AFC Women’s Champions League 2026 /27 ေျခစစ္ပြဲတြင္ ၄ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့သည့္ ဧရာဝတီ FC အမ်ိဳးသမီးအသင္း

AFC Women’s Champions League 2026 /27 ေျခစစ္ပြဲတြင္ ၄ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့သည့္ ဧရာဝတီ FC အမ်ိဳးသမီးအသင္း
=====================
AFC Women’s Champions League 2026 /27 ေျခစစ္ပြဲတြင္ ဧရာဝတီ FC အမ်ိဳးသမီးအသင္းမွာ ၿပိဳင္ဘက္ FC Jurongအသင္းကို ၄ ဂိုးျပတ္ျဖင့္အႏိုင္ရရွိခဲ့သည္။
ယေန႔ ဩဂုတ္ ၁၇ ရက္ ညေန ၄ နာရီ အ ခ်ိန္၌ ယွဥ္ၿပိဳင္ကစားခဲ့သည့္ AFC Women’s Champions League 2026 /27 ေျခစစ္ပြဲစဥ္ ပထမပိုင္းပြဲခ်ိန္အတြင္း FC Jurong အသင္းကို ဧရာဝတီ FC အ မ်ိဳးသမီးအသင္းက ဦးေဆာင္ဂိုး ၁ ဂိုး သြင္းယူထားခဲ့ၿပီး ဒုတိယပိုင္းပြဲခ်ိန္၌ ၃ဂိုး ထပ္မံသြင္းယူခဲ့ျခင္းျဖစ္သည္။
ယေန႔ ပြဲစဥ္အတြင္း ဧရာဝတီ FC အမ်ိဳးသမီးအသင္းမွာ ခ်ိတ္ဆက္မိမိျဖင့္ တိုက္စစ္ဖြင့္ကစားႏိုင္ခဲ့ကာ ပထမပိုင္း ဦးေဆာင္သြင္းဂိုးကို ပြဲခ်ိန္ ၃၄ မိနစ္၌ ျပည္ပမွ ေခၚယူထားေသာ္ ေက်ာနံပါတ္ ၁၄ Yui Kasai က သြင္းယူခဲ့ျခင္းျဖစ္ သည္။
ဒုတိယပိုင္းပြဲခ်ိန္အတြင္း လူစား ထိုးဝင္ေရာက္လာသည့္ အသင္းတိုက္စစ္မႉးဝင္းသိဂႌထြန္းႏွင့္ လင္းျမင့္မိုရ္တို႔ အသီးသီးသြင္းယူခဲ့ၾကျခင္းလည္းျဖစ္ သည္။
ယေန႔ ဒုတိယေျမာက္ပြဲစဥ္အျဖစ္ New Taipei City Hang Yuan FC ႏွင့္ No Limits FC တို႔ ည ၇ နာရီ တြင္ ဆက္လက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။
ယင္းပြဲစဥ္ကို Readers Channel မွ အခမဲ့ တိုက္႐ိုက္ထုတ္လႊင့္မည္ျဖစ္ၿပီး Pyone Play Sports YouTube Channel မွလည္း အြန္လိုင္းမွ တိုက္႐ိုက္ၾကည့္ရႈႏိုင္မည္ျဖစ္ သည္။
AFC Women’s Champions League 2026 /27 ခြေစစ်ပွဲတွင် ၄ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဧရာဝတီ FC အမျိုးသမီးအသင်း
=====================
AFC Women’s Champions League 2026 /27 ခြေစစ်ပွဲတွင် ဧရာဝတီ FC အမျိုးသမီးအသင်းမှာ ပြိုင်ဘက် FC Jurongအသင်းကို ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။
ယနေ့ ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီ အ ချိန်၌ ယှဉ်ပြိုင်ကစားခဲ့သည့် AFC Women’s Champions League 2026 /27 ခြေစစ်ပွဲစဉ် ပထမပိုင်းပွဲချိန်အတွင်း FC Jurong အသင်းကို ဧရာဝတီ FC အ မျိုးသမီးအသင်းက ဦးဆောင်ဂိုး ၁ ဂိုး သွင်းယူထားခဲ့ပြီး ဒုတိယပိုင်းပွဲချိန်၌ ၃ဂိုး ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
ယနေ့ ပွဲစဉ်အတွင်း ဧရာဝတီ FC အမျိုးသမီးအသင်းမှာ ချိတ်ဆက်မိမိဖြင့် တိုက်စစ်ဖွင့်ကစားနိုင်ခဲ့ကာ ပထမပိုင်း ဦးဆောင်သွင်းဂိုးကို ပွဲချိန် ၃၄ မိနစ်၌ ပြည်ပမှ ခေါ်ယူထားသော် ကျောနံပါတ် ၁၄ Yui Kasai က သွင်းယူခဲ့ခြင်းဖြစ် သည်။
ဒုတိယပိုင်းပွဲချိန်အတွင်း လူစား ထိုးဝင်ရောက်လာသည့် အသင်းတိုက်စစ်မှူးဝင်းသိင်္ဂီထွန်းနှင့် လင်းမြင့်မိုရ်တို့ အသီးသီးသွင်းယူခဲ့ကြခြင်းလည်းဖြစ် သည်။
ယနေ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် New Taipei City Hang Yuan FC နှင့် No Limits FC တို့ ည ၇ နာရီ တွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပွဲစဉ်ကို Readers Channel မှ အခမဲ့ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး Pyone Play Sports YouTube Channel မှလည်း အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ် သည်။




