Apple ကားမှာ iPhone 3D Sensor ထုတ်လုပ်သူတွေရဲ့ အစိတ်အပိုင်းတွေ ပါလာမည်
Apple ဟာ လျှပ်စစ်ကား စီမံကိန်းကို အကောင်အထည် ဖော်နေပြီး မောင်းသူမဲ့ နည်းပညာကိုလည်း ဖန်တီးနေပါတယ်။ Apple ဟာ မောင်းသူမဲ့ နည်းပညာအတွက် LiDAR Sensor ကို အများကြီး မှီခိုထားပါတယ်။ ကုမ္ပဏီဟာ iPhone , iPad Pro အတွက် LiDAR Sensor တွေကို ထုတ်လုပ်ပေးနေတဲ့ တရုတ် ကုမ္ပဏီ Wenmao ဆီကနေ ကားအတွက် LiDAR Sensor တွေကို အသုံးပြုနိုင်ပါတယ်။
Apple ရဲ့ Supplier တွေထဲက ၁ ခု ဖြစ်တဲ့ Foxconn ဟာ Apple ရဲ့ ကားစီမံကိန်းအတွက် မောင်းသူမဲ့ နည်းပညာကို ဖန်တီးဖို့ ဂျာမနီ ကုမ္ပဏီ Siemens နဲ့ ပူးပေါင်းထားပါတယ်။ Foxconn လို ထိုင်ဝမ် ကုမ္ပဏီတွေဟာ ကား ထုတ်လုပ်ဖို့ လုံလောက်တဲ့ အရည်အချင်းတွေ ရှိပါတယ်။
Apple ရဲ့ လျှပ်စစ်ကားမှာ မောင်းသူမဲ့ နည်းပညာ တချို့ ပါလာနိုင်ပြီး ကုမ္ပဏီက အဲဒီနည်းပညာကို စမ်းသပ်နေတာ နှစ်များစွာ ကြာပါပြီ။ အဲဒီကားကို ဒေါ်လာ ၁၀၀,၀၀၀ အောက်နဲ့ ရောင်းချနိုင်ပြီး မောင်းသူမဲ့ နည်းပညာ အကန့်အသတ်ပါလာမှာဖြစ်ကာ အဝေးပြေးလမ်းတွေမှာ အလိုအလျှောက် မောင်းနှင်နိုင်မှာပါ။
Apple က လျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်မှာ ရောင်းချနိုင်ပါတယ်။
Ref : gizmochina #DigitalTimes