အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ထုတ်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံး ကျဆုံး

ကဘူးလ်၊ သြဂုတ် ၁၄

အာဖဂန်နစ္စတန် ဂါဇနီမြို့က တာလီဘန်တွေကို တိုက်ထုတ်နေတဲ့ ဖြစ်ပွားဆဲ တိုက်ပွဲအတွင်းမှာ ကျဆုံးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံးရှိတယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

“တိုက်ပွဲစဖြစ်ပြီး လေးရက်မြောက်အထိမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပါတယ်။ အရပ်သား ၂၀  က ၃၀ ကြား သေဆုံးတယ်။”လို့ ကာကွယ်ရေးဝန်ကြီး ဘာဟာရာမီက ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Read more

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းပွဲများကို My Sports မှ တိုက်ရိုက်လွှင့်မည်

အာရှအားကစားပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာယူ-၂၃ဘောလုံးအသင်း (ဓာတ်ပုံ − MFF)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ-၂၃ ဘောလုံးအသင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များကို မြန်မာလိဂ်နှင့် သဘောတူညီမှုရရှိထားသည့် My Sport ဖေ့စ်ဘွတ်ခ်စာမျက်နှာက တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။

Read more

ပရီးမီးယားလိဂ်တွင် ပထမဆုံး ကစားခွင့်ရသည့် ဖိလစ်ပိုင်ကစားသမား နေးလ်အီတာရစ်

ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား နေးလ်အီတာရစ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ ဖိလစ်ပိုင် ကစားသမား ဖြစ်လာပါတယ်။ ဂိုးသမား နေးလ်အီတာရစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် တန်းတက်အသင်း ကာဒစ်စီးတီးမှာ ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။

Read more

တောင်အာရှ (၈)နိုင်ငံမှာ Facebook မှ တိုက်ရိုက်ထုတ်လွှင့်မယ့် လာလီဂါပွဲစဉ်များကို အခမဲ့ကြည့်ရှုနိုင်တော့မည်

လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ဟာ တောင်အာရှ (၈) နိုင်ငံမှာ စပိန်လာလီဂါပွဲစဉ်များကို လာမယ့် (၃)ရာသီကျော်အထိ တိုက်ရိုက်ထုတ်လွှင့်ပိုင်ခွင့် ရရှိခဲ့ပြီး ဒီနိုင်ငံတွေမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူများ အနေနဲ့ လာလီဂါပွဲစဉ်များကို အခမဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ လာလီဂါလိဂ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Read more

အမေရိကန်အပေါ် လက်တုံ့ပြန်အရေးယူရေး ရုရှားသမ္မတပူတင် မညွှန်ကြားသေးဟုဆို

ရုရှားအစိုးရအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်များ မချမှတ်သေးသောကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန်ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ယခုအချိန်အထိ မညွှန်ကြားသေးကြောင်းနှင့် ယင်းပိတ်ဆို့အရေးယူမှုများသည် မည်သည့်အရာများဟု မရှင်းလင်းသေးကြောင်း ရုရှားအစိုးရက ဩ ဂုတ် ၁၃ ရက်တွင် ပြောသည်။

ရုရှားအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်မည် ဟု ဩဂုတ် ၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

Read more

တောင်၊ မြောက် ကိုရီးယားခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ စက်တင်ဘာတွင် ကျင်းပမည်

ဆိုးလ် သြဂုတ် ၁၃

တောင်နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ပြုံယမ်း မြို့၌ စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း တနင်္လာနေ့က စစ်မဲ့ဇုန်တွင် ပြုလုပ်သည့် တောင်နှင့် မြောက်နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် သဘောတူညီချက်ရခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟတ်သတင်းအေဂျင်စီ တွင် ဖော်ပြထားသည်။

Read more

မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ဆောင်နိုင်ရန်စီစဉ်

မိုဘိုင်းငွေပေးချေမှု စနစ်ကိုအသုံးပြုပြီး အခွန်ဆောင်နိုင်ဖို့အတွက် ၀န်ဆောင်မှုပေးလိုသူတွေကို အဆိုပြုလွှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနကဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ အသုံးပြုနေတဲ့ ခေတ်မီ ICT နည်းစနစ်တွေဖြစ်တဲ့ i Banking, Mobile Banking စနစ်များအသုံးပြု၍ လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေရဲ့ Mobile Payment စနစ်တွေအသုံးပြု၍ သော်လည်းကောင်း ပေးဆောင်နိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Read more

OPPO Find X Super Flash Edition ကို သြဂုတ် ၁၇ တွင် ရောင်းချမည်

OPPO Find X ရဲ့ တတိယအမျိုးအစားက Super Flash Edition ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ Lamborghini Edition ရဲ့ Super VOOC fast charging နည်းပညာပါဝင်ပြီး 256GB storage နဲ့ ရရှိနိုင်ပါတယ်။ OPPO ဟာ OPPO Find X Super Flash Edition ကို ၅,၉၉၉ ယွမ် (၈၇၆ ဒေါ်လာ) နဲ့ ရောင်းချသွားမယ်လို့ ကြေညာ ခဲ့ပါတယ်။ ပထမဆုံး flash sale ကို သြဂုတ် ၁၇ မှာ စတင်သွားမှာဖြစ်ပါတယ်။

Read more

ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေးပွဲ ရွှေ့ဆိုင်း

မြန်မာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ကော်မရှင်ဘက်က ရွှေ့ဆိုင်း ခဲ့ပါတယ်။

Read more

မောင်တောမှာ ညမထွက်ရအမိန့် သက်တမ်းတိုးပြီး လုံခြုံရေးမြှင့်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တရားဥပဒေ စိုးမိုးဖို့ ဆက်လက် လိုအပ်နေသေးတဲ့အတွက် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ၂ လ တိုးခဲ့တယ်လို့ မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး ဦးမြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။ ပုဒ်မ ၁၄၄ အရ ဗလီ၊ ကျောင်း စတာတွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ငါးဦး ဒါမှမဟုတ် ငါးဦး ထက်ပိုပြီး လူမစုဖို့နဲ့ ည ၁၀ နာရီကနေ မနက် ငါးနာရီအတွင်း ညမထွက်ရဆိုပြီး ကန့်သတ်ထားတာ ဖြစ်ပါတယ်။

Read more