စီေရာ္နယ္ဒို ေဆာ္ဒီပ႐ိုလိဂ္တြင္ ပထမဆုံးခ်န္ပီယံဆုဖလား ဆြတ္ခူး

စီေရာ္နယ္ဒို ေဆာ္ဒီပ႐ိုလိဂ္တြင္ ပထမဆုံးခ်န္ပီယံဆုဖလား ဆြတ္ခူး
======================
ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ေဆာ္ဒီပ႐ိုလိဂ္ေနာက္ဆုံးပြဲစဥ္မွာ ဒါးမက္အသင္းကို (၄-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ၂၀၂၅-၂၆ ရာသီ ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ပါတယ္။

အယ္လ္နာဆာအသင္းက ဒုတိယေနရာက အယ္လ္ဟီလာအသင္းကို (၂)မွတ္ျဖတ္ကာ ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာျဖစ္ၿပီး ရႈးနိမ့္ခဲ့တဲ့ ဒါးမက္အသင္းကေတာ့ တန္းဆင္းသြားခဲ့ရပါတယ္။

ေနာက္ဆုံးအဆုံးအျဖတ္ပြဲမွာ အယ္လ္နာဆာအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုက သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ ေျခစြမ္းျပခဲ့ၿပီး အယ္လ္နာဆာကစားသမားဘဝမွာ ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုနဲ႔ ပထမဆုံးေသာ ေမဂ်ာဖလား ရယူႏိုင္ခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၂၀၂၃ ဇန္နဝါရီကတည္းက အယ္လ္နာဆာအသင္းကို ေရာက္ရွိခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ (၃)ရာသီအတြင္း အာရပ္ကလပ္ခ်န္ပီယံဖလား တစ္ခုသာ ရယူႏိုင္ခဲ့တဲ့အတြက္ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

အခုေတာ့ ေဆာ္ဒီလိဂ္ရဲ႕ အျမင့္ဆုံးအမွတ္ေပးခ်န္ပီယံဆု ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး အယ္လ္နာဆာအသင္းအတြက္ေတာ့ (၁၁)ႀကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံဆုျဖစ္ေၾကာင္း သိရပါတယ္။

အယ္လ္နာဆာအသင္း ဆုဖလားနဲ႔အတူ ေအာင္ပြဲခံခ်ိန္မွာ စီေရာ္နယ္လ္ဒိုရဲ႕ မိသားစုလည္း ဝင္ေရာက္ဆင္ႏႊခဲ့ေၾကာင္း သိရပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီေဆာ္ဒီပ႐ိုလိဂ္မွာ (၂၈)ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ ဂိုးသြင္းဘုရင္ဆုနဲ႔ေတာ့ လြဲေခ်ာ္ခဲ့ၿပီး အယ္လ္ကတ္ဆီယာတိုက္စစ္မႉး ဂ်ဴလီယန္ကြီႏိုနက္စ္က (၃၃)ဂိုးနဲ႔ ရရွိသြားခဲ့ပါတယ္။ #Eleven


စီရော်နယ်ဒို ဆော်ဒီပရိုလိဂ်တွင် ပထမဆုံးချန်ပီယံဆုဖလား ဆွတ်ခူး
======================
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ဒီပရိုလိဂ်နောက်ဆုံးပွဲစဉ်မှာ ဒါးမက်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။

အယ်လ်နာဆာအသင်းက ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို (၂)မှတ်ဖြတ်ကာ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပြီး ရှုးနိမ့်ခဲ့တဲ့ ဒါးမက်အသင်းကတော့ တန်းဆင်းသွားခဲ့ရပါတယ်။

နောက်ဆုံးအဆုံးအဖြတ်ပွဲမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက သွင်းဂိုးနှစ်ဂိုးနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အယ်လ်နာဆာကစားသမားဘဝမှာ ပထမဆုံးအမှတ်ပေးချန်ပီယံဆုနဲ့ ပထမဆုံးသော မေဂျာဖလား ရယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၂၃ ဇန်နဝါရီကတည်းက အယ်လ်နာဆာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ (၃)ရာသီအတွင်း အာရပ်ကလပ်ချန်ပီယံဖလား တစ်ခုသာ ရယူနိုင်ခဲ့တဲ့အတွက် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုတော့ ဆော်ဒီလိဂ်ရဲ့ အမြင့်ဆုံးအမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက်တော့ (၁၁)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုဖြစ်ကြောင်း သိရပါတယ်။

အယ်လ်နာဆာအသင်း ဆုဖလားနဲ့အတူ အောင်ပွဲခံချိန်မှာ စီရော်နယ်လ်ဒိုရဲ့ မိသားစုလည်း ဝင်ရောက်ဆင်နွှခဲ့ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီရာသီဆော်ဒီပရိုလိဂ်မှာ (၂၈)ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဂိုးသွင်းဘုရင်ဆုနဲ့တော့ လွဲချော်ခဲ့ပြီး အယ်လ်ကတ်ဆီယာတိုက်စစ်မှူး ဂျူလီယန်ကွီနိုနက်စ်က (၃၃)ဂိုးနဲ့ ရရှိသွားခဲ့ပါတယ်။ #Eleven