ျပည္တြင္းထုတ္ဒီဇယ္ဆီကို ေတာင္သူမ်ားထံ တိုက္႐ိုက္ေရာင္းခ်

ျပည္တြင္းထုတ္ဒီဇယ္ဆီကို ေတာင္သူမ်ားထံ တိုက္႐ိုက္ေရာင္းခ်
======================
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနႏွင့္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔ ပူးေပါင္း၍ ျပည္တြင္းထုတ္ဒီဇယ္ဆီကို ေတာင္သူမ်ားထံ အထူးသက္သာေသာေဈးႏႈန္းျဖင့္ တိုက္႐ိုက္ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

ယင္းအစီအစဥ္အရ ပြင့္ျဖဴၿမိဳ႕နယ္ႏွင့္ နတ္ေမာက္ၿမိဳ႕နယ္တို႔တြင္ ေႏြစပါးႏွင့္ ဆီထြက္သီးႏွံ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ စက္သုံးဆီကို လုပ္ငန္းခြင္အေရာက္ ျဖန႔္ျဖဴးေပးလ်က္ရွိသည္။

ပြင့္ျဖဴၿမိဳ႕နယ္တြင္ စိုက္ဧက ၂၀,၅၆၉ ဧကအတြက္ ဒီဇယ္ဆီ ၂၀,၅၆၉ ဂါလန္ကို ဧကတစ္ဧကလွ်င္ ၁ ဂါလန္ႏႈန္းျဖင့္ ေက်း႐ြာစုရပ္ ၅ ေနရာတြင္ ေတာင္သူမ်ားထံ တိုက္႐ိုက္ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ နတ္ေမာက္ၿမိဳ႕နယ္တြင္လည္း စိုက္ပ်ိဳးရန္က်န္ရွိေသာ ေျမဧက ၄၅ ဧကအတြက္ ဒီဇယ္ဆီ ၄၅ ဂါလန္ကို စရံအိုင္ေက်း႐ြာအုပ္စု စိုက္ပ်ိဳးေရးစုရပ္တြင္ ေတာင္သူမ်ားထံ သက္သာေသာေဈးႏႈန္းျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့သည္။

ဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၅-၂၀၂၆ ေႏြစပါးရာသီအတြင္း ေတာင္သူမ်ား စက္သုံးဆီရရွိမႈ အခက္အခဲေလ်ာ့နည္းေစရန္ ျပည္တြင္းထုတ္ဒီဇယ္ဆီကို ၁ ဂါလန္လွ်င္ က်ပ္ ၁ ေသာင္းႏႈန္းျဖင့္ လုပ္ငန္းခြင္အေရာက္ တိုက္႐ိုက္ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

#ျပန္/ဆက္


ပြည်တွင်းထုတ်ဒီဇယ်ဆီကို တောင်သူများထံ တိုက်ရိုက်ရောင်းချ
======================
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီကို တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းအစီအစဉ်အရ ပွင့်ဖြူမြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင် နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီကို လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်တွင် စိုက်ဧက ၂၀,၅၆၉ ဧကအတွက် ဒီဇယ်ဆီ ၂၀,၅၆၉ ဂါလန်ကို ဧကတစ်ဧကလျှင် ၁ ဂါလန်နှုန်းဖြင့် ကျေးရွာစုရပ် ၅ နေရာတွင် တောင်သူများထံ တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလားတူ နတ်မောက်မြို့နယ်တွင်လည်း စိုက်ပျိုးရန်ကျန်ရှိသော မြေဧက ၄၅ ဧကအတွက် ဒီဇယ်ဆီ ၄၅ ဂါလန်ကို စရံအိုင်ကျေးရွာအုပ်စု စိုက်ပျိုးရေးစုရပ်တွင် တောင်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ နွေစပါးရာသီအတွင်း တောင်သူများ စက်သုံးဆီရရှိမှု အခက်အခဲလျော့နည်းစေရန် ပြည်တွင်းထုတ်ဒီဇယ်ဆီကို ၁ ဂါလန်လျှင် ကျပ် ၁ သောင်းနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

#ပြန်/ဆက်