မန်ယူအသင်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ လုခ်ရှော

မန်ယူအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ လုရှောဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

သူဟာ တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ နဲ့ စုစုပေါင်း တန်ကြေး ပေါင်သန်း ၅၀ ရှိတဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ကို ဆိုခဲ့တာပါ။

Read more

မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာတာပြည်တွင်းလိဂ် ချန်ပီယံအသင်း ယနေ့ခြေစမ်းမည်

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ်ရောက် ရှိနေသည့်  မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် ကာတာ ပြည်တွင်းလိဂ်ချန်ပီယံ Al-Duhail ကလပ်အသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ 

အဆိုပါခြေစမ်းပွဲကို အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်၌ ကာတာ နိုင်ငံရှိ Al-Duhail အသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more

နောက်ထပ်ခါးပတ်တစ်ခုကို ဂျပန်မှာ ကာကွယ်မယ့် အောင်လ

မစ်ဒယ်ဝိတ် ခါးပတ်ကို ကာကွယ်ဖို့ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး နောက်နှစ်ထဲမှာတော့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကို ဂျပန်နိုင်ငံမှာ ကာကွယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

MMA မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံဘွဲ့ကို အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံသား ကရာကီက စိန်ခေါ်ထားတာ ဖြစ်ပြီး ဒီပွဲကတော့ အောင်လအန်ဆန်အတွက် ဒုတိယမြောက် ခါးပတ်ကာကွယ်ပွဲလည်း ဖြစ် လာမှာ ဖြစ်ပါတယ်။

Read more

လူနေအိမ်တစ်လုံး ဒုံးကျည် ထိမှန်သည့်နောက် ဂါဇာရှိ စစ်သွေးကြွများကို အစ္စရေး လက်တုံ့ပြန်

ဂါဇာကမ်းမြှောင်ဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စီး အစ္စရေး လူနေရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့သည့်နောက် အစ္စရေး စစ်တပ်က လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက် ဖြစ်စဉ်တွင် ဂါဇာရှိ စစ်သွေးကြွများ ပစ်ခတ်ခဲ့သော ဒုံးကျည်သည် အစ္စရေး တောင်ပိုင်းမှ လူနေအိမ် တစ်လုံးကို ထိခိုက် ပျက်စီးသွားစေခဲ့သည်။ ထို့နောက် အစ္စရေး စစ်တပ်က ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ်များကို ချက်ချင်းလိုလို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

Read more

မက္ကစီကိုနယ်စပ် စစ်တပ်စေလွှတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

ဝါရှင်တန်၊ အောက်တိုဘာ  ၁၉

ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာဟာ အမေရိကန်ဆီ ဦးတည်လာရောက်နေဆဲ ဖြစ်တာကြောင့် မက္ကဆီကို နယ်စပ်ကို စစ်တပ်သုံး ပိတ်ပစ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၈ ရက်မှာ ခြိမ်းခြောက်ပြောဆိုပါတယ်။

ဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို ဒီမိုကရတ်တစ်ပါတီက ဦးဆောင်နေပြီး သူတို့ထဲက အများစုဟာ ရာဇ၀တ်သားတွေဖြစ်တာကြောင့် မက္ကဆီကိုအနေနဲ့ နယ်စပ်ထိ သူတို့ မရောက်လာအောင် ကြားဖြတ်ဟန့်တားဖို့ လည်း ထရမ့်က တွစ်တာပို့စ်တွေကနေ တိုက်တွန်းထားပါတယ်။

Read more

ဆားဘီးယားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို အီရန်ရပ်ဆိုင်း

အီရန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

 

ဆားဘီးယားနိုင်ငံ သည် အီရန်နိုင်ငံသားများအတွက် ဗီဇာစနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် အီရန်နိုင်ငံသည် ဆားဘီးယားနိုင်ငံသားအား ဗီဇာကင်းလွတ်ခွင့်ေ ပးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း Tehran Times သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကချင်ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ပါတီအဆင့် တာဝန်ရှိသူများတွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်

Read more

မိုး​ကောင်းမြို့ပြည်​​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာ​ကော်​မတီဝင်​များ ​သောင်​ဦး​ကျောင်းတိုက်​၌လုပ်​အားဒါန ကုသိုလ်​ယူ

 

မိုးကောင်း။အောက်တိုဘာ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ​ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​ရေးရာ​ကော်​မတီဝင်​ ဒုတာဝန်​ခံ ဦးသန်းစိုး ဦး​ဆောင်​၍ ​အောက်​တိုဘာ (၁၈)ရက်​ နံနက်​ (၇းဝဝ)နာရီ အချိန်​တွင်​ ​သောင်​ဦး​ကျောင်းတိုက်​အတွင်းရှိ မြက်ခြုံနွယ်​များကို စက်​ဓား ၊​ပေါက်​ပြားများနှင့်​သန့်​ရှင်း​ရေးကို ကျား (၇ )ဦး၊ မ (၈)ဦး စု​စုပေါင်းအင်​အား (၁၅)ဦး ဖြင့်​ သန့်​ရှင်း​ရေး လုပ်​အားဒါန ကုသိုလ်​ယူလျက်​ရှိပါ​ကြောင်း သတင်းတင်​ပြလိုက်​ပါသည်​။

Read more

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှဝ်ပွဲကျင်းပ

 

သံတွဲမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီး​နှောဖလှယ်​ပွဲကို ၁၇.၁၀.၂၀၁၈ ရက်နေ့နံနက် ​(၉း၀၀) အချိန်တွင်​ ခရိုင်ပါတီရုံးခန်းမ၌ကျင်းပခဲ့ပါသည်​။
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်ဦးတင်မောင်သန်း, ခရိုင်ဥက္ကဌဦးကျော်ဇင့်နှင့်ကော်မတီဝင်များ, မြို့နယ်ဥက္ကဌဦးစန်းနိုင်နှင့်ကော်မတီဝင်များ, ရပ်/ကျေးပါတီဥက္ကဌများ, အမျိုးသမီးပါတီဝင်များ, ရပ်မိ/ရပ်ဖများ, ကြက်ခြေနီတပ်ဖွဲ့ဝင်များ, အမျိုးသမီးရောရာအဖွဲ့ဝင်များနှင့်လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား (၁၄၀) ဦးတက်ရောက်ကာ
အခမ်းအနားပထမပိုင်းကိုသဘာပတိအဖွဲ့​နေရာယူပြီးနိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသီဆိုဖွင့်​လှစ်​ခဲ့ပါသည်​၊ထို့​နောက်​ပြည်​နယ်​​ကော်​မတီဝင်​ဦးတင်မောင်သန်းကအဖွင့်​အမှာစကား​ပြောကြားပြီးခရိုင်​ဥက္ကဌဦး​ကျော်​ဇင်​မှမိတ်​ဆက်​အမှာစကားဆက်​လက်​​ပြောကြားခဲ့ပါသည်​။
ယင်း​နောက် ​မြို့နယ်​ပါတီဥက္ကဌက နှီး​နှောဖလှယ်​ပွဲကျင်းပရသည့်​ရည်​ရွယ်​ချက်​အ​သေးစိတ်​ကိုရှင်းလင်း​ပြောကြားကာ တက်​​ရောက်​လာကြ​သောရပ်​​ကျေးအမျိုးသမီးကိုယ်​စားလှယ်​များမှအစုအဖွဲ့(၄)ဖွဲ့ဖြင့်​စာတမ်းများများပြုစုခဲ့ပါသည်​။ပြီး​နောက်​ညီလာခံသို့တက်​​ရောက်​လာကြ​သောကိုယ်​စားလှယ်​များနှင့်​ပါတီအဆင့်ဆင့်​မှတာဝန်​ရှိပုဂ္ဂိုလ်​များ၊ရပ်/ကျေး​ခေါင်း​ဆောင်များကိုနံနက်​စာဖြင့်​ဧည့်​ခံ​ကျွေး​မွေးခဲ့ပါသည်​။
အခမ်းအနားဒုတိယပိုင်းကိုသဘာပတိအဖွဲ့ပြန်​လည်​​နေရာယူပြီး​နောက်​အစုအဖွဲ့များမှရရှိလာ​သောစာတမ်းများဖြစ်​သည့်​အမျိုးသမီးများနှင့်​နိုင်​ငံ​ရေးအခန်းဂဏ္ဍမြင့်​တင်​​ရေးစာတမ်းကို​ မဟန်နီလွင်(အံတော်ရွာ)၊
အမျိုးသမီးများ၏ငြိမ်းချမ်း​သာယာမှုနှင့်​လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို မခိုင်အိစံ(အံတော်ရွာ)၊အမျိုးသမီးထုအတွင်းအမျိုးဂုဏ်​၊ဇာတိဂုဏ်​ထိန်းသိမ်း​ရေး၊အမျိုးသမီးများ၏အခွင့်​အ​ရေးများကိုရိုးရာယဉ်​​ကျေးမှုဓ​လေ့ထုံးစံနှင့်​အညီအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ရေစာတမ်းကို မမခင်ပြုံးရီ(တုံးတောရွာ)နှင့်​အမျိုးသမီးပါတီဝင်​သစ်​များစု​ဆောင်း​ရေးနှင့်​၂၀၂၀ပြည့်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအတွက်​ပါတီဝင်​အမျိုးသမီးများအားစဉ်​ဆက်​မပြတ်​​လေ့ကျင့်​ပျိုး​ထောင်​​ရေးစာတမ်းကို မခင်မာချို(ငပန်ရွာ)တို့မှဖတ်​ကြားတင်​သွင်းခဲ့ကြပါသည်​။
ထို့​နောက်​အမျိုးသမီးနှီး​နောဖလှယ်​ပွဲမှ​တွေ့ရှိချက်​များ၊မှတ်​တမ်းတင်​ခြင်း​နှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို ​မော်ရုံကျေးရွာမှ (မချယ်ရီငြိမ်း)ကတင်​သွင်းခဲ့ပြီးအမျိုးသမီး​ရေးရာတာဝန်​ခံသဘာပတိ​ဒေါ်သန်းသန်းဌေးမှမှတ်​တမ်းတင်​ခြင်း၊အတည်​ပြုခြင်း​ရှေ့လုပ်​ငန်းစဉ်​များအ​ကာင်​အထည်​​ဖော်​ရန်​ဆုံးဖြတ်​ပြီး​နောက်​မျြို့နယ်​ပါတီဥက္ကဌဦး​စန်းနိုင်ကနိဂုံးချုပ်​အမှာစကား​ပြောကြား၍အမျိုးသမီးလူငယ်​အဖွဲ့မှပြည်​ခိုင်​ဖြိုး..​ဟေ.​တေးသီချင်းဖြင့်​သံပြိုင်​သီဆို၍အခမ်းအနားကို​နေ့လည်​၂း၀၀အချိန်​တွင်​​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်။

Read more

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲမှ ၁၁နာရီခွဲ အထိလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြသည်။

Read more