‎ေအာင္လံၿမိဳ႕နယ္ ျပည္‌ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ေ႐ြးခ်ယ္ တင္ေျမႇာက္ပြဲ က်င္းပ

‎ေအာင္လံၿမိဳ႕နယ္ ျပည္‌ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ေ႐ြးခ်ယ္ တင္ေျမႇာက္ပြဲ က်င္းပ
‎=======================
‎ေအာင္လံၿမိဳနယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ၿမိဳနယ္ေကာ္မတီဝင္မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ေရးအစည္းအေဝးကို ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၁၆ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ေအာင္လံၿမိဳနယ္ ျပည္‌ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။

‎အဆိုပါအစည္းအေဝးတြင္ သဘာပတိအျဖစ္ ပါတီတြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္က ေဆာင္႐ြက္ၿပီး ဗဟိုေကာ္မတီဝင္ ဦးေအးႏိုင္၊ ခ႐ိုင္ပါတီဥကၠ႒ ဦးစန္းလြင္၊ ခ႐ိုင္ပါတီ ေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ဦးေက်ာ္ေက်ာ္ႏွင့္ ဦးျမင့္ေဆြတို႔က တက္ေရာက္ခဲ့ၾကသည္။

‎အစည္းအေဝးတြင္ ပါတီ၏ လမ္းၫႊန္ခ်က္မ်ားႏွင့္ သတ္မွတ္ထားသည့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အစီအစဥ္မ်ားကို ေဆြးေႏြးေဆာင္႐ြက္ခဲ့ၾကၿပီး ေအာင္လံၿမိဳနယ္ပါတီ၏ ေရွ႕ဆက္လုပ္ငန္းမ်ားကို ထိေရာက္စြာ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ၿမိဳနယ္ပါတီေကာ္မတီ ဖြဲ႕စည္းေရးကို ေဆာင္႐ြက္ခဲ့ၾကသည္။

‎ထို႔ေနာက္ ၿမိဳနယ္ပါတီေကာ္မတီ ဥကၠ႒၊ အတြင္းေရးမႉး၊ ဘ႑ာေရးမႉးတိုအပါအဝင္ ေကာ္မတီဝင္မ်ားႏွင့္ အရန္ေကာ္မတီဝင္မ်ားအား သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ၾကသည္။

‎ယင္းအစည္းအေဝးသည္ ေအာင္လံၿမိဳနယ္အတြင္း ပါတီ၏ စည္း႐ုံးေရး၊ စီမံခန႔္ခြဲေရးႏွင့္ ေရွ႕ဆက္လုပ္ငန္းမ်ားကို ပိုမိုစနစ္တက် ေဆာင္႐ြက္ႏိုင္ရန္အတြက္ ျပဳလုပ္က်င္းပျခင္းျဖစ္သည္။


‎အောင်လံမြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ကော်မတီဝင်များ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ
‎=======================
‎အောင်လံမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြိုနယ်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ရေးအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အောင်လံမြိုနယ် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

‎အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်က ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ဦးအေးနိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်ကျော်နှင့် ဦးမြင့်ဆွေတို့က တက်ရောက်ခဲ့ကြသည်။

‎အစည်းအဝေးတွင် ပါတီ၏ လမ်းညွှန်ချက်များနှင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး အောင်လံမြိုနယ်ပါတီ၏ ရှေ့ဆက်လုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြိုနယ်ပါတီကော်မတီ ဖွဲ့စည်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

‎ထို့နောက် မြိုနယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတိုအပါအဝင် ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များအား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

‎ယင်းအစည်းအဝေးသည် အောင်လံမြိုနယ်အတွင်း ပါတီ၏ စည်းရုံးရေး၊ စီမံခန့်ခွဲရေးနှင့် ရှေ့ဆက်လုပ်ငန်းများကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ကျင်းပခြင်းဖြစ်သည်။