ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ဖုန္းအားသြင္းရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား

ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ဖုန္းအားသြင္းရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား
=====================
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ေတာင္သာအုပ္စု၊ သူေဌးကုန္းေက်း႐ြာသူေဌးကုန္းကြက္သစ္တြင္ မီးေလာင္မႉ႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ည ၁၀နာရီ၁၅မိနစ္အခ်ိန္က သူေဌးကုန္း႐ြာ၊သူေဌးကုန္းကြက္သစ္ရွိ ေဒၚယဥ္ယဥ္ၾကည္၏ ေနအိမ္အေပၚထပ္တြင္ ဖုန္းအားသြင္ရာမွ အားသြင္းႀကိဳးအပူလြန္ကဲ၍ ေပါက္ကြဲခဲ့ၿပီး မီးစတင္ေလာင္ကြၽမ္းခဲ့ရာ လူေနအိမ္ ၂ထပ္ ၆ခန္းတြဲ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
မီးေလာင္သည့္ ေနရာသို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ level1ယာဥ္မ်ားထြက္ခြာၿပီး မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံျပည္သူမ်ား ဝိုင္းဝန္း မီးၿငိမ္းသတ္ခဲ့ရာ ည၁၀နာရီ၄၅မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့သည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ အိမ္ေထာင္စု ၁၃စု၊ လူဦးေရ၄၆ဦး မီးေဘးသင့္ခဲ့ၿပီး အမ်ိဳးသမီး၁ဦး၊အမ်ိဳးသား၁ဦး မီးေလာင္ဒဏ္ရာရွိခဲ့ေၾကာင္း ၊၎လူနာႏွစ္ဦးအား ပ်ဥ္းမနားျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ပျဥ်းမနားမြို့နယ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
=====================
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊ သူဌေးကုန်းကျေးရွာသူဌေးကုန်းကွက်သစ်တွင် မီးလောင်မှူ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၁၀နာရီ၁၅မိနစ်အချိန်က သူဌေးကုန်းရွာ၊သူဌေးကုန်းကွက်သစ်ရှိ ဒေါ်ယဥ်ယဥ်ကြည်၏ နေအိမ်အပေါ်ထပ်တွင် ဖုန်းအားသွင်ရာမှ အားသွင်းကြိုးအပူလွန်ကဲ၍ ပေါက်ကွဲခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၂ထပ် ၆ခန်းတွဲ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်သည့် နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ level1ယာဥ်များထွက်ခွာပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည၁၀နာရီ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၃စု၊ လူဦးရေ၄၆ဦး မီးဘေးသင့်ခဲ့ပြီး အမျိုးသမီး၁ဦး၊အမျိုးသား၁ဦး မီးလောင်ဒဏ်ရာရှိခဲ့ကြောင်း ၊၎င်းလူနာနှစ်ဦးအား ပျဥ်းမနားပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။




