ပြည်ခိုင်ဖြိုးပါတီသို့ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ ၂၃ဝဝ ခန့် ပါတီသို့ဝင်ရောက်

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန် မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာများမှ မြို့နယ်များအထိ ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ထန်းတပင်မြို့နယ် ဘိုကြီးစုကျေးရွာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး အမှာစကားပြောကြားခဲ့သည်။

Read more

ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် ပီတာချက် မှတ်တမ်းဝင်

အာဆင်နယ်အသင်းက ၀က်ဖို့ဒ်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသမားကြီးပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ပီတာချက်ဟာ ဒီမှတ်တမ်းရဖို့အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲတောင်စောင့်ဆိုင်းခဲ့ရပေမယ့် ၁၁ ပွဲမြောက်မှာတော့ ကံကောင်းသွားပါတယ်။ သူဟာဒီပွဲမှာ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည်ခဲ့လို့ ပိုပြီးတောင်ဂုဏ်ယူရမယ်လို့ နည်းပြ၀င်းဂါးက ချီးကျူးသွားပါတယ်။

Read more

ဆာလက်နှင့် ဘရိုက်တန်နည်းပြ ဖေဖော်ဝါရီ အကောင်းဆုံးဆုများ ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်သည် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်က စားသမားဆုအား ဒုတိယအကြိမ် ရရှိခဲ့ပြီး ဘရိုက်တန်မန်နေဂျာ ခရစ်ဟုခ်ျတန်က ဖေဖော်ဝါရီ၏ အကောင်းဆုံး မန်နေဂျာအဖြစ် ရွေးချယ်ခံရသည်။

ဆာလက် (၂၅) နှစ်သည် ဖေဖော်ဝါရီက လေးဂိုးသွင်းယူပြီး နှစ်ဂိုးဖန်တီးကာ လေးလအတွင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ ဆာလက်၏ ဂိုးများနှင့်အတူ လီဗာပူးသည် ထိပ်သီးလေးသင်းတွင် ရပ်တည်နေပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျခဲ့သည်။

Read more

အောင်လအန်ဆန်၏ ဝိတ်တန်းနှစ်ခု ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်

MMA မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၄င်း၏ ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ဇွန်လအတွင်း တရုတ်နိုင်ငံ၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Read more

ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတွေ့ဆုံပွဲ ပြုလုပ်

10.3.2018 ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးများအား ကာကွယ်ရေး ဥပဒေရေးရာဆွေးနွေးပွဲကို သံလျှင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပရာ ဗဟိုအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအမျိုးသမီးရေးရာ တွဲဘက်တာဝန်ခ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ရန်ကုန်တိုင်း အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ဗဟိုကော်မတီ ၀င်များ၊ ဥပဒေရေးရာပညာရှင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြိုနယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ရပ်ကျေး အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ( ၁၀၀ ) တက်ရောက်ပါသည်။

Read more

ဘန်ကောက်တွင် ပထမဆုံး မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းအတိုင်း ထိုးသတ်မည့် ပထမအကြိမ် ရိုးရာလက်ဝှေ့ပွဲ    ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ထိုင်းနိုင်ငံခရီးသွားနှင့်  အားကစားဝန်ကြီးဌာန၊ ထိုင်းကိုယ်ခံ ပညာအဖွဲ့နှင့် မြန်မာမီဒီယာအဖွဲ့တို့ ပူးတွဲစီစဉ်သည့် Lethwei in Thailand မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကို မတ် ၂၅ ရက် နေ့လယ် ၁ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင်ရပ်ရှိ ဆာမတ်ဆာ ခွန်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

Read more

သမ္မတရာထူး သက်တမ်း ကန့်သတ်ချက်ကို တရုတ်ပယ်ဖျက်

အမျိုးသား ပြည်သူ့ညီလာခံတွင် မဲပေး ဆုံးဖြတ်ချက်အရ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သောကြောင့် တရုတ်သမ္မတ စီကျင်းပင် အနေဖြင့် လက်ရှိ ရာထူးကို နှစ်ပေါင်းများစွာ ဆက်လက် ချုပ်ကိုင်နိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

Read more

မြောက်ကိုရီးယား ပိတ်ဆို့အရေးယူမှု ဖိအားအောက်ရောက်နေတယ်လို့ ကန်ထောက်လှမ်းရေးပြော

Photo: KRT via AP Video

မြောက်ကိုရီးယားဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူထံထားရတဲ့ ဖိအားအောက်ကို ရောက်ရှိနေပြီလို့ အမေရိကန် သမ္မတ Donald Trump ရဲ့ ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။

Read more

အသံထက်မြန်သော ဒုံးပျံကို ရုရှားတို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

မော်စကို၊ ရုရှား၊ မတ် ၁၂

ယခုလအတွင်း ရုရှားစစ်တပ်၏ မျိုးဆက်သစ်လက်နက်များအကြောင်းကို သမ္မတဗလာဒီမာပူတင်က ဖွင့်ဟ ပြောဆိုခဲ့ချိန်တွင် သူ၏အကြိုက်တကာ့အကြိုက်ဆုံးဟု ထုတ်ဖော်ပြောကြားထားသော အသံထက်မြန်သည့် ဒုံးပျံကို တနင်္ဂနွေနေ့က အောင်မြင်စွာပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့သည်။

ပစ်မှတ်ကို ကွက်တိပစ်လွှတ်နိုင်သော Kinzhal အမည်ရှိယင်းဒုံးပျံအား တောင်ပိုင်းစစ်ဌာနချုပ်မှ ထွက်ခွာသွား သည့် အသံထက်မြန်သော MiG-31 ကြားဖြတ်တိုက်လေယာဉ်ပျံပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုခဲ့သည်။

Read more

အမွေဆက်ခံခွင့် တန်းတူညီမျှရေး တူနီးရှားအမျိုးသမီးများ ချီတက်ဆန္ဒပြ

တူးနစ်မြို့တွင် အမျိုးသမီးများအတွက် တန်းတူအမွေဆက်ခံခွင့် တောင်းဆိုဆန္ဒပြနေသူများ ချီတက်နေစဉ် (Zoubeir Souissi/reuters)

 

အမျိုးသားများနည်းတူ အမွေဆက်ခံခွင့် တန်းတူညီမျှရေး တောင်းဆိုရန် ရာနှင့်ချီသော တူနီးရှားအမျိုးသမီးများ သည် မတ်လ ၁၀ ရက်က မြို့တော်တူးနစ်တွင် လမ်းပေါ်ထွက် ချီတက်ဆန္ဒ ပြခဲ့သည်။

Read more