လူငယ္ႏွင့္အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္း အေတြ႕အၾကဳံရွင္းလင္းပြဲႏွင့္ Project Cycle Management ေရးဆြဲနိုင္ေရး ျပည္နယ္ဥကၠ႒တက္ေရာက္ေဆြးေႏြး
က်ိဳင္းတုံ ဩဂုတ္ ၇
(၇.၈.၂၀၂၃)ရက္ေန႔ (၁၀၀၀)နာရီအခ်ိန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ အစည္းအေဝး ခန္းမ၌ ျပည္နယ္ပါတီဥကၠ႒ ေဒါက္တာလင္းေဇာ္ထြန္း သည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဌာနခ်ဳပ္တြင္ လူငယ္ႏွင့္အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္း အမွတ္စဥ္(၁)ကို ၂၀၂၃ ခုႏွစ္ ဇူလိုင္လ( ၁၀ ) ရက္ မွ( ၂၄) ရက္ထိ ( ၂)ပတ္ၾကာ တက္ေရာက္ခဲ့ေသာ ရွမ္း-အေရွ႕ပါတီမွ ျပည္နယ္ဒုတိယလူငယ္တာ၀န္ခံ စိုင္းစီလီ၀န္းတစ္ ႏွင့္ ျပည္နယ္ဒုတိယ အမ်ိဳးသမီး ေရးရာတာ၀န္ခံ ေဒၚစမ္းစမ္းေအး တို႔ႏွင့္ သင္တန္းအေတြ႕အၾကဳံထပ္ဆင့္ရွင္းလင္းပြဲသို႔ တက္ေရာက္ခဲ့သည္။
ရွင္းလင္းပြဲ၌ သင္တန္းဆင္းမ်ားမွ သင္တန္းတြင္ အဓိကသင္ၾကားခဲ့သည့္ သင္ခန္းစာျဖစ္ေသာ Project Cycle Management ဘာသာရပ္ အပါအ၀င္ လူငယ္/အမ်ိဳးသမီးလႈပ္ရွားမႈစီမံခ်က္ေဆာင္ရြက္မည့္ကိစၥ၊ လူငယ္အတြက္(၃)ၿမိဳနယ္၊ အမ်ိဳးသမီးအတြက္ (၃) ၿမိဳနယ္တြင္ လူငယ္/ အမ်ိဳးသမီးအင္အား (၁၀၀)ဦး စီအား (၃)လအတြင္းစုေဆာင္းနိုင္ေရးအတြက္ ရက္သတၱပတ္အလိုက္ ရလုပ္ေဆာင္ရမည့္ အစီအမံမ်ားအား အေသးစိတ္ထည့္သြင္းရွင္းလင္းတင္ျပခဲ့ၿပီး၊ ထိုတင္ျပခ်က္အေပၚ ျပည္နယ္ပါတီ ဥကၠ႒ မွ စီမံခ်က္ေရးဆြဲရာတြင္ အေရးႀကီးသည့္အခ်က္မ်ားမက်န္ရွိေစေရး ျပည္နယ္လူငယ္တာ၀န္ခံျဖစ္သူ က ေသခ်ာ ႀကီးၾကပ္သြားရန္၊ စီမံခ်က္ကို သတ္မွတ္ရက္အမီေရးသားျပဳစုကာ ျပန္လည္တင္ျပေပးရန္ထည့္သြင္းေဆြးေႏြးခဲ့သည္။
ယေန႔ျပဳလုပ္ေသာ လူငယ္/အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္းအေတြ႕အၾကဳံထပ္ဆင့္ ရွင္းလင္းပြဲသို႔ ျပည္နယ္ပါတီဥကၠ႒ ေဒါက္တာ လင္းေဇာ္ထြန္းႏွင့္အတူ ျပည္နယ္ပါတီေကာ္မတီ၀င္မ်ားတက္ေရာက္ခဲ့ေၾကာင္း ရွင္းလင္းပြဲအား (၁၂၃၀)နာရီ အခ်ိန္တြင္ ၿပီးေျမာက္ခဲ့ပါသည္။
======================================
လူငယ်နှင့်အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အတွေ့အကြုံရှင်းလင်းပွဲနှင့် Project Cycle Management ရေးဆွဲနိုင်ရေး ပြည်နယ်ဥက္ကဋ္ဌတက်ရောက်ဆွေးနွေး
ကျိုင်းတုံ ဩဂုတ် ၇
(၇.၈.၂၀၂၃)ရက်နေ့ (၁၀၀၀)နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အစည်းအဝေး ခန်းမ၌ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်း သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် လူငယ်နှင့်အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ( ၁၀ ) ရက် မှ( ၂၄) ရက်ထိ ( ၂)ပတ်ကြာ တက်ရောက်ခဲ့သော ရှမ်း-အရှေ့ပါတီမှ ပြည်နယ်ဒုတိယလူငယ်တာ၀န်ခံ စိုင်းစီလီ၀န်းတစ် နှင့် ပြည်နယ်ဒုတိယ အမျိုးသမီး ရေးရာတာ၀န်ခံ ဒေါ်စမ်းစမ်းအေး တို့နှင့် သင်တန်းအတွေ့အကြုံထပ်ဆင့်ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှင်းလင်းပွဲ၌ သင်တန်းဆင်းများမှ သင်တန်းတွင် အဓိကသင်ကြားခဲ့သည့် သင်ခန်းစာဖြစ်သော Project Cycle Management ဘာသာရပ် အပါအ၀င် လူငယ်/အမျိုးသမီးလှုပ်ရှားမှုစီမံချက်ဆောင်ရွက်မည့်ကိစ္စ၊ လူငယ်အတွက်(၃)မြိုနယ်၊ အမျိုးသမီးအတွက် (၃) မြိုနယ်တွင် လူငယ်/ အမျိုးသမီးအင်အား (၁၀၀)ဦး စီအား (၃)လအတွင်းစုဆောင်းနိုင်ရေးအတွက် ရက်သတ္တပတ်အလိုက် ရလုပ်ဆောင်ရမည့် အစီအမံများအား အသေးစိတ်ထည့်သွင်းရှင်းလင်းတင်ပြခဲ့ပြီး၊ ထိုတင်ပြချက်အပေါ် ပြည်နယ်ပါတီ ဥက္ကဋ္ဌ မှ စီမံချက်ရေးဆွဲရာတွင် အရေးကြီးသည့်အချက်များမကျန်ရှိစေရေး ပြည်နယ်လူငယ်တာ၀န်ခံဖြစ်သူ က သေချာ ကြီးကြပ်သွားရန်၊ စီမံချက်ကို သတ်မှတ်ရက်အမီရေးသားပြုစုကာ ပြန်လည်တင်ပြပေးရန်ထည့်သွင်းဆွေးနွေးခဲ့သည်။
ယနေ့ပြုလုပ်သော လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းအတွေ့အကြုံထပ်ဆင့် ရှင်းလင်းပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ လင်းဇော်ထွန်းနှင့်အတူ ပြည်နယ်ပါတီကော်မတီ၀င်များတက်ရောက်ခဲ့ကြောင်း ရှင်းလင်းပွဲအား (၁၂၃၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။