Year: 2026
ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ
၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကို ဆက်ထိန်းရမည့်အရေးနှင့် ချယ်လ်ဆီး ရင်ဆိုင်နေရ

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ဟာဇက်ကိုအသင်းတွင် ဆက်ရှိစေရန်ကြိုးပမ်းရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။
အကယ်၍ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသာ အဆင့် ၄ အတွင်းမဝင်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ပါက ဟာဇက်နှင့် ကော်တွိုက်တို့သည် နည်းပြကွန်တီနောက်လိုက်ပြီး အသင်းပြောင်းသွားကြမည်ကို စိုးရိမ်နေရသည်။
ကွာတားဖိုင်နယ်ရောက်နေပြီး တနင်္ဂနွေတွင် လက်စတာနှင့်ကစားရန်ရှိသည့် အက်ဖ်အေဖလားရခဲ့လျှင်ပင် စိတ်ပျက်စရာ ရာသီတစ်ခုအဖြစ်မှကုစားနိုင်မည်မဟုတ်သောကြောင့် နည်းပြကွန်တီမှာ လာမည့်နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ထွက်ခွာရရန် သေချာသလောက် ရှိနေသည်။
Read moreစပါးတိုက်စစ်မှူး ဆွန်ဟွမ်မင် ကိုရီးယားပြန်၍ စစ်မှုထမ်းဖွယ်ရှိ

စပါးမှတောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟွမ်မင်သည် မိခင်နိုင်ငံသို့ ပြန်ကာစစ်မှုထမ်းရမည်ဖြစ်သောကြောင့် နှစ်ရာသီကြာ ဘောလုံးကစားနိုင်မည် မဟုတ်ပေ။
တောင်ကိုရီးယား ဥပဒေအရ အသက် (၂၈) နှစ်မပြည့်မီ စစ်မှုထမ်းရန် လိုအပ်သဖြင့် ဆွန်ဟွမ်မင် (၂၅) နှစ် သည်၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ ဘောလုံးရာသီများတွင် တောင်ကိုရီးယားသို့ ပြန်၍ မဖြစ်မနေ စစ်မှုထမ်းဆောင် ရမည်ဖြစ်သည်။
Read moreအာရှဖလားခြေစစ်ပွဲအောင်ရန် ရာနှုန်းပြည့် ယုံကြည်ဟု မြန်မာအသင်းနည်းပြချုပ်ဆို

သုဝဏ္ဏကွင်း၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှဖလားခြေ စစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
Read moreလိုက်ဟဲဗီးဝိတ်တန်းတွင် အောင်လအန်ဆန်နှင့် စိန်ခေါ်ခွင့်ရရန် အလိန်းဂါလာနီ ကြိုးပမ်းနေ

Fri, March 16, 2018
ကင်မရွန်းနွယ်ဖွား ဟောင်ကောင်တွင် နေထိုင်သည့် MMA ကစားသမား အလိန်း ဂါလာနီသည် အောင်လအန်ဆန် ၏ ချန်ပီယံ ဆုဖြစ်သော လိုက်ဟဲဗီးဝိတ်တန်းကို စိန်ခေါ် ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။
Read moreဆစ်ဒနီတွင် အာဆီယံခေါင်းဆောင်များတွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့အား ဆန္ဒပြ

ဆစ်ဒနီ၊ မတ် ၁၆
စီးပွားရေးနှင့် လုံခြုံရေးချိတ်ဆက်မှုများအတွက် တွေ့ဆုံစည်းဝေးကြရန် ဒေသတွင်း အိမ်နီးချင်းများဖြစ်သော အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် သြစတြေးလျတွင် ပထမဆုံးကျင်းပသည့် အစည်းအဝေးအတွက် စတင်ရောက်ရှိကြပြီဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ အာဆီယံအဖွဲ့ကြီး၏ ခေါင်းဆောင်များအနေဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မဟုတ်ဘဲ ပြင်ပတစ်နိုင်ငံတွင် ကျင်းပသည့် ရှားရှားပါးပါး အစည်းအဝေးလည်း ဖြစ်သည်။
Read moreမြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆွီဒင်နိုင်ငံ ထွက်ခွါ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ စေ့စပ်ဆွေးနွေးပွဲကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားပါတယ်။
Read moreပစ္စည်း မူပိုင်ခွင့်ကို တရုတ်က ခိုးယူနေတာကို ထရမ့် အရေးယူမည်

Photo: President Donald J. Trump – facebook
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ကို တရုတ်နိုင်ငံက ခိုးယူရယူနေတာကို မကြာခင် ကိုင်တွယ်ဖြေရှင်းခွင့်ရတော့မယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Peter Navarro က မနေ့က ပြောကြားလိုက်ပါတယ်။
Read moreအလွှာစုံပါဝင်မယ့် ထိုင်းနိုင်ငံရေးပါတီသစ်

နိုင်ငံရေးပါတီသစ်ထောင်လိုက်တဲ့ ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Thanathorn Juangroongruangkit
( မတ် ၁၅-၂၀၁၈)
ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ Thanathorn Juangroongruangkit က Future Forward ပါတီလို့ အဓိပ္ပါယ် ရတဲ့ Anakot Mai ဆိုတဲ့ နိုင်ငံရေးပါတီသစ် တခုကို ထူထောင်တဲ့အကြောင်း ကြာသပတေးနေ့ က ကြေညာပါတယ်။
Read more









