သထုံမြို့ရှိ ခရိုင် လဝက အား လူသတ်အကြမ်း ဖက် pdf အဖွဲ့မှ မီးရှို့ဖျက်ဆီး

ဧပြီ ၃ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုအလယ်တန်းရှိ သထုံခရိုင် လဝက ရုံးသို့ လူသတ်အကြမ်းဖက် pdf ၄ ဦး မှ မှတ်ပုံတင်ပြုလုပ်ရန်ဟု ပြောပြီး ရုံးထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ဝန်ထမ်းများအား လက်နက်ဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်းများအားသိမ်း ဆည်းကာ စာရွက်စာတမ်းများအား မီးရှို့ထွက်သွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ မီးရှို့မှု့ကြောင့် ရုံးမီး‌လောင်မှုဖြစ်ပွါးခဲ့ရာ မီးလောင်းမှုဖြစ်ရာနေရာသို့ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် ခရိုင် လဝက ရုံးမီးလောင်ကျွမ်းမှု၏ ဆုံးရှုံးမှု အ​ခြေအနေမသိရှိရသေးကြောင်း သတင်းရရှိပါသည်။ #PAN