မြန်မာ့ ရိုးရာ” မြန်မာ့သိုင်း”သင်တန်းဖွင့်ပွဲကျင်းပ (မြစ်ကြီးနား)

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖြိုးရေးပါတီ မှကြီးမှူး ဖွင့်လှစ် သည့် မြန်မာ့ရိုးရာ”မြန်မာ့ သိုင်း” သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁၅-၈-၂၀၁၈)ရက်နေ့ ၊နံနက်(၉)နာရီက ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

Read more

မင်းဘူး/စကုမြို့နယ်တွင် တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းအဝေးကျင်းပ

 

မင်းဘူး/စကုမြို့နယ်တွင် တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင် ၊ တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်နိုင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းလုပ်ငန်းစစ်ဆေးရေးကော်မတီတာဝန်ခံ ဦးစောဝင်းမောင်၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ် (၅) မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။

Read more

မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့​ဖြိုး​ရေးပါတီမှ ​ရေ​ဘးသင့်ပြည်သူများ​​​ထံသို့ ထမင်း​ဗူးများသွား​ရောက်​လှူဒါန်း

 

မော်​လမြိုင်​၊ သြဂုတ်​ ၁၄

မော်​လမြိုင်​မြို့နယ်​ လှိုင်​နယ်​​မြေအတွင်းရှိ ​ရေ​ဘေးသင့်စခန်း ၃ ခုရှိ ​ရေ​ဘေးသင့်ပြည်​သူများထံသို့ ထမင်းဗူးများအား ​မော်​လမြိုင်​ပြည်​ခိုင်​ဖြိုးပါတီနှင့် Green 9 လူငယ်​များမှ ယ​နေ့ သြဂုတ်​လ ၁၄ ရက်​​နေ့တွင်​ သွား​ရောက်​လှူဒါန်းခဲ့ကြသည်​။
အဆိုပါ ​ရေသင့်ပြည်​သူများထံသို့ ပြည်​နယ်​လူငယ်​​ရေးရာတာဝန်​ခံ ​ဒေါက်​တာတိုးတိုး​အောင်​ ဦး​ဆောင်လျှက်​ ခရိုင်​ မြို့နယ်​​ကော်​မတီဝင်​များ၊ green 9 ပရဟိတလူငယ်​တို့ ပူး​ပေါင်းကာ ထမင်း​ဗူး ၄၀၀ ​ကျော်​ သွား​ရောက်​လှူဒါန်းခဲ့သည်​။

Read more

မအူပင်ဘိုးဘွားရိပ်သာ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်လှူဒါန်း

 

မအူပင် သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မြို့ ရှောင်လမ်းတွင် ဖွင့်လှစ်ထားရှိ သော မအူပင်ဘိုးဘွားရိပ်သာ၏ သတ္တမအကြိမ်မြောက် ဝါဆို သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပ ခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှလည်းသင်္ကန်းပါဝင်ကပ်လှူ ခဲ့ကြောင်း သိရသည်။

Read more

သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်သစ္စာတာပေါ်သို့သဲအိတ်များဖြင့်တာဖို့ခြင်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မြို့နယ်ကော်မတီဝင် များ၊ ကြီးပွားရေးရပ်ကွက် ပါတီ ဥက္ကဋ္ဌနှင့် ပါတီအမာခံအင်အား ၅ဝတို့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက သင်္ဃန်းကျွန်းမြို့နယ် ကြီး ပွားရေးရပ်ကွက် ငမိုးရိပ်ချောင်း ထူးကဲဒီရေတက်မှုကြောင့် မြဝတီ ဘုန်းတော်ကြီးကျောင်းဘေးရှိ အောင်သစ္စာတာပေါ်သို့ ရေကျော် ဝင်ရောက်မှုမရှိစေရေးအတွက် သဲကားနှစ်စီးဖြင့်တာဖို့ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ယင်းကဲ့သို့ ငမိုးရိပ်ချောင်းရေများ ကြီးပွားရေး ရပ်ကွက်အတွင်းသို့စီးဝင်မှုမှာနှစ်စဉ် နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ယခုနှစ်မိုးရာသီတွင် အဆိုးရွားဆုံး အခြေအနေဖြစ်ပြီးရပ်ကွက်နေပြည် သူများမှ ရေကြီးမှုဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် သက်ဆိုင် ရာတာဝန်ရှိသူများမှ ခိုင်ခံ့ကောင်း မွန်သော ရေတာတမံတည်ဆောက် ပေးစေလိုကြောင်း ပြည်သူတစ်ဦး ထံမှသိရသည်။

Read more

တနိုင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်း (၁/၂ဝ၁၈) ဆင်းပွဲကျင်းပ

 

ဗန်းမော် သြဂုတ် ၁၄

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ကျင်းပခဲ့သော အမျိုးသမီးအိမ်တွင်းမှု သင်တန်း ၁/၂ဝ၁၈ ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက တနိုင်းမြို့ မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီအရန်ကော်မတီဝင် ဦးကေဆန်အောင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်ကို၊အတွင်းရေးမှူးဦးဘောမ်ဆောင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ သင်တန်းဆရာဆရာမများနှင့်သင်တန်းသူ များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၅ဝ တက်ရောက်ခဲ့ကြသည်။

Read more

မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲကျင်းပမည်

 

မြစ်ကြီးနား သြဂုတ် ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ အသက် ၁၈နှစ်အောက် ဘောလုံး ပြိုင်ပွဲအား ယခုလ ၂၄ ရက်မှ စတင်ကာ အောက်တိုဘာ ၁ဝရက် အထိ နားရက်မရှိ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးအားကစားကွင်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည့် ပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် မြို့နယ်ပါတီအဖွဲ့တို့ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

 

အုတ်တွင်း သြဂုတ် ၁၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် တိုင်းအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းကော်မတီဝင်များ၊ တောင်ငူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးလှဆွေတို့ လိုက်ပါလျက် အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ယမန်နေ့ ညနေ၅နာရီက မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးလွင်မင်းသိန်း နှင့် မြို့နယ်ကော်မတီဝင်များအား တွေ့ဆုံကာ ပါတီ၏ရှေ့လုပ်ငန်းစဉ် များ၊ လက်ရှိနိုင်ငံရေးအခြေအနေ များကို ရှင်းလင်းပြောကြား ဆွေး နွေးခဲ့ကြသည့်အပြင် မြို့နယ်ကော် မတီဝင်များ၏ တင်ပြချက်များကို လည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုလောမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလော၊ သြဂုတ် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ပါတီရုံးတွင် ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသ ကြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးနေမျိုးနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် သြဂုတ် ၁၄

နေပြည်တော်ရှိ ပြည်ထောင်စု နယ်မြေပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more