ဟက်ထရစ်ရခဲ့တဲ့ အဂွေရို ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွေရိုမှာ အကောင်းဆုံးပုံစံရရှိနေကြောင်း ဟက်ဒါဖီးလ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဂွေရို ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီ ဟက်ထရစ် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။

Read more

၂၇ မီတာမြင့် တောင်စောင်းမှ ဒိုင်ဗင်ထိုးရသည့် နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲ ကျင်းပ

ခရိုင်းမီးယားကျွန်းဆွယ် ယော်တာမြို့အနီးမှာ သြဂုတ် ၁၈ ရက်နေ့က နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းက ဒိုင်ဗင်သမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ၂၇ မီတာမြင့်တဲ့ တောင်စောင်းကနေ အောက်ကို ဒိုင်ဗင်ထိုးရပြီး  ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ လှေတွေနဲ့ ကမ်းခြေပေါ်ကနေ အဲဒီပြိုင်ပွဲကို အားပေးခဲ့ပါတယ်။

Read more

ဆီးရီးယား ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ရန် ပူတင်၏ တောင်းဆိုချက်ကို မာကယ် ငြင်းဆို

ဘာလင် သြဂုတ် ၁၉

ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တောင်းဆိုချက်ကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ငြင်းဆို လိုက်ကြောင်း သိရသည်။

Read more

ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များကို ဘရာဇီးနိုင်ငံသားများ မောင်းထုတ်

ပါကာရိုင်မာမြို့တွင် ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများကို ကန့်ကွက်ဆန္ဒပြနေသူအချို့အား သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (GERALDO MAIA/EPA)

ဒေသခံ စားသောက်ဆိုင်ရှင်တစ်ဦး ဓားထိုး၊ ရိုက်နှက်ခံရပြီးနောက် ဒေါသထွက်နေသော ဘရာဇီးနိုင်ငံနယ်စပ်ရှိ ပါကာရိုင်မာမြို့ခံများသည် ဩဂုတ် ၁၇ ရက်က ဗင်နီဇွဲလားရွှေ့ပြောင်း ဒုက္ခသည်များကို မောင်းထုတ်ခဲ့ကြောင်း ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများ ကပြောသည်။

Read more

အမေရိကန်နှင့် ကနေဒါတွင် လာလီဂါပွဲစဉ်များကို သွားရောက်ကစားရန် လာလီဂါအဖွဲ့ချုပ်နှင့် Relevent တို့ သဘောတူညီလိုက်

လာလီဂါပွဲစဉ်များကို အမေရိကန်နှင့် ကနေဒါတွင် သွားရောက်ကစားရန်အတွက် Relevent နှင့် လာလီဂါ အဖွဲ့ချုပ်တို့ သဘောတူညီသွားခဲ့သည်။ Relevent မှာ နိုင်ငံတကာချန်ပီယံဖလားကို ကြီးမှူးစီစဉ်သည့် အားကစားဆိုင်ရာ ကုမ္ပဏီဖြစ်ပြီး လာလီဂါနှင့် အကျိုးတူပူးပေါင်းလိုက်ခြင်းဖြစ်သည်။

Read more

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း ဖီဖာအဆင့် သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာရောက်လာ

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည် ၁၆ နှစ် အတွင်း ပထမဆုံး ဖီဖာ၏ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် ထိပ် ဆုံးနေရာ ရရှိသည်။

ပြီးခဲ့သည့်လက ရုရှားကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခရိုအေးရှားကို ၄-၂ ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်လာသော ပြင်သစ်သည် ၂၀၀၂ မေလက ၎င်းတို့နောက်ဆုံးအကြိမ် သိမ်းပိုက်ခဲ့သော အဆင့် (၁) နေရာကို ပြန်လည် ရရှိခဲ့သည်။

Read more

စီးရီးအေ အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်း

ယခုတစ်ပတ်မှာ စီးရီးအေပွဲစဉ်တွေ ပြန်လည်စတင်တော့မှာ ဆိုပေမယ့် ဂျီနိုအာမှာ ပွန်တီမိုရန် ဒီတံတား ပြိုကျခဲ့မှုကြောင့် အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဂျီနိုအာအခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ ဂျီနိုအာနဲ့ ဆမ်ဒိုးရီးယားပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားက အိမ်ကွင်းမှာ ဖီအိုရင်တီးနားနဲ့ ကစားရမှာဖြစ်ပြီး၊ ဂျီနိုအာက မီလန်မှာ အေစီမီလန်နဲ့ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Read more

ဆော်ဒီအာရေဗျ ဆီကနေ အမှတ်ရယူနိုင်မှာလား မြန်မာ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာရှဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မြောက်ကိုရီးယားကို ၁ ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒီနေ့ည ၆ နာရီခွဲမှာ ဆော်ဒီအာရေဗျ အသင်းနဲ့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ အားအနည်းဆုံးလို့ ဆိုရမယ့် မြန်မာ ယူ၂၃ အသင်းဟာ မြောက်ကိုရီးယားနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။

Read more

ပြည်သူကိုရိုက်တဲ့ ပါကစ္စတန် လွှတ်တော်အမတ် တာဝန်က ရပ်ဆိုင်းခံရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ လူတယောက်ကို ရွေးကောက်ခံအမတ်သစ်တယောက်က ရိုက်နှက် နေတဲ့ ဗွီဒီယို ကွန်ပျူတာအွန်လိုင်းမှာ တွေ့ရတဲ့နောက် ဝန်ကြီးချုပ်ဖြစ်မယ့် Imran Khan ရဲ့ Tahreek-e-Insaf ပါတီက အဲဒီအမတ်ကို တာဝန်က ဆိုင်းငံ့လိုက်ပါတယ်။ ခရစ်ကက်သမားဟောင်းဘဝက နိုင်ငံရေးသမားတဖြစ်လဲ Imran Khan ရဲ့ ပါတီဟာ ဒီလို ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ့် အစီစဉ်ရှိတာ ပြသဖို့ ရည်ရွယ်တာလို့ သတင်းက ဖော်ပြပါတယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ပြီး အားလုံးအတွက် တရားမှတမှု ရှိစေရမယ်လို့ မဲဆွယ်ချိန်တုန်း Imran Khan က ကတိပေးခဲ့တာပါ။

Read more

ပီတာချက်ကို နေရာဆက်ပေးသွားမယ်လို့ အမ်မရီအတည်ပြု

အာဆင်နယ်နည်းပြသစ် အမ်မရီက အသင်း၏ ပွဲထွက်ဦးစားပေးဂိုးသမားနေရာနှင့် ပတ်သက်ပြီး ပီတာချက်ကိုသာ နေရာဆက်ပေးသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အမ်မရီရဲ့ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂-၀ နှင့် ရှုံးနိမ့်ခဲ့ရာတွင် ပီတာချက်ကို အသုံးပြုခဲ့ပြီး လီဗာကူဆင်ကနေ ခေါ်ယူထားတဲ့ ဂိုးသမားသစ်လီနိုကို အရန်ခုံထိုင်းခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပီတာချက်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အမ်မရီကတော့ ပီတာချက်ကိုသာ ဆက်လက်အသုံးပြုသွားမယ်လို့ ဆိုလိုက်ပြီး လာမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ နေရာဆက်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပီတာချက်ရဲ့ အတွေ့အကြုံ၊ အရည်အသွေးနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကိုလည်း ယုံကြည်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကို 2-0 နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲချိန်အတွင်မှာ ကောင်းမွန်တဲ့ ဂိုးကာကွယ်မှုတွေကို လက်စွမ်းပြ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ကာကွယ်ပေးခဲ့ပါတယ်။ 

Read more