မာခ်ာဒိုဂယ္ရီအား ဒိုင္မွတ္ျဖင့္အႏိုင္ရရွိၿပီး ခ်န္ပီယံခါးပတ္ကို ကာကြယ္ျပလိုက္တဲ့ မာခါခ်က္ဗ္

မာခ်ာဒိုဂယ္ရီအား ဒိုင္မွတ္ျဖင့္အႏိုင္ရရွိၿပီး ခ်န္ပီယံခါးပတ္ကို ကာကြယ္ျပလိုက္တဲ့ မာခါခ်က္ဗ္
=========================
အေမရိကန္ႏိုင္ငံ၌ က်င္းပခဲ့သည့္ UFC 330 ၿပိဳင္ပြဲ တြင္ UFC ဝယ္တာဝိတ္တန္း ခ်န္ပီယံကာကြယ္ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္ခဲ့သည့္ လက္ရွိခ်န္ပီယံ အစၥလာမ္မာခါခ်က္ဗ္ႏွင့္ စိန္ေခၚသူ မာခ်ာဒိုဂယ္ရီတို႔ပြဲစဥ္တြင္ အစၥလာမ္မာခါခ်က္ဗ္က ဒိုင္မွတ္ျဖင့္ အႏိုင္ရရွိၿပီး ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့သည္။
အဆိုပါပြဲစဥ္တြင္ ပထမအခ်ီကတည္းက အစၥလာမ္မာခါခ်က္ဗ္က ခ်ဳပ္ကြက္မ်ားျဖင့္ထိန္းခ်ဳပ္ကာ မာခ်ာဒိုဂယ္ရီအား ဖိအားေပးႏိုင္ခဲ့ေသာ္လည္း မာခ်ာဒိုဂယ္ရီက အေကာင္းဆုံးျပန္လည္တုံ႔ျပန္ႏိုင္ခဲ့ၿပီး တတိယအခ်ီတြင္ မာခ်ာဒိုဂယ္ရီက ထိေရာက္သည့္ လက္သီးခ်က္မ်ားျဖင့္ တုံ႔ျပန္ႏိုင္ခဲ့ေသာ္လည္း စတုတၳအခ်ီႏွင့္ေနာက္ဆုံးအခ်ီတို႔တြင္ အစၥလာမ္မာခါခ်က္ဗ္က ခ်ဳပ္ကြက္မ်ားျဖင့္ ပြဲကိုအဆုံးသတ္ရန္ ႀကိဳးပမ္းခဲ့မႈေၾကာင့္ မာခ်ာဒိုဂယ္ရီအေနျဖင့္ ခက္ခက္ခဲခဲတုံ႔ျပန္ကစားခဲ့ရၿပီး ပြဲအၿပီးတြင္ ဒိုင္မွတ္ျဖင့္ လက္ရွိခ်န္ပီယံ အစၥလာမ္မာခါခ်က္ဗ္က အႏိုင္ရရွိကာ ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
အစၥလာမ္မာခါခ်က္ဗ္သည္ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလက UFC ဝယ္တာဝိတ္တန္းခ်န္ပီယံခါးပတ္ကို စတင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံခါးပတ္ကိုထိန္းထားႏိုင္ခဲ့ၿပီး လက္ရွိ မာခ်ာဒိုဂယ္ရီႏွင့္ယွဥ္ၿပိဳင္သည့္ပြဲစဥ္ တြင္ ဒိုင္မွတ္ျဖင့္အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ အစၥလာမ္မာခါခ်က္ဗ္သည္ ၁၇ ပြဲ ဆက္ႏိုင္ပြဲရရွိခဲ့ျခင္းျဖစ္သည့္ အတြက္ UFC ၿပိဳင္ပြဲတြင္ ၁၆ ပြဲဆက္ႏိုင္ပြဲရရွိၿပီး ႏိုင္ပြဲဆက္မႈအမ်ားဆုံးအျဖစ္ရပ္တည္ေနသည့္ ဘရာဇီး ဖိုက္တာအန္ဒါဆန္ေဆးဗားလ္အား ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
_Ref: UFC.com
မာချာဒိုဂယ်ရီအား ဒိုင်မှတ်ဖြင့်အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ကာကွယ်ပြလိုက်တဲ့ မာခါချက်ဗ်
=========================
အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် UFC 330 ပြိုင်ပွဲ တွင် UFC ဝယ်တာဝိတ်တန်း ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည့် လက်ရှိချန်ပီယံ အစ္စလာမ်မာခါချက်ဗ်နှင့် စိန်ခေါ်သူ မာချာဒိုဂယ်ရီတို့ပွဲစဉ်တွင် အစ္စလာမ်မာခါချက်ဗ်က ဒိုင်မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ပထမအချီကတည်းက အစ္စလာမ်မာခါချက်ဗ်က ချုပ်ကွက်များဖြင့်ထိန်းချုပ်ကာ မာချာဒိုဂယ်ရီအား ဖိအားပေးနိုင်ခဲ့သော်လည်း မာချာဒိုဂယ်ရီက အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး တတိယအချီတွင် မာချာဒိုဂယ်ရီက ထိရောက်သည့် လက်သီးချက်များဖြင့် တုံ့ပြန်နိုင်ခဲ့သော်လည်း စတုတ္ထအချီနှင့်နောက်ဆုံးအချီတို့တွင် အစ္စလာမ်မာခါချက်ဗ်က ချုပ်ကွက်များဖြင့် ပွဲကိုအဆုံးသတ်ရန် ကြိုးပမ်းခဲ့မှုကြောင့် မာချာဒိုဂယ်ရီအနေဖြင့် ခက်ခက်ခဲခဲတုံ့ပြန်ကစားခဲ့ရပြီး ပွဲအပြီးတွင် ဒိုင်မှတ်ဖြင့် လက်ရှိချန်ပီယံ အစ္စလာမ်မာခါချက်ဗ်က အနိုင်ရရှိကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အစ္စလာမ်မာခါချက်ဗ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက UFC ဝယ်တာဝိတ်တန်းချန်ပီယံခါးပတ်ကို စတင်ရရှိခဲ့ပြီးနောက် ချန်ပီယံခါးပတ်ကိုထိန်းထားနိုင်ခဲ့ပြီး လက်ရှိ မာချာဒိုဂယ်ရီနှင့်ယှဉ်ပြိုင်သည့်ပွဲစဉ် တွင် ဒိုင်မှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်မာခါချက်ဗ်သည် ၁၇ ပွဲ ဆက်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည့် အတွက် UFC ပြိုင်ပွဲတွင် ၁၆ ပွဲဆက်နိုင်ပွဲရရှိပြီး နိုင်ပွဲဆက်မှုအများဆုံးအဖြစ်ရပ်တည်နေသည့် ဘရာဇီး ဖိုက်တာအန်ဒါဆန်ဆေးဗားလ်အား ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
_Ref: UFC.com




