ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်

 

တမူး စက်တင်ဘာ၂၅

တမူးပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က ထင်းဇင်ကျေး ရွာသို့ရောက်ရှိရာ ကျေးရွာပြည်သူ များက လှိုက်လှဲပျူငှာစွာကြိုဆိုခဲ့ ကြသည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲပေးနည်း စနစ်များကို ရှင်းလင်းပြောကြားပြီး ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက မိမိအနေဖြင့်ဒေသဖွံ့ဖြိုး ရေးအထူးဦးစားပေးလုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေမည့်ပြည်သူ့ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမိတ် ဆက်စကားပြောကြားခဲ့သည်။

Read more

ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားကြောင်း မော်ရင်ဟို အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့ပြီး သူနဲ့ ကွင်းလယ်ကစားသမားကြား ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းက ဝုဗ်ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပေါ့ဘာဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပြဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ကစားတဲ့ မန်ယူအနေနဲ့ တိုက်စစ်ဆင် ကစားသင့်တဲ့အကြာင်း ပြောကြားခဲ့ပါတယ်။

Read more

ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်၏ ဈာပနအခမ်းအနားကျင်းပ

စက်တင်ဘာ ၂၆

ယနေ့မနက်မှာတော့ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ရဲ့ ဈာပနအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ဂူဗိမာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဈာပနအခမ်းအနားမှာ အကြီးအကဲပုဂ္ဂိုလ်တွေ၊ ဗီယက်နမ်ဒေသခံတွေ၊ စစ်သည်တွေဟာ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဂါဝရပြုခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ၊ ၂၇ ရက်မှာတော့ သမ္မတ ကျန်ဒိုင်ကွမ်ကို ၎င်းရဲ့ဇာတိမြေဖြစ်ရာ Ninh Binh ပြည်နယ်မှာ မြုပ်နှံသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

Read more

အီရန်အစိုးရကို ဖြုတ်ချဖို့ ထရမ့် လုံးပမ်းနေလို့ သမ္မတ ရိုဟာနီ ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆

အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီမှုကနေ ထရမ့်အစိုးရက နုတ်ထွက်သွားပြီးမှ သဘောတူညီမှုသစ်ရဖို့ ဆွေးနွေးမယ် ဆိုမျိုးဟာ လက်သင့်ခံစရာ မရှိကြောင်း ပြောကြားရင်းနဲ့ ခုလို စွပ်စွဲပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

Read more

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဝေဖန်ခဲ့တဲ့ ကာပယ်လို

ဖီဖာရဲ့ The Best  ဆုပေးပွဲအခမ်းအနားကို  စီရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်မှု မရှိခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုများဖြစ်ကြောင်း အီတလီနည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။ အကောင်းဆုံးဆုရဖို့အတွက် ရေပန်းစား မှုတွင် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးဆုကိုလည်း မိုဒရစ်ကပဲရရှိခဲ့တာဖြစ်ပါတယ်။မက်ဆီမှာအကောင်း ဆုံး ဆန်ကာတင် ၃ ဦးစာရင်းတွင် အံသြဖွယ်ပါဝင်လာခြင်း မရှိခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ပါဝင်ခဲ့ပြီး ဆုပေးပွဲကို မတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Read more

မောင်မောင်လွင်ကို ထိုင်းကလပ်အသင်းငါးသင်း ကမ်းလှမ်းထား

ရန်​ကုန်​ယူနိုက်​တက်​အသင်းနှင့်​ မြန်​မာ့လက်​​ရွေးစင်​အသင်း​တောင်​ပံကစားသမား ​မောင်​​မောင်​လွင်​ကို​ခေါ်ယူရန်​ ထိုင်းလိဂ်​ – ၁ ကလပ်​အသင်း ငါးသင်းမှကမ်းလှမ်းထားပြီး ၎င်းအ​နေဖြင့်​လည်း လာမည့်​​ဘောလုံးရာသီတွင်​ ပြည်ပသို့ သွား​ရောက်​ကစားရန်​ ဆန္ဒရှိ​နေ​ကြောင်း ထုတ်​​ဖော်​​​ပြောကြားခဲ့သည်​။

“ကျွန်​​တော့်​ကို ကမ်းလှမ်းထားတဲ့ ပြည်​ပကလပ်​​တွေရှိပါတယ်​ ​​လော​လောဆယ်​​တော့ ထိုင်းလိဂ်​ (၁) ကငါးသင်း​လောက်​ကမ်းလှမ်းထားတယ်​ ​ပြောင်း​ရွှေ့ဖို့အတွက်​က​တော့ ကျွန်​​တော်​မှာ ​အေးဂျင့်​ရှိတယ်​သူက ဂျာမနီနိုင်​ငံသားပါ သူကိုယ်​တိုင်​ ကျွန်​​တော်​အ​ပြောင်းအ​ရွှေ့ကိစ္စကို လုပ်​​နေပါတယ်​ ” ဟု​ ပြောကြားခဲ့သည်​။

Read more

မြောက်ကိုရီးယားကို ဆက်လက်ပိတ်ဆို့မယ်လို့ ထရမ့် ပြောကြား

လက်နက်ဖြုတ်သိမ်းဖို့စီစဉ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သတ္တိကို အမေရိကန်သမ္မတ Donald Trump က မနေ့က ချီးကျူးလိုက်ပေမဲ့ နျူကလီးယားမဖြုတ်သိမ်းမချင်း ဆက်လက်အရေးယူ ပိတ်ဆို့ထားရမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပါပဲလို့ ပြောကြားပါတယ်။

Read more

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မည်

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ကစားသမားအတွက် ဘလွန်း ဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသား ကစားသမားအတွက် ပေးအပ်ချီးမြှင့်တဲ့ ဘလွန်း ဒီအောဆုကိုတော့ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ် ကတည်းက စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အခုပေးအပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကိုတော့ အခုနှစ်မှာ စတင်ပေးအပ်ချီးမြှင့်မှာ ဖြစ်တဲ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Read more

Instagram – ဖေ့စ်ဘုတ်ကနေ ခွဲထွက်မည်

Instagram ဖန်တီးခဲ့သူ တယောက်ဖြစ်တဲ့ Kevin Systrom

 

ကမ္ဘာကျော် Instagram အင်တာနက်လူမှုကွန်ယက်ကို Facebook ကုမ္ပဏီက ပိုင်တာပါ။ အခုတော့ Instagram ကိုဖန် တီးထူထောင်ခဲ့သူတွေက Facebook ကုမ္ပဏီကနေနုတ်ထွက်ေ တာ့မယ်လို့ တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းသီးသန့်ထူထောင်ဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

Read more

စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်

၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမား တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

Read more