လက္ရွိအေျခအေနအတိုင္း ဆက္သြားပါက ဂါဇာေဒသသည္ ျပန္လည္ထူေထာင္ခြင့္မရဘဲ အၿမဲတမ္းအုပ္စုကြဲသြားႏိုင္ေၾကာင္း ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သံတမန္ သတိေပး

လက္ရွိအေျခအေနအတိုင္း ဆက္သြားပါက ဂါဇာေဒသသည္ ျပန္လည္ထူေထာင္ခြင့္မရဘဲ အၿမဲတမ္းအုပ္စုကြဲသြားႏိုင္ေၾကာင္း ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သံတမန္ သတိေပး
=========================
ေမ ၂၂

​​​​အေမရိကန္ျပည္ေထာင္စုက ဦးေဆာင္ဖြဲ႕စည္းထားသည့္ ဂါဇာေဒသဆိုင္ရာ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ (Board of Peace)၏ အဆင့္ျမင့္ကိုယ္စားလွယ္ နစ္ကိုလိုင္း မလာဒီေနာ့ဗ္ (Nickolay Mladenov) က ပ်က္စီးယိုယြင္းေနသည့္ ဂါဇာကမ္းေျမာင္ ေဒသ၏ လက္ရွိအေျခအေနမွာ ပိုမိုဆိုး႐ြားလာေနၿပီး ယခုအတိုင္း ဆက္သြားပါက “အၿမဲတမ္း” အုပ္စုကြဲျပားပ်က္စီးသြားမည့္ အႏၲရာယ္ရွိေနေၾကာင္း ကုလသမဂၢတြင္ သတိေပးေျပာၾကားလိုက္သည္။

ၾကာသပေတးေန႔က ျပဳလုပ္သည့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ(UNSC) အစည္းအေဝး၌ ဘူေဂးရီးယား သံတမန္ေဟာင္း မလာဒီေနာ့ဗ္က အစၥေရးႏွင့္ ဟားမတ္စ္တို႔အၾကား ေရရွည္တည္တံ့ေသာ အပစ္အခတ္ရပ္စဲေရးကို အေကာင္ အထည္ေဖာ္ရန္အတြက္ ႏွစ္ဖက္စလုံးက လိုက္နာရမည့္ လမ္းျပေျမပုံတစ္ခုကို တင္ျပခဲ့သည္။ ၎က ဟားမတ္စ္အဖြဲ႕ လက္နက္စြန႔္လႊတ္လာေစရန္ လုံၿခဳံေရးေကာင္စီ၏ နည္းလမ္းေပါင္းစုံကို အသုံးျပဳ၍ ဖိအားေပးရန္ တိုက္တြန္းခဲ့သလို၊ အစၥေရးအေနျဖင့္လည္း ၂၀၂၅ ခုႏွစ္ ေအာက္တို ဘာလက သေဘာတူညီခဲ့သည့္ အပစ္အခတ္ရပ္စဲေရး ကတိကဝတ္မ်ားကို လိုက္နာရမည္ျဖစ္ ေၾကာင္း အေလးအနက္ ေျပာၾကားခဲ့သည္။

၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္တြင္ ဟားမတ္စ္တို႔က အစၥေရးေတာင္ပိုင္းကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးက ဆင္ႏႊဲခဲ့သည့္ စစ္ပြဲသည္ ၂၀၂၅ ခုႏွစ္ ေအာက္ တိုဘာလတြင္မွ အပစ္အခတ္ရပ္စဲေရး ရရွိခဲ့သည္။ အဆိုပါ စစ္ပြဲအတြင္း ပါလက္စတိုင္းျပည္သူ ၇၂,၇၇၅ ဦးထက္မက ေသဆုံးခဲ့ရသည္။ အပစ္အခတ္ရပ္စဲၿပီးေနာက္ပိုင္း အစၥေရးစစ္တပ္က တင္းက်ပ္ေသာ လုံၿခဳံေရးစနစ္ျဖင့္ ဂါဇာ၏ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ဆက္လက္ထိန္းခ်ဳပ္ထားဆဲျဖစ္ၿပီး ၿပီးခဲ့သည့္ ၇ လအတြင္းမွာပင္ ေနာက္ ထပ္လူေပါင္းရာခ်ီ ေသဆုံးခဲ့ရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္လက အေမရိကန္-အစၥေရး မဟာမိတ္အဖြဲ႕ႏွင့္ အီရန္တို႔အၾကား စစ္ပြဲအတြင္း အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ၿပီးေနာက္ပိုင္း ဂါဇာေဒသအေပၚ အစၥေရး၏ ဗုံးႀကဲတိုက္ခိုက္မႈမ်ားႏွင့္ ေဂ်ာ္ဒန္ျမစ္အေနာက္ဘက္ကမ္း (West Bank) အတြင္း စီးနင္းမႈမ်ား ပိုမိုျမန္ဆန္လာေၾကာင္း ပဋိပကၡေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ားက ေထာက္ျပထားသည္။ ၾကာသပေတးေန႔ကလည္း ဂါဇာအလယ္ပိုင္း ဒီရ္အယ္လ္ဘာလာၿမိဳ႕ အေရွ႕ဘက္တြင္ အစၥေရး၏ ဒ႐ုန္းျဖင့္ တိုက္ ခိုက္မႈေၾကာင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး ထပ္မံေသဆုံးခဲ့သည္။

မလာဒီေနာ့ဗ္က လက္ရွိအေျခအေနကို ႏွစ္ဖက္စလုံးက အေရးယူေဆာင္႐ြက္ျခင္းမရွိဘဲ လ်စ္လ်ဴရႈထားပါက ျဖစ္လာမည့္ အႏၲရာယ္ႏွင့္ ပတ္သက္၍ “အႏၲရာယ္ကေတာ့ ဆိုး႐ြားလာေနတဲ့ လက္ရွိအေျခအေနဟာ အၿမဲတမ္းပုံစံမ်ိဳး ျဖစ္သြားဖို႔ပါပဲ။ ဂါဇာဟာ အုပ္စုကြဲသြားၿပီး နယ္ေျမရဲ႕ ထက္ဝက္ေက်ာ္ေအာက္သာရွိတဲ့ ေနရာမွာ လူဦးေရ ၂ သန္းေက်ာ္ကို ဟားမတ္စ္က စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းအရ ဆက္လက္ထိန္းခ်ဳပ္ထားတဲ့ ပုံစံမ်ိဳး ျဖစ္သြားႏိုင္ပါတယ္” ဟု ဆိုသည္။

၎က ဆက္လက္၍ “အဲဒီေဒသက ျပည္သူေတြဟာ အပ်က္ အစီးပုံေတြၾကားထဲမွာပဲ ဆက္လက္ပိတ္မိေနမွာျဖစ္ၿပီး ျပန္ လည္ထူေထာင္ေရးအတြက္ အဓိပၸာယ္ရွိတဲ့ လုပ္ငန္းေတြမရွိဘဲ ကူညီေထာက္ပံ့မႈေတြအေပၚမွာပဲ မွီခိုေနရပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္နက္ေတြ မစြန႔္လႊတ္သေ႐ြ႕ ျပန္လည္ထူေထာင္ေရးအတြက္ ေငြေၾကးပံ့ပိုးမႈေတြ ေရာက္လာမွာမဟုတ္လို႔ပါပဲ။ ဒါရဲ႕ရလဒ္က ေနာက္ထပ္ မ်ိဳးဆက္သစ္တစ္ခုဟာ တဲအိမ္ေတြထဲမွာ၊ ေၾကာက္႐ြံ႕တုန္လႈပ္မႈေတြၾကားမွာ ႀကီးျပင္းလာရမွာျဖစ္ၿပီး ေမွ်ာ္လင့္ ခ်က္ကင္းမဲ့မႈကလြဲလို႔ ဘာမွမခံစားရေတာ့တဲ့ အေျခ အေနမ်ိဳး ျဖစ္လာပါလိမ့္မယ္” ဟု သတိေပးခဲ့သည္။


လက်ရှိအခြေအနေအတိုင်း ဆက်သွားပါက ဂါဇာဒေသသည် ပြန်လည်ထူထောင်ခွင့်မရဘဲ အမြဲတမ်းအုပ်စုကွဲသွားနိုင်ကြောင်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့သံတမန် သတိပေး
=========================
မေ ၂၂

​​​​အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဖွဲ့စည်းထားသည့် ဂါဇာဒေသဆိုင်ရာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace)၏ အဆင့်မြင့်ကိုယ်စားလှယ် နစ်ကိုလိုင်း မလာဒီနော့ဗ် (Nickolay Mladenov) က ပျက်စီးယိုယွင်းနေသည့် ဂါဇာကမ်းမြောင် ဒေသ၏ လက်ရှိအခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ယခုအတိုင်း ဆက်သွားပါက “အမြဲတမ်း” အုပ်စုကွဲပြားပျက်စီးသွားမည့် အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂတွင် သတိပေးပြောကြားလိုက်သည်။

ကြာသပတေးနေ့က ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) အစည်းအဝေး၌ ဘူဂေးရီးယား သံတမန်ဟောင်း မလာဒီနော့ဗ်က အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို အကောင် အထည်ဖော်ရန်အတွက် နှစ်ဖက်စလုံးက လိုက်နာရမည့် လမ်းပြမြေပုံတစ်ခုကို တင်ပြခဲ့သည်။ ၎င်းက ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်လာစေရန် လုံခြုံရေးကောင်စီ၏ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ဖိအားပေးရန် တိုက်တွန်းခဲ့သလို၊ အစ္စရေးအနေဖြင့်လည်း ၂၀၂၅ ခုနှစ် အောက်တို ဘာလက သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို လိုက်နာရမည်ဖြစ် ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်တို့က အစ္စရေးတောင်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ဆင်နွှဲခဲ့သည့် စစ်ပွဲသည် ၂၀၂၅ ခုနှစ် အောက် တိုဘာလတွင်မှ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သည်။ အဆိုပါ စစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၇၂,၇၇၅ ဦးထက်မက သေဆုံးခဲ့ရသည်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစ္စရေးစစ်တပ်က တင်းကျပ်သော လုံခြုံရေးစနစ်ဖြင့် ဂါဇာ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ပြီးခဲ့သည့် ၇ လအတွင်းမှာပင် နောက် ထပ်လူပေါင်းရာချီ သေဆုံးခဲ့ရသည်။

ထို့ပြင် ပြီးခဲ့သည့်လက အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း (West Bank) အတွင်း စီးနင်းမှုများ ပိုမိုမြန်ဆန်လာကြောင်း ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့များက ထောက်ပြထားသည်။ ကြာသပတေးနေ့ကလည်း ဂါဇာအလယ်ပိုင်း ဒီရ်အယ်လ်ဘာလာမြို့ အရှေ့ဘက်တွင် အစ္စရေး၏ ဒရုန်းဖြင့် တိုက် ခိုက်မှုကြောင့် အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့သည်။

မလာဒီနော့ဗ်က လက်ရှိအခြေအနေကို နှစ်ဖက်စလုံးက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုထားပါက ဖြစ်လာမည့် အန္တရာယ်နှင့် ပတ်သက်၍ “အန္တရာယ်ကတော့ ဆိုးရွားလာနေတဲ့ လက်ရှိအခြေအနေဟာ အမြဲတမ်းပုံစံမျိုး ဖြစ်သွားဖို့ပါပဲ။ ဂါဇာဟာ အုပ်စုကွဲသွားပြီး နယ်မြေရဲ့ ထက်ဝက်ကျော်အောက်သာရှိတဲ့ နေရာမှာ လူဦးရေ ၂ သန်းကျော်ကို ဟားမတ်စ်က စစ်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းအရ ဆက်လက်ထိန်းချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “အဲဒီဒေသက ပြည်သူတွေဟာ အပျက် အစီးပုံတွေကြားထဲမှာပဲ ဆက်လက်ပိတ်မိနေမှာဖြစ်ပြီး ပြန် လည်ထူထောင်ရေးအတွက် အဓိပ္ပာယ်ရှိတဲ့ လုပ်ငန်းတွေမရှိဘဲ ကူညီထောက်ပံ့မှုတွေအပေါ်မှာပဲ မှီခိုနေရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်တွေ မစွန့်လွှတ်သရွေ့ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးပံ့ပိုးမှုတွေ ရောက်လာမှာမဟုတ်လို့ပါပဲ။ ဒါရဲ့ရလဒ်က နောက်ထပ် မျိုးဆက်သစ်တစ်ခုဟာ တဲအိမ်တွေထဲမှာ၊ ကြောက်ရွံ့တုန်လှုပ်မှုတွေကြားမှာ ကြီးပြင်းလာရမှာဖြစ်ပြီး မျှော်လင့် ချက်ကင်းမဲ့မှုကလွဲလို့ ဘာမှမခံစားရတော့တဲ့ အခြေ အနေမျိုး ဖြစ်လာပါလိမ့်မယ်” ဟု သတိပေးခဲ့သည်။