
=======================


ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လွတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း တက်ရောက်
=======================
ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လွတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို (၁၅.၈.၂၀၂၆)နေ့လည် (၁၁း၄၀)နာရီတွင် မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်တို့က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားအား နေ့လည် (၁၂း၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်အင်အားမှာ (၉၀)ဦး ဖြစ်ပါသည်။