ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအး မိသားစုက ေပ်ာ္ဘြယ္ၿမိဳ႕ေပၚရပ္ကြက္ (၉)ရပ္ကြက္ကို စတုဒီသာျဖင့္ဂုဏ္ျပဳ

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအး မိသားစုက ေပ်ာ္ဘြယ္ၿမိဳ႕ေပၚရပ္ကြက္ (၉)ရပ္ကြက္ကို စတုဒီသာျဖင့္ဂုဏ္ျပဳ
======================
ေပ်ာ္ဘြယ္ ၊ ဇန္နဝါရီ ၃၁

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးမိသားစုမွ ေပ်ာ္ဘြယ္ၿမိဳ႕ရွိ ၿမိဳ႕ေပၚရပ္ကြက္ (၉)ရပ္ကြက္ကို ေန႔လည္စာထမင္း/ဟင္းျဖင့္ အဟာရဒါနစတုဒီသာကို ဂုဏ္ျပဳေကြၽးေမးခဲ့သည္။

ေပ်ာ္ဘြယ္ၿမိဳ႕ရွိ ျမင္းဘက္ရပ္ကြက္ ၊ၿမိဳ႕မရပ္ကြက္ ၊ ၿမိဳ႕သစ္ရပ္ကြက္ ၊ျပည္သာယာရပ္ကြက္ ၊ ေ႐ႊျပည္ရန္ႏိုင္ရပ္ကြက္ ၊ ေ႐ႊျပည္ရန္လုံရပ္ကြက္ ၊ေ႐ႊျပည္ရန္ေအာင္ရပ္ကြက္၊ ရွမ္းပြဲရပ္ကြက္ႏွင့္ မႏၲေလးတန္းရပ္ကြက္တို႔မွ မိဘျပည္သူမ်ားကို ၂၀၂၆ခုႏွစ္ ဇန္နဝါရီလ ၃၁ရက္ေန႔က ေပ်ာ္ဘြယ္ၿမိဳ႕၊ၿမိဳ႕နယ္ေဘာလုံးကြင္းတြင္ ေန႔လည္စာစတုဒီသာျဖင့္ဂုဏ္ျပဳဧည့္ခံခဲ့ပြီး မဲမ်ားလည္းေဖာက္ေပးခဲ့သည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးသည္ ၂၀၂၅ခုႏွစ္ ဒီဇင္ဘာလ ၂၈ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္အႏိုင္ရရွိခဲ့ကာ ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္မွ ၂၀၂၀ခုႏွစ္အတြင္းက်င္းပခဲ့သည့္ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြက္ ကိုယ္စားျပဳေဆာင္႐ြက္ခဲ့သည့္ လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္သည္။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး မိသားစုက ပျော်ဘွယ်မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်ကို စတုဒီသာဖြင့်ဂုဏ်ပြု
======================
ပျော်ဘွယ် ၊ ဇန်နဝါရီ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမိသားစုမှ ပျော်ဘွယ်မြို့ရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်ကို နေ့လည်စာထမင်း/ဟင်းဖြင့် အဟာရဒါနစတုဒီသာကို ဂုဏ်ပြုကျွေးမေးခဲ့သည်။

ပျော်ဘွယ်မြို့ရှိ မြင်းဘက်ရပ်ကွက် ၊မြို့မရပ်ကွက် ၊ မြို့သစ်ရပ်ကွက် ၊ပြည်သာယာရပ်ကွက် ၊ ရွှေပြည်ရန်နိုင်ရပ်ကွက် ၊ ရွှေပြည်ရန်လုံရပ်ကွက် ၊ရွှေပြည်ရန်အောင်ရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်နှင့် မန္တလေးတန်းရပ်ကွက်တို့မှ မိဘပြည်သူများကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့က ပျော်ဘွယ်မြို့၊မြို့နယ်ဘောလုံးကွင်းတွင် နေ့လည်စာစတုဒီသာဖြင့်ဂုဏ်ပြုဧည့်ခံခဲ့ပွီး မဲများလည်းဖောက်ပေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပျော်ဘွယ်မြို့နယ်တွင်အနိုင်ရရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်းကျင်းပခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပျော်ဘွယ်မြို့နယ်အတွက် ကိုယ်စားပြုဆောင်ရွက်ခဲ့သည့် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။