ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အာဆင္နယ္ႏွင့္ ပီအက္စ္ဂ်ီ ေတြ႕ဆုံ

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အာဆင္နယ္ႏွင့္ ပီအက္စ္ဂ်ီ ေတြ႕ဆုံ
==========================
အားကစား ေမ ၇

ဒီေန႔ မနက္အေစာပိုင္းမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ပီအက္စ္ဂ်ီ အသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ တဂိုးစီ သေရက်ခဲ့ေပမဲ့ ပီအက္စ္ဂ်ီအသင္းက ႏွစ္ေက်ာ့ေပါင္းရလဒ္ ၆ ဂိုး ၅ ဂိုးနဲ႔ အႏိုင္ယူၿပီး ဗိုလ္လုပြဲမွာ အာဆင္နယ္နဲ႔ ေတြ႕ဆုံ သြားပါတယ္။ ဒီမနက္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္ အူစမန္ဒမ္ဘီလီက ပြဲစၿပီး ၃ မိနစ္မွာ အဖြင့္ဂိုး သြင္းယူခဲ့တာပါ။ ဘိုင္ယန္အတြက္ ေခ်ပဂိုးကို ပြဲခ်ိန္ ၉၄ မိနစ္က်မွ ဟယ္ရီကိန္းက သြင္းယူခဲ့လို႔ ပြဲအၿပီးမွာ ၁ ဂိုးစီ သေရက်ခဲ့ေပမဲ့ ပီအက္စ္ဂ်ီက ေနာက္တဆင့္ တက္သြားတာ ျဖစ္ပါတယ္။ ဗိုလ္လုပြဲကို ေမလ ၃၀ ရက္ ျမန္မာစံေတာ္ခ်ိန္ည ၁၀:၃၀ နာရီအခ်ိန္တြင္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ေၾကာင္း သိရပါတယ္။


ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်နှင့် ပီအက်စ်ဂျီ တွေ့ဆုံ
==========================
အားကစား မေ ၇

ဒီနေ့ မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပီအက်စ်ဂျီ အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ တဂိုးစီ သရေကျခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းက နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ တွေ့ဆုံ သွားပါတယ်။ ဒီမနက်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အူစမန်ဒမ်ဘီလီက ပွဲစပြီး ၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့တာပါ။ ဘိုင်ယန်အတွက် ချေပဂိုးကို ပွဲချိန် ၉၄ မိနစ်ကျမှ ဟယ်ရီကိန်းက သွင်းယူခဲ့လို့ ပွဲအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပေမဲ့ ပီအက်စ်ဂျီက နောက်တဆင့် တက်သွားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို မေလ ၃၀ ရက် မြန်မာစံတော်ချိန်ည ၁၀:၃၀ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။