ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္မွ ေကာ္မတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ



ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္မွ ေကာ္မတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
====================
ဩဂုတ္ ၁၉၊ ပုသိမ္
ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္ေန႔ ေန႔လည္ပိုင္း တြင္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ Meeting Room တြင္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒၊ ဒုတိယဥကၠ႒၊ ေကာ္မတီမ်ားမွ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးသိန္းထြန္းက ေကာ္မတီဖြဲ႕စည္းထားရွိမႈႏွင့္ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ား တာဝန္ေပးအပ္ထားမႈမ်ားအား ရွင္းလင္းတင္ျပပါသည္။ ထို႔ေနာက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီက အမွာစကားေျပာၾကားခဲ့ရာ ” လႊတ္ေတာ္တြင္ ေကာ္မတီမ်ားအေရးပါမႈ၊ အစိုးရႏွင့္ လႊတ္ေတာ္အၾကား ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားအား ” ေျပာၾကားပါသည္။
ထို႔ေနာက္ ေကာ္မတီဥကၠ႒မ်ားက သက္ဆိုင္ရာေကာ္မတီအလိုက္ ေဆာင္႐ြက္မႈမ်ားအား ရွင္းလင္းတင္ျပရာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီက လိုအပ္သည္မ်ားအား ျဖည့္စြက္ေျပာၾကားခဲ့ၿပီး ေကာ္မတီမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနား ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ ကော်မတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
====================
ဩဂုတ် ၁၉၊ ပုသိမ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် Meeting Room တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တာဝန်ပေးအပ်ထားမှုများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အမှာစကားပြောကြားခဲ့ရာ ” လွှတ်တော်တွင် ကော်မတီများအရေးပါမှု၊ အစိုးရနှင့် လွှတ်တော်အကြား ချိတ်ဆက်ဆောင်ရွက်မှုများအား ” ပြောကြားပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက လိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့ပြီး ကော်မတီများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




