သမ္မတနှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ရခိုင်အရေး၊ နယ်စပ်အရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများ ဆွေးနွေး

သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို ယမန်နေ့ က လက်ခံတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

Read more

လီဗာပူးလ်အသင်းရဲ့ တစ်ရာသီအကောင်းဆုံးဆုတွေကို သိမ်းကျုံးယူသွားခဲ့တဲ့ မိုဟာမက်ဆာလာ

ဒီနှစ်ဘောလုံးရာသီမှာ အံ့ခခန်းစွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ဆုအများအပြားရယူနိုင်ခဲ့တဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ကြာသာပတေးနေ့ ညနေမှာလည်း ဆု (၃)ခုကို လက်ခံရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ဂိုး အထိ သွင်းယူပေးထားတဲ့ ဆာလာဟာ ဆုတစ်ခုကိုတော့ လန်ဒန်ကို သွားရောက်ယူခဲ့ရတာ ဖြစ်ပါတယ်။

Read more

ဧပြီလအတွက် ထိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တဲ့ အောင်သူ

ဧပြီလအတွက် Goal.com က ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု

ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ပုလိစ်တယ်ရိုအသင်းမှာ ကစားနေခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ပတ္တရား ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက ဧပြီလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Read more

နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပွဲ၌ မြန်မာပြည်ချန်ပီယံလုပွဲနှင့် ကမ္ဘာ့ချန်ပီယံလုပွဲများ ပါဝင်မည်

နေပြည်တော်၌ ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-5) တွင် လိုက်ဝယ်သာ ဝိတ်တန်း မြန်မာပြည် ချန်ပီယံလုပွဲနှင့် လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်သည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-5) ပြိုင်ပွဲကို နေပြည်တော် ရှိ  ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဇွန်လ ၂ ရက်၌ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ခုနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

Read more

ကင်ညာတွင် မိုးသည်းထန်စွာရွာပြီး ဆည်ကျိုးကျ၊ အနည်းဆုံး ၄၇ ဦးသေဆုံး

ကင်ညာနိုင်ငံမှာ မေ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တခု ရုတ်တရက်  ကျိုးကျသွားတဲ့အတွက် အနည်းဆုံး ၄၇ ဦး သေဆုံးခဲ့ပါတယ်။

သီတင်းပတ်အတော်ကြာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် မြို့တော်နိုင်ရိုဘီရဲ့ အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာမှ ရစ်ဖ်ထ်တောင်ကြားမှာရှိတဲ့ ဆည်တခု ကျိုးပေါက်ခဲ့ရကာ တောင်စောင်းက ကျေးရွာ ၂ ရွာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

Read more

ပါကစ္စတန်သံတွေကို အမေရိကန်ပြည်ထောင်စုတွင်း ခရီးသွားခွင့် ကန့်သတ်

ဝါရှင်တန်က ပါကစ္စတန်သံရုံး။

ပါကစ္စတန်သံအမှုထမ်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက ခရီးသွားကန့်သတ်မှုတွေ သောကြာနေ့မှာ စတင် လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်သံအမတ်ကြီး Aizaz Chaudhry က VOA ကိုပြောပါတယ်။ ဒါ့အပြင် အခုလို လုပ်ဆောင်မှုဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ကြောင်းနဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးလာချိန်မှာ ခုလိုမလုပ်သင့်ကြောင်းလည်း ပြောပါတယ်။

Read more

ထရမ့်နှင့် ကင်မ်ဂျုံအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို စင်္ကာပူ၌ ဇွန်လ ၁၂ရက်နေ့ ကျင်းပမည်ဟုကြေညာ

ဝါရှင်တန်၊ အမေရိကန်၊ မေ ၁၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် သူ၏ သမိုင်းဝင်တွေ့ဆုံ   ဆွေးနွေးပွဲကို   နှစ်နိုင်ငံစလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် စင်္ကာပူနိုင်ငံ၌ လာမည့်ဇွန်လ ၁၂ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

Read more

ဟာဝိုင်အီမီးတောင် ပေါက်ကွဲမှု ပိုမိုပြင်းထန်လာနိုင်

ဟာဝိုင်အီပြည်နယ်ရှိ Kilauea မီးတောင်ပေါက်ကွဲမှု သည် လာမည့်သီတင်းပတ်များ တွင် ပိုမိုပြင်းထန် လာနိုင်ကြောင်း နှင့် ကျောက်ခဲအရွယ် ချော်တုံး များ မိုင်ပေါင်းများစွာအထိ လွင့် ပျံ့ပြီး အနီးရှိမြို့များသို့ ပြာမှုန်များ ဖုံးလွှမ်းနိုင်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)က ပြောကြားသည်။

Read more

CLEAR HISTORY TOOL ကို လအနည်းငယ်အတွင်း FACEBOOK မိတ်ဆက်မည်

Facebook ရဲ့ F8 ကွန်ဖရင့်မတိုင်ခင်မှာ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Facebook မှာ Clear History လို့အမည်ရတဲ့ feature သစ်တစ်ခုကို ထည့်သွင်းမယ်ဆိုတဲ့ အကြောင်းပါ။ ဒီ tool ကို Facebook ရဲ့ privacy control အတွက် ရှိပြီးသား option တွေထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Read more

တရုတ်လုံခြုံရေး ဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ရဲအသုံးအဆောင် ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးတဲ့ အပြင် ရဲကွပ်ကဲမှု ဗဟိုဌာနတခုထူထောင်ဖို့ရာလည်း ကူညီလာဖွယ်ရာရှိပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Zhao Kezhiရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်း မှာ ဆွေးနွေးခဲ့ ကြတယ်လို့ မြန်မာအာဏာပိုင်တွေ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Read more