ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္ စုေပါင္းေသြးလႉဒါန္းပြဲျပဳလုပ္

 

ဇြန္ ၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတည္ေထာင္ျခင္း (၁၄)ႏွစ္ျပည့္ ပါတီႏွစ္ပတ္လည္ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္ စုေပါင္းေသြးလႉဒါန္းပြဲကို ၂၀၂၄ ခုႏွစ္၊ ဇြန္လ (၅)ရက္ေန႔ နံနက္ (၀၉:၀၀)နာရီမွ ေန႔လည္(၁၁:၀၀)နာရီထိ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ရွိေသာ အမွတ္(၂)၊တပ္မေတာ္ေဆး႐ုံ(ကုတင္-၁၀၀၀) တြင္က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေသြးလႉဒါန္းပြဲသို႔ (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အခမ္းအနား က်င္းပေရးေကာ္မတီဥကၠ႒ ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္ တက္ေရာက္ခဲ့ၿပီး ပါတီဌာနခ်ဳပ္မွ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနမႉးမ်ားႏွင့္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား စုစုေပါင္းအင္အား (၄၀)ဦးမွ ေသြးလႉဒါန္းေပးခဲ့ပါသည္။
ထို႔ေနာက္ အမွတ္(၂)၊ တပ္မေတာ္ေဆး႐ုံ(ကုတင္-၁၀၀၀)၊ ေနျပည္ေတာ္ မွေပးေသာ ဂုဏ္ျပဳမွတ္တမ္းအား ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္က လက္ခံယူခဲ့ၿပီး စုေပါင္းေသြးလႉဒါန္းပြဲတြင္ ပါဝင္လႉဒါန္းေပးၾကသူမ်ားအား လိုက္လံႏႈတ္ဆက္၍ အားေပးစကားေျပာၾကားကာ အာဟာရလက္ေဆာင္မ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။

======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသည့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်
===================================
ဇွန် ၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတည်ထောင်ခြင်း (၁၄)နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသည့် စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီမှ နေ့လည်(၁၁:၀၀)နာရီထိ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင်ရှိသော အမှတ်(၂)၊တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသွေးလှူဒါန်းပွဲသို့ (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် တက်ရောက်ခဲ့ပြီး ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဦးစီးရုံးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀)ဦးမှ သွေးလှူဒါန်းပေးခဲ့ပါသည်။
ထို့နောက် အမှတ်(၂)၊ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)၊ နေပြည်တော် မှပေးသော ဂုဏ်ပြုမှတ်တမ်းအား ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်က လက်ခံယူခဲ့ပြီး စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းပေးကြသူများအား လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားကာ အာဟာရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။