Samsung Galaxy J7 DUO

Price : 347,000
မြင်ကွင်း
မြင်ကွင်းအရွယ်အစားက ၅.၅ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 720 x 1280 pixels, 16:9 ratio ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။
နည်းပညာ
Read more
Price : 347,000
မြင်ကွင်း
မြင်ကွင်းအရွယ်အစားက ၅.၅ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 720 x 1280 pixels, 16:9 ratio ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။
နည်းပညာ
Read more
စမတ်ဖုန်းထုတ်ကုန်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ဒီဇိုင်းပိုင်းက ဘယ်အတိုင်းအတာထိ ကြီးစိုးမှုရှိနေပြီလဲဆိုတာ စဉ်းစားစရာပါပဲ။ ဖုန်းတစ်လုံးကို စတင်မဝယ်ယူခင်မှာ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို တဖြည်းဖြည်းချင်းသိအောင် ကြိုးစားကြတာ ဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းကတော့ အဲ့ဒီဖုန်းကိုနောက်ဆုံး ဝယ်ယူမှုအဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အဓိက တွန်းအားတစ်ရပ် ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းရဲ့ ညှို့ယူဖမ်းစားမှုတွေက နောက်ထပ် ဒီဖုန်းအကြောင်းကို ပိုမိုလေ့လာသိရှိ သွားစေနိုင်အောင်ပါ ဆက်လက်တွန်းပို့ ပေးနေဦးမှာ ဖြစ်ပါတယ်။
Read more
တရုတ် – မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တမင်သက်သက် နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက မေလ ၁၃ ရက်တွင်ကြေညာချက်ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)က ဝင်ရောက် တိုက်ခိုက်ရာအရပ်သားများအပါအဝင်လူ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံး က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
Read more 
နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD-ကျားခေါင်းပါတီ) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျား ဖြူပါတီ) တို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူများက မေလ ၁၃ရက် တွင်ပြောသည်။
ယင်းနှစ်ပါတီသည် ရှမ်းပြည်နယ်လဲချားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသား ရေးရာ လူမျိုးမဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ‘‘နှစ်နေရာ စလုံးဝင်ပြိုင်ဖို့ အတွက်အောက်ခြေ မှာတော့ အစည်းအဝေးလုပ်ဖို့ကို ညွှန်ကြားထားပြီးသားဖြစ်တယ်’’ ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦး စိုင်းလိတ်က ပြောသည်။
Read more
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ် တက်မလာပါက နိုင်ငံတော်အစိုးရကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေသူများအဖြစ် သတ်မှတ်၍ အစွမ်းကုန်ရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က ပြောကြား သည်။
Read more
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက်၁၀နာရီခန့်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးမှ ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးကာ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ ဗဟိုလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများမှ မိမိတို့၏လုပ်ဆောင်ချက်များ လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြကာ နံနက် ၁၁နာရီခွဲခန့်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်း သိရသည်။
ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသော ဘားအံ မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦး၊ဗဟိုကော် မတီဝင် ပြည်နယ်အတွင်းရေးမှူး ဦးစန်းကို၊ ဗဟိုကော်မတီဝင် ပြည် နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်း ထိန်၊ ဘားအံခရိုင် ပါတီအတွင်း ရေးမှူး ဒေါ်စန္ဒာဦး၊ ဘားအံမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးခွန် သန်းဝင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၁၂ဝ ခန့် တက်ရောက် ခဲ့ကြသည်။
Read more
မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးဦးသန်းစိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့်ပါတီဝင်များ၊ ရပ်ကွက်အသီးသီးမှ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ခရိုင်ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် တောင်ဇင်း အုပ်စု ညောင်လှကျေးရွာ လေဘေး သင့်ပြည်သူများအား ပြည်ခိုင်ဖြိုး ပါတီမှ ယနေ့ နံနက် ၉ နာရီတွင် လှူဒါန်းဖွယ်ရာများကိုသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရ သည်။