===============
၂၀၂၆ မေလ ၂၅ ရက်
ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ပါတီဗဟိုအလုပ်ဆောင်အစည်းအဝေး(၂/၂၀၂၆) ထပ်ဆင့်ရှင်းလင်း
===============
၂၀၂၆ မေလ ၂၅ ရက်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအစည်းအဝေးခမ်းမ၌ပြုလုပ်ပါသည်၊အစည်းအဝေးကို နံနက် ၁၀း၀၀နါရီတှငျစတငျခဲ့ပွီးဗဟိုပါတီအတှငျးရေးမှုးဒေါကျတာသနျးထှနျး က အဖွင့်အမှာစကားပြောကြားအရာ ပါတီရည်မှန်းချက်တာဝန်၊ပါတီရေရှည်တည်တံခိုင်မြဲရေးဆောင်ရွက်မည့်အစီအစဥ်များ၊ရှေ့လုပ်ငန်းစဥ်များ၊ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများ၊ပါတီ၏ဖွဲ့စည်းပုံစည်းမျဥ်းပြင်ဆင်ထားရှိမှု့ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားပါသည်၊ ပြည်သူလူထုအတွက်အထောက်အပံအနေဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊လွှတ်တော်၊ပါတီ၊ပြည်သူပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်ပြည်သူလိုအပ်ချက်များကိုလွှတ်တော်များတွင်တင်ပြခြင်းဖြင့် လွှတ်တော်၊ပါတီ၊ပြည်သူအားလုံးအကျိုးရှိပြီးပီပီပြင်ပြင်ဖြစ်အောင်ဆောင်ရွက်ဖို့လိုကြောင်းလွှတ်တော်ကိုယ်စားလှယ်များသည်ပြည်သူအားစည်းရုံးရန်တာဝန်ရှိပြီးမိမိတို့၏စည်းရုံးရေးမှုးများသည်ပါတီ အားအထောက်အပံ့ပေးရန်ဖြစ်ကြောင်း၊မိမိတို့အနေဖြင့်ဥပဒေ၏အကာအကွယ်အောက်တွင်ပြည်သူအားလုံးလုံခြုံရန်အရေးကြီးကြောင်း၊ဥပဒေတောင့်တင်းပြီးတရားဥပဒေစိုးမိုး၍ရပ်ရွာအေးချမ်းသာယာဖို့လိုကြောင်း၊လွှတ်တော်သည်အစိုးရနှင့်ပြည်သူကြားဆက်သွယ်ပေးတဲ့ပေါင်းကူးဖြစ်၍ပြည်သူ၏ဆန္ဒကိုဖော်ထုတ်ရန်လိုကြောင်း၊မြန်မာနိုင်ငံရှိသ၍ပြည်ခိုင်ဖြိုးပါတီရှိရမည်၊၊ပါတီ၏ရည်မှန်းချက်ကိုစဥ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲများတွင်အနိုင်ရရန် ရေတိုရည်မှန်းချက်များကိုလည်းဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားကာ ဆက်လက်၍တိုင်းပါတီဥက္ကဌဦးသိန်းထွန်းမှမကြာခင်ပြုလုပ်ကြမည့်ပါတီတွင်းပြန်လည်စုဖွဲ့မှု့သည်အရေးကြီးသဖြင့်သေသေခြာခြာအောက်ခြေမှစ၍စံနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊တိုင်းအနေဖြင့်လွှတ်တော်၊ပါတီလက်တွဲညီညီဆောင်ရွက်လျက်ရှိကြောင်း၊ပြန်လည်ဖွဲ့စည်းမှု့များကိုအချိန်နှင့်တပြေးညီမှန်ကန်မြန်ဆန်စေရေးအားလုံးတွင်တာဝန်ရှိပါကြောင်း၊ပါတီဖွဲစည်းပုံစည်းမျဥ်းအားဆွေးနွေးခြင်းတက်ရောက်လာ သောလွှတ်တော်ကိုယ်စားလှယ်များ၊ပါတီခြင်းတက်ရောက်လာ သောလွှတ်တော်ကိုယ်စားလှယ်များ၊ပါတီမှတာဝန်ရှိသူများမှဆွေးနွေးချက်များကိုပြန်ဆွေးနွေးခဲ့သည်အစည်းအဝေးသို့ ၁၀၃ ဦးတက်ရောက်ခဲ့သည်၊ နေ့လည် ၁၃း၃၀ နာရီတွင်အစည်းအဝေးပြီးကြောင်း သတင်းရရှိပါသည်။