လာလီဂါရဲ့ သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကို အလွန်ဆို ရရှိ

လာလီဂါရဲ့ သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကို အလွန်ဆို ရရှိ

==============

ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ရှာဘီအလွန်ဆိုဟာ လာလီဂါရဲ့ သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆု ရရှိခဲ့ကြောင်း သိရပါတယ်။

အလွန်ဆိုဟာ အကောင်းဆုံးနည်းပြဆုအတွက် ဘီလ်ဘာအိုနည်းပြ ဗယ်လ်ဗာဒီ၊ အက်စ်ပန်ညိုနည်းပြ မာနိုလိုဂွန်ဇာလက်ဇ်တို့နဲ့ အဓိကပြိုင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

အလွန်ဆိုဟာ ရီးယဲလ်အသင်းကို သြဂုတ်လအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါ(၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ဂိုးမပေးရတဲ့ပွဲလည်း (၂)ပွဲရှိခဲ့ပါတယ်။

ဒါကြောင့် ရီးယဲလ်အသင်းနဲ့ လာလီဂါကို နည်းပြအဖြစ်ရောက်ရှိတဲ့ ပထမဆုံးရာသီ၊ ပထမဆုံးလမှာပဲ အကောင်းဆုံးနည်းပြဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ကိုင်တွယ်စဉ်က ၂၀၂၃-၂၄ ရာသီမှာ ဘွန်ဒစ်လီဂါအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။