ပါတီဆိုင်းဘုတ်တင်ပွဲများကျင်းပ

 

ကလေး သြဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်အတွင်းရေး မှူး ဦးနန်ခန်းကျင်၊ မြို့နယ်ပါတီကော်မတီဝင်များသည် ကလေးမြို့ ပေါ်ရပ်ကွက်များဖြစ်သော မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းတောင်သာ ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်/ရပ်ကွက် ပါတီဥက္ကဋ္ဌများ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်များကို ယနေ့ မွန်းလွဲ ၁ နာရီခွဲမှစ၍ ရပ်ကွက်များ အလိုက်ပါတီဝင်များဖြင့် စည်ကားသိုက်မြိုက်စွာစိုက်ထူခဲ့ကြကြောင်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။

Read more

တူရကီသို့ F-35 တိုက်လေယာဉ်များ တင်ပို့ခြင်း မပြုရန် ထရမ့် လက်မှတ်ထိုး အတည်ပြု

အမေရိကန်လုပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ တူရကီထံ တင်ပို့ခြင်း မပြုရန် တားမြစ်သည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုး အတည်ပြုလိုက်သည်။

အဆိုပါ တားမြစ်မှုသည် ထရမ့်၏ ကာကွယ်ရေး အစီအမံသစ် သဘောတူညီချက်များအနက်မှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်များကို အမေရိကန် ဦးဆောင်ပြီး ဖန်တီး တည်ဆောက်ရာတွင် NATO အဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်သည့် တူရကီလည်း ငွေကြေး ထည့်ဝင်ခဲ့သည်။

Read more

အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို တူရကီက သပိတ်မှောက်မယ်လို့ သမ္မတ အာဒိုဂန် ပြော

အစ္စတန်ဘူလ်၊ သြဂုတ် ၁၅

အမေရိကန်ရဲ့ အပြစ်ပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ပြီး တူရကီအနေနဲ့ iPhone တို့လို အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို သပိတ်မှောက်သွားမယ်လို့ သမ္မတ တေယစ်အာဒိုဂန်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

တင်းမာမှုတွေကြောင့် ဆိုးဆိုးဝါးဝါး ထိုးကျသွားခဲ့တဲ့ တူရကီ လီရာငွေကြေးဟာ တစ်ချို့အပိုင်းတွေမှာ အနည်းငယ် ပြန်တက်လာချိန် သမ္မတက ပြောလာတာပဲ ဖြစ်ပါတယ်။

Read more

အာဏာမရှိလည်း ပြည်သူ့ဒုက္ခကိုလက်ပိုက်ကြည့်နေမည့်ပါတီမဟုတ်ဘူး ဟုပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် စစ် တောင်းမြစ်ကမ်းနံဘေးရှိ ရေဘေး သင့်ကျေးရွာများအား ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူများက နေ့စဉ် ထောက်ပံ့ကူညီလှူဒါန်းပေးလျက် ရှိသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ပြည်သူနှင့်အတူ တစ်သားတည်းရှိနေပြီး ပြည်သူလူထုဘေးဒုက္ခခံစားနေရမှုအတွက် ပြည်သူ့ထံအရောက်သွားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများထံသို့ နယ်မြေခံပါတီဝင်များနှင့်အတူ သွားရောက်ကာ ရေဘေးထောက်ပံ့ရေးပစ္စည်းများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။


Read more

အီတလီ မှာ တံတားကျိုးကျမှုအပြီး သေဆုံးသူ ၂၆ ဦးထိ ရှိလာ

အီတလီနိုင်ငံမှာ ဖြစ်ပွားတဲ့ တံတားကျိုးကျမှုကြီးအပြီး အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အချိန်လု ရှာဖွေနေပါတယ်။

ဩဂုတ် ၁၄ ရက်က ဂျီနိုအာမြို့မှာ ဖြစ်ပွားတဲ့ မတော်တဆမှုအတွင်း လက်ရှိ အချိန်ထိ သေဆုံးသူ ၂၆ ဦးထိ ရှိလာပြီး ၁၅ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Read more

နည်းပြကွန်တီ ဆက်လက်ရှိနေပါက အသင်းမှ ထွက်ခွာဖြစ်မည်ဟု ဝီလီယံဖွင့်ဟ

နည်းပြဟောင်း ကွန်တီ သာ ချယ်လ်ဆီးကို ဆက်လက် ကိုင်တွယ်နေမည်ဆိုပါက အသင်း၌ ဆက်နေရန် အခွင့်အရေး လုံးဝမရှိကြောင်း ဘရာဇီးတောင်ပံကစားသမား ဝီလီယံက ပြော သည်။

ကွန်တီသည် ၂၀၁၆-၁၇ ဘောလုံးရာသီက ချယ်လ်ဆီးကို ပရီးမီးယားလိဂ်ဖလားရအောင် လမ်းညွှန်ပေးနိုင်ခဲ့ သော်လည်း ၂၀၁၇-၁၈ ဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အသင်း အဆင့် (၅) ချိတ်ခဲ့ပြီးနောက် ဇူလိုင်က နည်းပြရာထူးမှ ထုတ်ပယ်ခံရသည်။

Read more

ယူအီးအက်ဖ်အေကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒိုရဲ့ဂိုးပါဝင်

ပြီးခဲ့တဲ့ရာသီ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ရာ အဲဒီထဲမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးလည်း ပါဝင်နေပါတယ်။

အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ သူ့ရဲ့အသင်းသစ်ဖြစ်လာတဲ့ ဂျူဗင်တပ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒါက မဲပေးရွေးချယ်ရမယ့် ဆန်ခါတင် ၁၁ ဂိုး ထဲမှာ ပါလာခဲ့တာပါ။

Read more

၂၀၂၁ ခုနှစ်အထိ စပယ်လက်တီ ကို စာချုပ်သစ်ထပ်ချုပ်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ နည်းပြ စပယ်လက်တီကို ၂၀၂၁ ခုနှစ်အထိရှိမယ့် ၃ နှစ်စာချုပ် နဲ့ သက်တမ်း တိုးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာ စပယ်လက်တီရဲ့လက်အောက်မှာ အကောင်းဆုံး ပုံစံရခဲ့ပြီး ရာသီနောက်ဆုံးပွဲစဉ်မှာ လာဇီယိုကို အနိုင်ရပြီးချန်ပီယံလိဂ်ကစားခွင့်ကို ရရှိခဲ့ပါတယ်။

Read more

ရာသီအသစ်၊ ကားအသစ်နဲ့ မန်ယူတိုက်စစ်မှူး လူကာကူ

အင်္ဂါနေ့က မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကစားသမားတွေရောက်လာခဲ့ကြရာမှာ တိုက်စစ်မှူး လူကာကူကတော့ သူ့ရဲ့ မာစီဒီးကားအသစ်ကို ပထမဆုံးအကြိမ်ပွဲထုတ်ခဲ့ပါတယ်။

လက်စတာကို 2-1 နဲ့အနိုင်ယူကာ ဘောလုံးရာသီသစ် စတင်ခဲ့ပြီးဖြစ်လို့ လူကာကူကလည်း ရာသီသစ်မှာ စိတ်သစ်၊ လူသစ်နဲ့ တိုက်ပွဲဝင်ဖို့အတွက် ကားအသစ်ပါပြောင်းလဲလိုက်ပုံရပါတယ်။

Read more