မော်ရင်ညိုနေရာကို ဇီဒန်းနဲ့ အစားထိုးဖို့ မန်ယူစီစဉ်ဖွယ်ရှိ

မန်ယူအသင်းဘုတ်အဖွဲ့၊ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ နည်းပြမော်ရင်ညိုရဲ့ နေရာမှာ ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့အစားထိုးဖို့ မန်ယူအသင်းက စီစဉ်နေတယ်လို့ အတွင်းသတင်းတွေ ပေါက်ကြားသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ သူလိုချင်တဲ့ ကစားသမား ၅ယောက်ကို အသင်းဘုတ်အဖွဲ့က ခေါ်မပေးတာနဲ့ ပတ်သက်ပြီး အမှုဆောင်ချုပ် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Read more

ဒုံးကျည်စမ်းသပ်မှုသစ်တွေ မြောက်ကိုရီးယားလုပ်နေလို့ အမေရိကန်ပြော

ထောက်လှမ်းရေးဂြိုဟ်တုတွေက ရတဲ့ အချက်အလက် ဓာတ်ပုံတွေအရ ဒုံးခွင်းဒုံးကျည်စမ်းသပ်မှုသစ်တွေ လုပ်နေတဲ့ နေရာကို ခြေရာခံမိထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ စက်ရုံထဲ ယာဉ်တွေဝင်ထွက်နေတာတွေကို တွေ့ရပါတယ်။

မြို့တော်ပြုံယမ်းအနီးက Sanumdong နျူကလီးယားစမ်းသပ်စက်ရုံအနီးမှာ ဒုံးခွင်းဒုံးကျည်စမ်းသပ်ရေး အဆောက်အဦ တခု ဒါမှမဟုတ် ၂ ခု ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောခဲ့တာပါ။

Read more

ဆီးရီးယားမှာ ဂျပန်နဲ့ အီတလီနိုင်ငံသား ၂ ဦး ဓားစာခံဖမ်းဆီးခံထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်

သြဂုတ် ၁

ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးနဲ့ အီတလီ အမျိုးသားတစ်ဦးတို့ကို ဆီးရီးယားမှာ ဓားစာခံ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗီဒီယိုတွေကို ဂျီဟက် ၀ါဒီအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်ကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

ယင်းဗီဒီယိုတွေထဲမှာတော့ ဓားစာခံအဖမ်းခံထားရသူနှစ်ဦးဟာ ၎င်းတို့လွတ်မြောက်ဖို့ အကူအညီတောင်းခံ ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Read more

တရုတ်ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် နှလုံးရောဂါဆေးတမျိုး ပြန်ရုပ်သိမ်း

တရုတ် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတခုက ထုတ်လုပ်ပြီး နှလုံးရောဂါအတွက် ယေဘုယျသုံးတဲ့ ဆေးတမျိုးကို နိုင်ငံတကာကနေ ပြန်ရုပ်သိမ်းနေပါပြီ။ အဲဒီဆေးထဲမှာ အန္တရာယ်ရှိ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါနေတာ တွေ့ရတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

Read more

ကန်ကြားဖြတ်ရွေးကောက်ပွဲ လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့ Facebook အကောင့်တွေ အပိတ်ခံရ

Facebook နယူးယောက်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲပေးကြမယ့် အမေရိကန်ပြည်သူတွေ အပေါ် လွှမ်းမိုးဖို့ စတင်လုပ်ဆောင်နေပုံ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်နေတယ်ဆိုတာ အတိအကျပြောဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရ အရာရှိတွေက ထုတ်ဖေါ်ပြောဆိုဖို့ တုန့်နှေးနေကြပါတယ်။

Read more

တိုက်စစ်မှူး အောင်သူ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ပူးပေါင်းလေ့ကျင့်

(ဓာတ်ပုံ – MFF)

မကြာခင် ကျင်းပတော့မယ့် ALPINE CUP 2018 လေးနိုင်ငံဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် ထိုင်းပရီးမီးယားလိဂ်မှာ ကစားနေတဲ့ တိုက်စစ်မှူး အောင်သူဟာ မြန်မာ ယူ ၂၃ အသင်းနဲ့အတူ စတင်ပူးပေါင်းပါဝင် လေ့ကျင့်မှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။

Read more

နိုင်ငံ့တာဝန်ထမ်းရမှာမို့လို့ စပါးကို တောင်းပန်ခဲ့တဲ့ ဆွန်ဟောင်မင်

ပရီးမီးယားလိဂ်ရာသီသစ် စတင်မယ့်ရက်သတ္တပတ်မှာပဲ တောင်ကိုရီးယားအသင်းနဲ့အတူ အာရှဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေတဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်က စပါးအသင်းကို တောင်းပန်စကားဆိုခဲ့ပါတယ်။

Read more

ကမ္ဘောဒီးယားရွေးကောက်ပွဲ တပါတီအောင်ပွဲခံမှု နိုင်ငံတကာဝေဖန်

အနိုင်ရ (CPP) ပါတီခေါင်းဆောင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen

ကမ္ဘောဒီးယားနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ CPPပါတီက လွှတ်တော်တွင်းက အမတ်နေရာအား လုံးကို သူတို့ပါတီက အနိုင်ရလိုက်တယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။ ဒီပါတီကချည်းပဲ အနိုင်ရ နေတာမို့ ကမ္ဘောဒီးယား ဟာ တပါတီစံနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံအဖြစ် ပြောင်းလဲနေတဲ့သဘော ဖြစ်နေပါတယ်။

Read more

လွှတ်တော် ထောက်ခံချက် မရပါက အစိုးရ ယန္တရားကို ရပ်တန့်ထားမည်ဟု ထရမ့်ခြိမ်းခြောက်

လွှတ်တော်ထံမှ ခိုင်မာသော ထောက်ခံကူညီမှု မရပါက အစိုးရ ယန္တရားကို ရပ်တန့်ထားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တံတိုင်းကာမည့် ကိစ္စနှင့် လူဝင်မှု ကြီးကြပ်ရေး မူဝါဒပိုင်း ပြောင်းလဲရန် ကိစ္စများတွင် လွှတ်တော်က အသုံးစရိတ် ခွင့်ပြု ထောက်ခံမှု မရှိပါက လက်ရှိ ဘတ်ဂျတ် ကုန်ဆုံးမည့် စက်တင်ဘာလ၌ အစိုးရ ယန္တရားကို ရပ်တန့်ထားမည့် သဘောမျိုး ထရမ့်က Twitterတွင် ရေးသား ခြိမ်းခြောက်ခဲ့သည်။

Read more

အီရန်နဲ့ ဆွေးနွေးဖို့ ထရမ့်ကမ်းလှမ်းပြီ

ခြွင်းချက် တစုံတရာမထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေးတွေ့ဆုံ ဆွေးနွေးဖို့ သူ့ဖက်က အသင့်ဘဲလို့ အမေရိကန် သမ္မတ ထရမ့်က ကမ်းလှမ်းလိုက်ပါတယ်။

Read more