ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး (၃/၂၀၂၅)က်င္းပျပဳလုပ္
မတ္ ၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား စုံညီအစည္းအေဝး အမွတ္စဥ္(၃/၂၀၂၅)ကို ၂၀၂၅ ခုႏွစ္၊ မတ္လ ၄ ရက္ေန႔မွ ၆ ရက္ေန႔အထိ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီဥကၠ႒မ်ား တက္ေရာက္ခဲ့ၾကပါသည္။
အစည္းအေဝးကို ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားၿပီး တိုင္းေဒသႀကီး/ျပည္နယ္ပါတီ ဥကၠ႒မ်ားက မိမိတို႔သက္ဆိုင္ရာ ေဒသနယ္ေျမအသီးသီး၏ ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္းတင္ျပၾကပါသည္။ ထို႔ေနာက္ ပါတီဌာနခ်ဳပ္မွ ဌာနႀကီးမ်ား၊ ေရးရာေကာ္မတီမ်ား၏ တာဝန္ခံမ်ားျဖစ္သည့္ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားက ေရးရာဌာနအလိုက္ ေဆာင္ရြက္မႈမ်ားအား ရွင္းလင္းတင္ျပၾကပါသည္။
၎ေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးမ်ိဳးေဇာ္သိန္း၊ ဦးလွထြန္း၊ ဦးျမတ္ဟိန္းတို႔မွ အစီအစဥ္အလိုက္ ေဆြးေႏြးတင္ျပခ်က္မ်ားအေပၚ အႀကံျပဳသုံးသပ္ေဆြးေႏြးခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ၆ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး(၃/၂၀၂၅) ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး (၃/၂၀၂၅)ကျင်းပပြုလုပ်
===========
မတ် ၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ စုံညီအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးကို ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ပါတီ ဥက္ကဋ္ဌများက မိမိတို့သက်ဆိုင်ရာ ဒေသနယ်မြေအသီးသီး၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပါတီဌာနချုပ်မှ ဌာနကြီးများ၊ ရေးရာကော်မတီများ၏ တာဝန်ခံများဖြစ်သည့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များက ရေးရာဌာနအလိုက် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြပါသည်။
၎င်းနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်းတို့မှ အစီအစဉ်အလိုက် ဆွေးနွေးတင်ပြချက်များအပေါ် အကြံပြုသုံးသပ်ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ၆ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး(၃/၂၀၂၅) အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။