ဧရာဝတီတိုင္းျပည္ခိုင္ၿဖိဳးပါတီ ပါတီဗဟိုအလုပ္ေဆာင္အစည္းအေဝး(၂/၂၀၂၆) ထပ္ဆင့္ခ်ျပရွင္းလင္း

ဧရာဝတီတိုင္းျပည္ခိုင္ၿဖိဳးပါတီ ပါတီဗဟိုအလုပ္ေဆာင္အစည္းအေဝး(၂/၂၀၂၆) ထပ္ဆင့္ခ်ျပရွင္းလင္း
===============
၂၀၂၆ခုႏွစ္ ေမလ၂၅ရက္ ၁၄ ၀၀အခ်ိန္ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ႐ုံးခန္းတြင္ က်င္းပျပဳလုပ္ေသာ ၂/၂၀၂၆ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးလမ္းၫြန္မွာၾကားခ်က္မ်ား ထပ္ဆင့္ခ်ျပရွင္းလင္းျခင္းအခမ္းအနားအား ဧရာဝတီတိုင္းေဒသႀကီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းက ဦးေဆာင္က်င္းပခဲ့ ၿပီးအခမ္းအနားသို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဦး၊ ခ႐ိုင္ဥကၠ႒၊ အတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ ယာယီ ဥကၠ႒၊ ယာယီအတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၿပီး အခမ္းအနားအား ၁၅ ၃၀အခ်ိန္တြင္ ၿပီးဆုံးေၾကာင္း သိရွိရပါသည္။
ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ပါတီဗဟိုအလုပ်ဆောင်အစည်းအဝေး(၂/၂၀၂၆) ထပ်ဆင့်ချပြရှင်းလင်း
===============
၂၀၂၆ခုနှစ် မေလ၂၅ရက် ၁၄ ၀၀အချိန် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးခန်းတွင် ကျင်းပပြုလုပ်သော ၂/၂၀၂၆ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးလမ်းညွန်မှာကြားချက်များ ထပ်ဆင့်ချပြရှင်းလင်းခြင်းအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ဦးဆောင်ကျင်းပခဲ့ ပြီးအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ် ယာယီ ဥက္ကဋ္ဌ၊ ယာယီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားအား ၁၅ ၃၀အချိန်တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။




