UFC ရဲ႕တစ္ႏွစ္တာအေကာင္းဆုံး တိုးတက္မႈရွိဆုံး ကစားသမားဆုကို ရရွိသြားတဲ့ ဗန်

UFC ရဲ႕တစ္ႏွစ္တာအေကာင္းဆုံး တိုးတက္မႈရွိဆုံး ကစားသမားဆုကို ရရွိသြားတဲ့ ဗန်

==================

UFC Flyweight ခ်န္ပီယံ ေဂ်ာ့ရႈဝါ ဗန္ကေတာ့ ၂၀၂၆ ခုႏွစ္ရဲ႕တစ္ႏွစ္တာအတြင္း အရွိန္ အဟုန္ေကာင္းေကာင္းနဲ႕ ထိုးေဖာက္တိုးတက္လာတဲ့ ကစားသမား ဖိုက္တာဆု ရရွိသြားျပန္ပါၿပီ။ အေမရိကန္နိုင္ငံ၊ လက္ဗီးဂတ္စ္ၿမိဳ႕မွာ ဇူလိုင္ ၈ ရက္က ျပဳလုပ္တဲ့ ၁၇ ႀကိမ္ေျမာက္ ကမၻာ့ MMA ႏွစ္ပတ္လည္ဆုေပးပြဲမွာ ေဂ်ာ့ရႈဝါ ဗန္ကိုယ္တိုင္ ဆု တက္ယူခဲ့ပါတယ္။ ဒီဆုရရွိတဲ့အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္ လို႔ ေဂ်ာ့ရႈဝါ ဗန္က ဆုတက္ယူခ်ိန္မွာ ေက်းဇူးတင္စကားကို ခပ္တိုတိုပဲ ေျပာသြားပါတယ္။ စင္ေပၚမွာလည္း သူ႕ရဲ႕အဖြဲ႕ကို ေက်းဇူးတင္ေၾကာင္းေျပာခဲ့တဲ့ခ်င္းဖိုက္တာဟာ သူ႕ရဲ႕လူမႈကြန္ရက္ အင္စတာဂရမ္မွာလည္း အဖြဲ႕လိုက္ညီၫြတ္လို႔ အိမ္မက္ေတြ အေကာင္အထည္ေပၚလာတာလို႔ ေျပာထားပါတယ္။


 

UFC ရဲ့တစ်နှစ်တာအကောင်းဆုံး တိုးတက်မှုရှိဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ဗန်

==================

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်ကတော့ ၂၀၂၆ ခုနှစ်ရဲ့တစ်နှစ်တာအတွင်း အရှိန် အဟုန်ကောင်းကောင်းနဲ့ ထိုးဖောက်တိုးတက်လာတဲ့ ကစားသမား ဖိုက်တာဆု ရရှိသွားပြန်ပါပြီ။ အမေရိကန်နိုင်ငံ၊ လက်ဗီးဂတ်စ်မြို့မှာ ဇူလိုင် ၈ ရက်က ပြုလုပ်တဲ့ ၁၇ ကြိမ်မြောက် ကမ္ဘာ့ MMA နှစ်ပတ်လည်ဆုပေးပွဲမှာ ဂျော့ရှုဝါ ဗန်ကိုယ်တိုင် ဆု တက်ယူခဲ့ပါတယ်။ ဒီဆုရရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် လို့ ဂျော့ရှုဝါ ဗန်က ဆုတက်ယူချိန်မှာ ကျေးဇူးတင်စကားကို ခပ်တိုတိုပဲ ပြောသွားပါတယ်။ စင်ပေါ်မှာလည်း သူ့ရဲ့အဖွဲ့ကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ချင်းဖိုက်တာဟာ သူ့ရဲ့လူမှုကွန်ရက် အင်စတာဂရမ်မှာလည်း အဖွဲ့လိုက်ညီညွတ်လို့ အိမ်မက်တွေ အကောင်အထည်ပေါ်လာတာလို့ ပြောထားပါတယ်။