ေဒသ ဖြံ႕ၿဖိဳးေရးဆိုင္ရာလုပ္ငန္း လုပ္ေဆာင္ေနမႈမ်ားအား ကြင္းဆင္းၾကည့္ရႈ



ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာလုပ္ငန္း လုပ္ေဆာင္ေနမႈမ်ားအား ကြင္းဆင္းၾကည့္ရႈ
=========================
ေပ်ာ္ဘြယ္ ၾသဂုတ္ ၁၈
ျပည္ခိုင္ၿဖိဳးပါတီ၊ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး သည္ ၾသဂုတ္လ (၁၈)ရက္၊ ေန႔လည္ပိုင္းက ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာလုပ္ငန္းလုပ္ေဆာင္ေနမႈမ်ားအား သြားေရာက္ၾကည္ရွခဲ့ပါသည္။
ပထမဦးစြာ ေရတိုက္စားမႈေၾကာင့္ပ်က္စီးသြားေသာ ေပ်ာ္ဘြယ္-ေ႐ႊေညာင္ဖူးေက်း႐ြာ သြားကားလမ္းေပၚရွိ စမုံတံတားျပန္လည္တည္ေဆာက္ေသာလုပ္ငန္းခြင္သို႔ သြားေရာက္ၾကည့္ရႈၿပီး လုပ္ငန္းအျမန္ၿပီးေျမာက္ေရးလိုအပ္သည္မ်ား ကူညီပံ့ပိုးေပးႏိုင္ရန္အတြက္ တံတားတည္ေဆာက္ေရးတာဝန္ရွိသူမ်ား ေဆြးေႏြးညႇိႏွိင္းခဲ့ပါသည္။
ထိုမွတစ္ဆင့္ ေက်ာက္ဆည္ေက်း႐ြာသို႔ သြားေရာက္ၿပီး ထိုေက်း႐ြာအနီးရွိ ေက်ာက္ဆည္ကန္ေျမဖို႔ျခင္းေဆာင္႐ြက္ေနမႈအား သြားေရာက္ၾကည့္ရႈၿပီး လိုအပ္သည္မ်ားပံပိုးကူညီႏိုင္ေရး တာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးညႇိႏွိင္းခဲ့ပါသည္။
ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း လုပ်ဆောင်နေမှုများအား ကွင်းဆင်းကြည့်ရှု
=========================
ပျော်ဘွယ် သြဂုတ် ၁၈
ပြည်ခိုင်ဖြိုးပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သည် သြဂုတ်လ (၁၈)ရက်၊ နေ့လည်ပိုင်းက ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလုပ်ဆောင်နေမှုများအား သွားရောက်ကြည်ရှခဲ့ပါသည်။
ပထမဦးစွာ ရေတိုက်စားမှုကြောင့်ပျက်စီးသွားသော ပျော်ဘွယ်-ရွှေညောင်ဖူးကျေးရွာ သွားကားလမ်းပေါ်ရှိ စမုံတံတားပြန်လည်တည်ဆောက်သောလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး လုပ်ငန်းအမြန်ပြီးမြောက်ရေးလိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် တံတားတည်ဆောက်ရေးတာဝန်ရှိသူများ ဆွေးနွေးညှိနှိင်းခဲ့ပါသည်။
ထိုမှတစ်ဆင့် ကျောက်ဆည်ကျေးရွာသို့ သွားရောက်ပြီး ထိုကျေးရွာအနီးရှိ ကျောက်ဆည်ကန်မြေဖို့ခြင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များပံပိုးကူညီနိုင်ရေး တာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိင်းခဲ့ပါသည်။




