ရှမ်း/မြောက် လူငယ်လှုပ်ရှားမှု့အဖွဲ့နှင့် သီပေါ ဖြိုးစေတနာရှင်အဖွဲ့မှ ဆေးရုံတက် လူနာအားထောက်ပံ့ကူညီ

 

သီပေါမြို့ “ဖြိုးစေတနာရှင် “လူမှု့ကူညီရေး အဖွဲ့သည် ယမန်နေ့က မြို့နယ်ပါတီ ဥက္ကဌ. ဦးအောင်အောင် အသင်းဥက္ကဌ ဒေါ်လှလှဝင်း(အမျိုးသမီးရေးရာ)၊ဒုတိယဥက္ကဌ ဦးကျော်လှိုင်(မီဒီယာ)၊ ရှမ်း/မြောက် လူငယ်လှုပ်ရှားမှု့အဖွဲ့ ဒုခေါင်းဆောင် မိုင်းဟန်ဝင်းအောင် တို့နှင့် အတူ သီပေါမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်အက်ဆီးဒင့်ကြောင့် ဆေးရုံတက်ရောက်ကုသနေရသော နောင်အန်ကျေးရွာမှ့ ပါတီဥက္ကဌ ဦးမြင့်အောင် အတွက် “ဖြိုးစေတနာရှင်” အဖွဲ့ က ထောက်ပံ့ငွေ ၂သောင်း ကျပ်အား သွားရောက် ကူညီပေး အပ်ခဲ့ကြပါသည်။

Read more

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းဖွင့်

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ ဆပ်ပြာရည်ပြုလုပ် နည်းသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီက မြတောင်ကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီနာယက ဦးလှဖေ၏နေအိမ်၌ ဖွင့်လှစ်သည်။

သင်တန်းတွင် မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းကိုက အမှာစကားပြောကြား ပြီး သင်တန်းနည်းပြမိုးညှင်းမြို့နယ်ပါတီကော်မတီဝင်ဦးခိုင်ဇော်ထွန်းက ဆပ်ပြာရည်ပြုလုပ်ရန် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်စွမ်းရည်မြှင့်သင်တန်းပို့ချ

 

ရန်ကုန် ဇွန် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယခုလ ၁၈ ရက်မှ ယနေ့အထိဖွင့်လှစ်လျက်ရှိသည့် လူငယ်စွမ်းရည်မြှင့်သင်တန်းတွင် ပါတီဝင်လူငယ်များ အသိပညာနှင့်စည်းရုံးရေးစွမ်းရည်မြင့်မားစေရန်အတွက် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပြင်ပအတတ်ပညာရှင်များက သင်ခန်းစာများပို့ချလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲက ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေသင်ခန်းစာများပို့ချပေးခဲ့ကြောင်းသိရသည်။

Read more

ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ဥရောပရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

စပိန်နဲ့ သုံးဂိုးစီသရေကျတုန်းကလည်း ဟက်ထရစ်သွင်းယူခဲ့သေးလို့ ပေါ်တူဂီအသင်းအတွက် စီရော်နယ်ဒို သွင်းယူပေးခဲ့တဲ့ နိုင်ငံတကာသွင်းဂိုးအရေအတွက်က ၈၅ ဂိုးရှိသွားပြီဖြစ်ပါတယ်။

ဥရောပကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံးဖြစ်လာပေမယ့် ကမ္ဘာ့ဂိုးသွင်းအများဆုံး စာရင်းမှာတော့ ဒုတိယနေရာမှာပဲ ရှိနေပါသေးတယ်။

Read more

ဒိန်းမတ်၊ ပြင်သစ်နှင့် အာဂျင်တီးနားတို့ အနိုင်ရနိုင်သည့် ယနေ့ည ကမ္ဘာ့ဖလားပွဲစဉ်များ

ဒိန်းမတ်-သြစတြေးလျ //ညနေ ၆ နာရီခွဲ

ပွဲဦးထွက်တွင်ပီရူးကို တစ်ဂိုးတည်းဖြင့် ကပ်နိုင်ထားသော ဒိန်းမတ်အသင်း၌ သြစတြေးလျနှင့်ပွဲအတွက် ကွင်းလယ်လူ ဗစ်ဗက်ကေဗစ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်လည်း ကြံ့ခိုင်မှု ပြည့်၊ မပြည့် မသေချာသေးပေ။ 

သို့သော် ဒိန်းမတ်သည် ကမ္ဘာ့ဖလားနောက်ဆုံး ၁၀ ပွဲ ရှုံးပွဲမရှိသေးဘဲ နောက်တစ်ဆင့် တက်ခွင့် သေချာရေး သြစတြေးလျကို အနိုင်ကစားမည်ဖြစ်သည်။ သို့သော် အုပ်စုမှ တက်ရေးသြစတြေးလျကလည်း မဖြစ်မနေ အနိုင်ရရန်  ကြိုးပမ်းမည်ဖြစ်သည်။

Read more

ကိုလံဘီယာကိုနိုင်သော ပွဲအပြီးတွင် ကွင်းသန့်ရှင်းရေး လုပ်ခဲ့သည့် ဂျပန်ပရိသတ်များ ချီးကျူးခံရ

ကိုလံဘီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲအပြီးတွင် ဂျပန်ပရိသတ်များက ဘောလုံးကွင်းအတွင်းရှိ အမှိုက်များကို လိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ခဲ့သဖြင့် ၎င်းတို့၏ကောင်းမွန်သော အပြုအမူများကြောင့် အများ၏ ချီးကျူးခြင်း ခံနေရသည်။

ယင်းပွဲအပြီးတွင် ဂျပန်ပရိသတ်များသည် ၎င်းတို့နှင့်အတူပါ လာသည့် အမှိုက်အိတ်များနှင့် ဘောလုံးကွင်းထဲ၌ အမှိုက် ကောက်ခဲ့သည်။

Read more

အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့် ချန်ပီယံလုပွဲက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ကန်ဟက်ဆီဂါဝါဆို

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့်ပွဲသည် ဘ၀အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါက One Championship အား ပြော သည်။

အဆိုပါချန်ပီယံလုပွဲကို ဇွန် လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး ကန်ဟက်ဆီဂါဝါ၏ ပထမဆုံးအကြိမ် One Championship (MMA) ပြိုင်ပွဲသို့ ၀င်ရောက်ထိုးသတ်ခြင်း လည်းဖြစ်သည်။

Read more

ရွှေ့ပြောင်းဝင်ရောက် မိသားစုများ ကွဲကွာခြင်း အဆုံးသတ်ရေး အထူးအမိန့် ထရမ့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇွန် ၂၁

အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းဝင်ရောက်သူ မိသားစုများမှ ကလေးငယ်များ လူကြီးမိဘများနှင့် ကွဲကွာ နေရခြင်း အဆုံးသတ်ရေး သမ္မတ ဒေါ်နယ်ထရမ့်က အထူးအမိန့်တစ်ရပ်အား ဇွန် ၂၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်သည်။

ထရမ့်၏ ပါတီ ရီပတ်ဘရီကန်နောက်လိုက်များ၊ ဒီမိုကရက်များနှင့် နိုင်ငံတကာအသိုင်းအ၀န်းတို့မှ ပြင်းထန်သော ဖိအားများကြောင့် ထရမ့်အနေဖြင့် တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ပြန်လည်ပြောင်းလဲရခြင်းလည်း ဖြစ်သည်။

Read more

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားမှ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း နိုင်တော့မည်ဟု မွန်ဂျေးအင် ပြော

ဆိုး ဇွန် ၂ဝ

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနိုင်တော့မည် ဖြစ်ကြောင်းနှင့် ထိုဓာတ်ငွေ့ ပိုက်လိုင်းသည် ဂျပန်နိုင်ငံ အထိပါရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဇွန် ၂ဝ ရက်တွင် ပြောသည်။

Read more

အိန္ဒိယတွင် ကြွက်ကိုက်သဖြင့် ATMစက်ထဲမှ ငွေစက္ကူများ ပျက်စီး

အိန္ဒိယတွင် ATM ငွေထုတ်စက် တစ်ခုအတွင်းရှိ ငွေစက္ကူများကို ကြွက်များက ကိုက်ဝါး ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

အက်ဆမ် ဒေသရှိ ATMစက် တစ်လုံးထဲသို့ ငွေဖြည့်သွင်းရန် ဘဏ်တာဝန်ရှိသူများ ရောက်လာချိန်၌ မှုန့်မှုန့်ညက်ညက်နီးပါး ကျေမွ ပျက်စီးနေသည့် ငွေစက္ကူများကို အသည်းနာစရာ တွေ့မြင်ခဲ့ရသည်။ 

Read more