ဂ်ပန္ ဖက္ရွင္လုပ္ငန္းမ်ားတြင္ AI ကိုပိုမိုအသုံးျပဳလာ

တျဖည္းျဖည္းတိုးတက္လာတဲ့ နည္းပညာေရစီးေၾကာင္းေတြအေပၚမူတည္ၿပီး AI ကို စီးပြားေရးလုပ္ငန္း ေတာ္ေတာ္မ်ားမ်ားမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာတာကို ေတြ႕ရပါတယ္။ စက္မွုထိပ္တန္းနိုင္ငံႀကီး တစ္နိုင္ငံျဖစ္တဲ့ ဂ်ပန္နိုင္ငံက ဖက္ရွင္လုပ္ငန္းလုပ္ငန္းေတြမွာလည္း AI နည္းပညာကို ပိုမို အသုံးျပဳလာေနၿပီး လုပ္ငန္းေတြ ပိုမိုၿပီးေျမာက္ေအာင္ ေဆာင္ရြက္ေနေၾကာင္း The Nation Thailand သတင္းမွာ ေဖာ္ျပပါရွိပါတယ္။
ေနာက္ဆုံးေပၚ AI နည္းပညာကို အသုံးျပဳၿပီး အဝတ္ဒီဇိုင္းဆြဲတာ၊ ခ်ည္ကႏုတ္ထိုးတာ၊ ပန္းအလွဆင္တာ အစရွိတဲ့ အေျပာင္းအလဲေတြ ျပဳလုပ္ဖန္တီးၿပီး လုပ္ငန္းေတြ ပိုမိုလၽွင္ျမန္စြာ ေဆာင္ရြက္နိုင္ဖို႔ ႀကိဳးစားေန ၾကတယ္လို႔ ဂ်ပန္နိုင္ငံက အသက္ ၅၀ အရြယ္ ဒီဇိုင္နာတစ္ေယာက္က ေျပာပါတယ္။
Generative AI ကို နယ္ပယ္အသီးသီးမွာ ပိုမိုအသုံးမ်ားလာၿပီး ဖက္ရွင္စက္မွုလုပ္ငန္းေတြမွာေရာ ဆိုရွယ္မီဒီယာ လုပ္ငန္းေတြမွာပါ အေရာင္းျမႇင့္တင္ေရးက႑အပိုင္းကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာေနၾကတာပါ။ AI နည္း ပညာကို ဖက္ရွင္ရွိုးေတြနဲ႔ ၿပိဳင္ပြဲေတြမွာ အကန႔္အသတ္မရွိ အသုံးျပဳနိုင္တာေၾကာင့္ ေနာက္ဆုံး ေဈးကြက္ခ်ဲ႕ထြင္မွု အပိုင္းမွာပါ မ်ားစြာအသုံးဝင္တဲ့အျပင္ Generative AI ကို မိတ္ဆက္တာက ကမၻာႀကီးမွာ မၾကဳံစဖူး ျမင္သာေအာင္ ဖန္တီးေပးနိုင္တဲ့ အခြင့္အလမ္း အလားအလာေကာင္း မ်ားစြာလည္း ေပၚထြက္လာေနတာ ျဖစ္ပါတယ္။


ဂျပန် ဖက်ရှင်လုပ်ငန်းများတွင် AI ကိုပိုမိုအသုံးပြုလာ
———————
တဖြည်းဖြည်းတိုးတက်လာတဲ့ နည်းပညာရေစီးကြောင်းတွေအပေါ်မူတည်ပြီး AI ကို စီးပွားရေးလုပ်ငန်း တော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။ စက်မှုထိပ်တန်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက ဖက်ရှင်လုပ်ငန်းလုပ်ငန်းတွေမှာလည်း AI နည်းပညာကို ပိုမို အသုံးပြုလာနေပြီး လုပ်ငန်းတွေ ပိုမိုပြီးမြောက်အောင် ဆောင်ရွက်နေကြောင်း The Nation Thailand သတင်းမှာ ဖော်ပြပါရှိပါတယ်။
နောက်ဆုံးပေါ် AI နည်းပညာကို အသုံးပြုပြီး အဝတ်ဒီဇိုင်းဆွဲတာ၊ ချည်ကနုတ်ထိုးတာ၊ ပန်းအလှဆင်တာ အစရှိတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖန်တီးပြီး လုပ်ငန်းတွေ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေ ကြတယ်လို့ ဂျပန်နိုင်ငံက အသက် ၅၀ အရွယ် ဒီဇိုင်နာတစ်ယောက်က ပြောပါတယ်။
Generative AI ကို နယ်ပယ်အသီးသီးမှာ ပိုမိုအသုံးများလာပြီး ဖက်ရှင်စက်မှုလုပ်ငန်းတွေမှာရော ဆိုရှယ်မီဒီယာ လုပ်ငန်းတွေမှာပါ အရောင်းမြှင့်တင်ရေးကဏ္ဍအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေကြတာပါ။ AI နည်း ပညာကို ဖက်ရှင်ရှိုးတွေနဲ့ ပြိုင်ပွဲတွေမှာ အကန့်အသတ်မရှိ အသုံးပြုနိုင်တာကြောင့် နောက်ဆုံး ဈေးကွက်ချဲ့ထွင်မှု အပိုင်းမှာပါ များစွာအသုံးဝင်တဲ့အပြင် Generative AI ကို မိတ်ဆက်တာက ကမ္ဘာကြီးမှာ မကြုံစဖူး မြင်သာအောင် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်း အလားအလာကောင်း များစွာလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။