ဆီဗီလာနှင့်ပွဲတွင် ပေါ့ဂ်ဘာ ပါဝင်ရန်မသေချာဟု မန်ယူနည်းပြ ပြောကြား

ဆီဗီလာနှင့် ယနေ့ည ကစားမည့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မသေချာသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟို ကပြောသည်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာသည် မတ်လ ၁၀ ရက်က လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲကိုလည်း လွဲချော်ခဲ့သည်။

Read more

ကလပ်အသင်း ဥက္ကဋ္ဌ သေနတ်နဲ့ကွင်းထဲ ၀င်လို့ ဂရိဘောလုံးပွဲတွေ ဖျက်သိမ်း

ဂရိကလပ် PAOKဆလိုနီကာအသင်း ဥက္ကဋ္ဌဖြစ်သူဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကွင်းထဲကို သေနတ်ကိုင်ပြီး ဆင်းလာတဲ့အတွက် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က PAOKဆလိုနီကာနဲ့ AEKအေသင်တို့ရဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေကျနေချိန်ဖြစ်တဲ့ ၈၉ မိနစ်မှာ သူ့အသင်းဘက်က ဂိုးသွင်းတာကို လူကျွံတယ်ဆိုပြီး ဒိုင်လူကြီးက ခွင့်မပြုခဲ့တဲ့အတွက် PAOKဆလိုနီကာ ဥက္ကဋ္ဌ အိုင်ဗန်ဆာဗစ်ဒစ်ဟာ ကွင်းထဲကို သေနတ်ကိုင်ဆင်းလာပြီး ဒိုင်ကို ထိပ်တိုက်တွေ့ခဲ့တဲ့တာ ဖြစ်ပါတယ်။

Read more

Fox Sports က ရွေးချယ်သည့် အကောင်းဆုံးသွင်းဂိုးငါးဂိုးတွင် အောင်သူ့ ဂိုးပါဝင်

တစ်ပတ်အတွင်း အကောင်းဆုံး ၁၁ ဦးစာရင်းတွင်လည်း အောင်သူပါဝင်

 

Fox Sports မီဒီယာက ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပြိုင် ပွဲ ပွဲစဉ် (၅)၏ အကောင်းဆုံးသွင်းဂိုး ငါးဂိုးတွင် မြန်မာတိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးပါဝင်သည်။

Read more

နျူကလီးယား ဖျက်သိမ်းရေး ခိုင်မာတိကျစွာ ဆောင်ရွက်ပြရန် မြောက်ကိုရီးယားကို ဂျပန်တောင်းဆို

နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ခိုင်မာတိကျသည့် ဆောင်ရွက်မှုမျိုး ပြသရန် မြောက်ကိုရီးယားကို ဂျပန် အစိုးရက တိုက်တွန်းလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းစင်ရေး ဆွေးနွေးညှိနှိုင်းရန် လိုလားမှု ပြသလာသည့်အပေါ် ကြိုဆိုကြောင်း မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Read more

အိန္ဒိယအစိုးရကို လယ်သမားတွေ ဆန္ဒပြ

Photo: AFP

 

အိန္ဒိယနိုင်ငံမှာ အစိုးရကို ဆန္ဒပြတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေ မွမ်ဘိုင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

သီတင်းတစ်ပတ်တာ လမ်းလျှောက်ချီတက်ခြင်းဖြင့် မိုင် ၁၂၄ မိုင်ကို လမ်းလျှောက်ချီတက်ကာ မတ် ၁၁ ရက်တွင် မွမ်ဘိုင်းမြို့သို့ ရောက်ရှိသည်။

Read more

နီပေါ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာ

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ်လ ၁၂ ရက် ညနေပိုင်းက ခတ္တမန္ဒူမြို့တော်ရှိ ထရစ်ဘ်ဟူဗန် လေဆိပ်တွင် လူ ၇၁ ဦး စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် လေယာဉ် ဆင်းသက်ရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေဆိပ်၏ စီမံအုပ်ချုပ်ရေး မန်နေဂျာ ရက်ဂျက်ကူမာ ချန်ထရီက လေယာဉ်သည် ဆင်းသက်သည့် လမ်းကြောင်းယူပုံ မှားယွင်းပြီး ချဉ်းကပ်လာခဲ့ကြောင်း ဆိုသည်။

Read more

အသံထက် ၁၀ ဆမြန်သော Kinzhal ဒုံးကျည်ကို ရုရှားနိုင်ငံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

ရုရှား၏ MIG-31 တိုက်လေယာဉ်တစ်စီးမှ အသံထက်အဆများစွာမြန်သော Kinzhal ဒုံးကျည်အား ပစ်လွှတ်မှုကို မြင်တွေ့ရစဉ် (RU-RTR Russian Television/AP)

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်း ကြေညာခဲ့သည့် နျူထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသော လက်နက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အသံထက် အဆများစွာ မြန်သော Kinzhal ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားက ပြောကြားသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များသည် ပုသိမ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တက်ရောက်

ရန်ကုန် မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသော ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုး မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more