမည္ရွိ မီးရထားလမ္းပါတံတားအနီးမွာ တည္ရွိတာပါ။ ႐ုရွားဝန္ႀကီးခ်ဳပ္ မီေခးမီရႈစတင္က ဒီတံတားဖြင့္လွစ္မႈဟာ ခရီးသြားလုပ္ငန္းအပါအဝင္ နယ္ပယ္အသီးသီးမွာ ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔နည္းပညာဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုတိုးတက္ေစၿပီး အလုပ္အကိုင္အသစ္ေတြလည္း ဖန္တီးေပးႏိုင္လိမ့္မယ္လို႔ တံတားဖြင့္ပြဲအခမ္းအနားမွာ ေျပာပါတယ္။
ဒီတံတား တည္ေဆာက္ေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ ေဆြးေႏြးခဲ့ၾကၿပီး ၂၀၂၄ ခုႏွစ္အတြင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္ ေျမာက္ကိုရီးယားႏိုင္ငံသို႔ သြားေရာက္စဥ္ သေဘာတူညီမႈရၿပီးေနာက္ ၿပီးခဲ့သည့္ႏွစ္ဧၿပီလမွာ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ခဲ့ျခင္းျဖစ္ပါတယ္။ Ref: ST
မြောက်ကိုရီးယားနဲ့ရုရှား နှစ်နိုင်ငံဆက်ဆံရေးသင်္ကေတအဖြစ် ပထမဆုံး ကားလမ်းပါတံတား စတင်ဖွင့်လှစ်
================
မြောက်ကိုရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံကြားပထမဆုံးကားလမ်းပါတံတားကို စက်တင်ဘာလ ၇ ရက် မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဒီတံတားဟာ နှစ်နိုင်ငံစလုံးရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့
ပါတယ်။
ဒီတံတားအသစ်ဟာ ၁၉၅၉ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး စတင်အသုံးပြုခဲ့တဲ့ ချစ်ကြည်ရေးတံတားအမည်ရှိ မီးရထားလမ်းပါတံတားအနီးမှာ တည်ရှိတာပါ။ ရုရှားဝန်ကြီးချုပ် မီခေးမီရှုစတင်က ဒီတံတားဖွင့်လှစ်မှုဟာ ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်အသီးသီးမှာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်စေပြီး အလုပ်အကိုင်အသစ်တွေလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ တံတားဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
ဒီတံတား တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်စဉ် သဘောတူညီမှုရပြီးနောက် ပြီးခဲ့သည့်နှစ်ဧပြီလမှာ တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ Ref: ST




