ဓါတ္ပုံအတုမ်ားကို ျပန္ျပင္ႏိုင္ရန္ ဉာဏ္ရည္တု ကိရိယာကို တီထြင္

ဓါတ္ပုံအတုမ်ားကို ျပန္ျပင္ႏိုင္ရန္ ဉာဏ္ရည္တု ကိရိယာကို တီထြင္
==================
ၾသစေၾတးလ်ႏိုင္ငံ မိုနာ့ရွ္ တကၠသိုလ္မွ သုေတသီမ်ားသည္ ဩစေၾတးလ် ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း၍ ဓါတ္ပုံအတုမ်ားကို ျပန္ျပင္ႏိုင္ရန္ ဉာဏ္ရည္တု ကိရိယာအသစ္ကို တီထြင္လ်က္ရွိသည္။
၎သုေတသီမ်ား၏ အက္ပလီေကးရွင္းအသစ္သည္ ဉာဏ္ရည္တုျဖင့္ ထုတ္လုပ္ထားေသာ ကေလးငယ္မ်ားကို အလြဲသုံးစားျပဳသည့္ ဓါတ္ပုံအတုမ်ားႏွင့္ ဗီဒီယိုအတုမ်ားကို ထုတ္လုပ္သည့္ ရာဇဝတ္ေကာင္မ်ားကို ေလ်ာ့က်ေစၿပီး အဆုံး၌ ရပ္တန႔္ပစ္ႏိုင္မည္ဟု မိုနာ့ရွ္ တကၠသိုလ္၏ တနလၤာေန႔တြင္ထုတ္ျပန္ေသာ ေၾကျငာခ်က္တစ္ခုအရ သိရသည္။
“ေဒတာအဆိပ္ခပ္ျခင္း” ဟု ေခၚေသာ ၎တို႔ တီထြင္လိုက္ေသာ အက္ပလီေကးရွင္းေၾကာင့္ ဉာဏ္ရည္တု ပ႐ိုဂရမ္မ်ားကို အသုံးျပဳ၍ ႐ုပ္ပုံမ်ား သို႔မဟုတ္ ဗီဒီယိုမ်ားကို ထုတ္လုပ္ရန္၊ လိုသလို ျပဳျပင္ရန္ႏွင့္ အလြဲသုံးစားလုပ္ရန္ ႀကိဳးပမ္းမႈမ်ားကို ခက္ခဲေစမည္ဟု ရဲတပ္ဖြဲ႕ ႏွင့္ မိုနာ့ရွ္တကၠသိုလ္တို႔က ပူးေပါင္းေဆာင္႐ြက္ေသာ တရားဥပေဒစိုးမိုးေရးႏွင့္ ရပ္႐ြာလုံၿခဳံေရးအတြက္ ဉာဏ္ရည္တုဌာန၏ ေျပာၾကားခ်က္အရ သိရသည္။
ဉာဏ္ရည္တုႏွင့္ စက္၏သင္ယူမႈကိရိယာမ်ားသည္ ႀကီးမားေသာအြန္လိုင္းေဒတာအတြဲမ်ားကို အားကိုးအားထား ျပဳရသည္ျဖစ္ရာ ဤေဒတာမ်ားကို အဆိပ္ခတ္ျခင္းသည္ ၎တို႔အား မွားယြင္းေသာရလဒ္မ်ားကို ထုတ္ေပးေစသည္သာမက ရာဇဝတ္သားမ်ားက ဖန္တီးထားေသာ ဓာတ္ပုံမ်ား သို႔မဟုတ္ ဗီဒီယိုမ်ားကိုေဖာ္ထုတ္ရန္ ပိုမိုလြယ္ကူေစကာ အတုအေယာင္ျပဳလုပ္မႈ ပမာဏကိုလည္းေလွ်ာ့ခ်ႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာၾကားခဲ့သည္။
ဘဲလ္ ဝီဆန္၏အဆိုအရ ရာဇဝတ္ေကာင္မ်ားသည္ open-source နည္းပညာကို အသုံးျပဳ၍ အတုမ်ားကို အလြယ္တကူဖန္တီးျဖန႔္ေဝႏိုင္ေၾကာင္း ေအအက္ဖ္ပီက ေဖာ္ျပခဲ့သည္။ #Popular
ဓါတ်ပုံအတုများကို ပြန်ပြင်နိုင်ရန် ဉာဏ်ရည်တု ကိရိယာကို တီထွင်
==================
သြစတြေးလျနိုင်ငံ မိုနာ့ရှ် တက္ကသိုလ်မှ သုတေသီများသည် ဩစတြေးလျ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဓါတ်ပုံအတုများကို ပြန်ပြင်နိုင်ရန် ဉာဏ်ရည်တု ကိရိယာအသစ်ကို တီထွင်လျက်ရှိသည်။
၎င်းသုတေသီများ၏ အက်ပလီကေးရှင်းအသစ်သည် ဉာဏ်ရည်တုဖြင့် ထုတ်လုပ်ထားသော ကလေးငယ်များကို အလွဲသုံးစားပြုသည့် ဓါတ်ပုံအတုများနှင့် ဗီဒီယိုအတုများကို ထုတ်လုပ်သည့် ရာဇဝတ်ကောင်များကို လျော့ကျစေပြီး အဆုံး၌ ရပ်တန့်ပစ်နိုင်မည်ဟု မိုနာ့ရှ် တက္ကသိုလ်၏ တနင်္လာနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တစ်ခုအရ သိရသည်။
“ဒေတာအဆိပ်ခပ်ခြင်း” ဟု ခေါ်သော ၎င်းတို့ တီထွင်လိုက်သော အက်ပလီကေးရှင်းကြောင့် ဉာဏ်ရည်တု ပရိုဂရမ်များကို အသုံးပြု၍ ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ထုတ်လုပ်ရန်၊ လိုသလို ပြုပြင်ရန်နှင့် အလွဲသုံးစားလုပ်ရန် ကြိုးပမ်းမှုများကို ခက်ခဲစေမည်ဟု ရဲတပ်ဖွဲ့ နှင့် မိုနာ့ရှ်တက္ကသိုလ်တို့က ပူးပေါင်းဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် ဉာဏ်ရည်တုဌာန၏ ပြောကြားချက်အရ သိရသည်။
ဉာဏ်ရည်တုနှင့် စက်၏သင်ယူမှုကိရိယာများသည် ကြီးမားသောအွန်လိုင်းဒေတာအတွဲများကို အားကိုးအားထား ပြုရသည်ဖြစ်ရာ ဤဒေတာများကို အဆိပ်ခတ်ခြင်းသည် ၎င်းတို့အား မှားယွင်းသောရလဒ်များကို ထုတ်ပေးစေသည်သာမက ရာဇဝတ်သားများက ဖန်တီးထားသော ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကိုဖော်ထုတ်ရန် ပိုမိုလွယ်ကူစေကာ အတုအယောင်ပြုလုပ်မှု ပမာဏကိုလည်းလျှော့ချနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ဘဲလ် ဝီဆန်၏အဆိုအရ ရာဇဝတ်ကောင်များသည် open-source နည်းပညာကို အသုံးပြု၍ အတုများကို အလွယ်တကူဖန်တီးဖြန့်ဝေနိုင်ကြောင်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ #Popular




