ၾကက္သြန္နီေဈး ယခင္ႏွစ္ထက္ ဆယ္ဆခန႔္ျမင့္တက္ေန

ၾကက္သြန္နီေဈး ယခင္ႏွစ္ထက္ ဆယ္ဆခန႔္ျမင့္တက္ေန
================
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕မွာ အေျခခံစားေသာက္ကုန္တစ္မ်ိဳးျဖစ္တဲ့ ၾကက္သြန္နီ လက္လီေဈးဟာ တစ္ပိႆာကို က်ပ္ ၅၀၀၀ေက်ာ္ကေန က်ပ္ ၆၀၀၀ေက်ာ္အထိ ရွိၿပီး အရင္ႏွစ္ကထက္ ဆယ္ဆခန႔္ ေဈးျမင့္တက္ေနတယ္လို႔ ၾကက္သြန္နီကုန္သည္တခ်ိဳ႕ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။
အရင္ႏွစ္က ေဈးမရခဲ့တာေၾကာင့္ ေတာင္သူေတြအေနနဲ႔ အခုႏွစ္မွာ ၾကက္သြန္အစိုက္နည္းၿပီး အထြက္ႏႈန္းပါ နည္းသြားတာေၾကာင့္ ၾကက္သြန္ေဈးျမင့္တက္ေနတာျဖစ္တယ္လို႔ သုံးသပ္ၾကပါတယ္။
ဒါ့အျပင္ စိုက္ပ်ိဳးထုတ္လုပ္မႈ ကုန္က်စရိတ္နဲ႔ သယ္ယူပို႔ေဆာင္ေရးစရိတ္ေတြ ျမင့္တက္လာတာကလည္း ၾကက္သြန္ေဈးျမင့္တက္ရတဲ့အေၾကာင္းရင္းေတြထဲက တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။
ေဈးကြက္အဝင္နည္းေနဦးမယ္ဆိုရင္ ၾကက္သြန္ေဈးကလည္း ထပ္တက္လာႏိုင္ဖြယ္ရွိတယ္လို႔ ကုန္သည္ေတြက ခန႔္မွန္းထားၾကပါတယ္။ #one
ကြက်သွန်နီဈေး ယခင်နှစ်ထက် ဆယ်ဆခန့်မြင့်တက်နေ
================
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ကြက်သွန်နီ လက်လီဈေးဟာ တစ်ပိဿာကို ကျပ် ၅၀၀၀ကျော်ကနေ ကျပ် ၆၀၀၀ကျော်အထိ ရှိပြီး အရင်နှစ်ကထက် ဆယ်ဆခန့် ဈေးမြင့်တက်နေတယ်လို့ ကြက်သွန်နီကုန်သည်တချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အရင်နှစ်က ဈေးမရခဲ့တာကြောင့် တောင်သူတွေအနေနဲ့ အခုနှစ်မှာ ကြက်သွန်အစိုက်နည်းပြီး အထွက်နှုန်းပါ နည်းသွားတာကြောင့် ကြက်သွန်ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကလည်း ကြက်သွန်ဈေးမြင့်တက်ရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးကွက်အဝင်နည်းနေဦးမယ်ဆိုရင် ကြက်သွန်ဈေးကလည်း ထပ်တက်လာနိုင်ဖွယ်ရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ #one



