မြန်အောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၆

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည်ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို (၃)ရပ်ကွက် မြို့မရေလယ်ကျွန်း ကျေးရွာပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁နာရီ က ကျင်းပခဲ့ကြောင်းသိရသည်။

Read more

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ် (၂၆) ရက်၊ ဝါခေါင်လပြည့်နေ့တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။


Read more

ဘုတ်ပြင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တ

 

ဘုတ်ပြင်း သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအောက်လိပ်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ဖွင့်ပွဲကို ယခုလ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွ

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းဝင်းရှိ ဓမ္မာရုံ ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း ဦးဆောင်သော ဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါဆေး ကုသရေးအဖွဲ့သည် ကျောက်တန်း မြို့နယ် ပီလခတ်ကျေးရွာအုပ်စု (တမံကြီးပီလခတ်ဟိန္ဒူပီလခတ်) ရှိကျေးရွာနေ မိဘပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပြုလုပ်ပေး ခဲ့သည်။

Read more

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်အားပေး

 

စဥ့်ကိုင် သြဂုတ် ၂၆

EA Co.,Ltd မှ ကြက်မျှားကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်မုခ်ဦးနှင့် ကွန်ပျူတာ နှစ်လုံးပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ကျင်းပခဲ့ရာ အလှူရှင်မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်အဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီမှခရိုင်ပါတီကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ အတွင်းရေး မှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးအဖွဲ့များတက် ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

မြိုင်ပြည်ခိုင်ဖြိုးပါတီကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မြိုင် သြဂုတ် ၂၆

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် များသည် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို တောင်စုံကျေးရွာအုပ်စု ဘောင့်ဘင်ကျေးရွာ ဦးပြည့်နေအိမ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ် သည်။

တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်ဦးစန်းယုနိုင်၊ ဦးနန္ဒာအောင်၊ ဦးခင် မောင်အေး၊ လူငယ်ကိုယ်စားလှယ်ကိုသိန်းကျော်စိုးတို့နှင့်အတူကျေးရွာ ပါတီဝင် ၄ဝ ခန့်တက်ရောက်ကြပြီး ပါတီဝင်များ၏စီးပွားရေး၊လူမှု ရေးအခြေအနေများနှင့်လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကိုပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မေတ္တာအခါတော်နေ့တွင် ဖျာပုံမြို့ ရှေးဟောင်းဆုတောင်းပြည့်အနန္တသကျမုနိမြောက်ပိုင်းဘုရားကြီးဘုရားအနေကဇာတင် ရွှေသင်္ကန်းဆက်ကပ်ပူဇော်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲကျင်းပ

 

ဖျာပုံ သြဂုတ် ၂၆

ဖျာပုံမြို့ မြောက်ပိုင်းအရပ်ရှိ ရှေ့ဟောင်းသမိုင်းဝင် အနန္တသကျ မုနိ ယိမ်းကိုယ်တော်ကြီး ရုပ်ပွား တော်၊ ယိမ်းညွှန့်ကိုယ်တော်ကြီး ရုပ်ပွားတော်၊ညွှန့်ပေါင်းကိုယ်တော် ကြီးရုပ်ပွားတော်၊ ဘုငါးဆုရုပ်ပွား တော်များအား ဘုရားအနေကဇာ တင်၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေး အပ်ပွဲနှင့် ရေစက်သွန်းချလှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက မြောက်ပိုင်းဘုရားကြီး၌ အလှူတော်အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဘာသာရေး ပညာရေးအားပေးကူညီ

 

မြင်းခြံ သြဂုတ် ၂၆

ဆုံရွာကွေ့ကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အမျိုးချစ် ဘာသာချစ်ဓမ္မ ကူးလ် ကျောင်းသူကျောင်းသားများအား မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ရေခဲမုန့်နှင့်ကိတ်မုန့် အာဟာရဒါနကုသိုလ်ပြုလှူဒါန်းခဲ့ပြီး ကွေ့ကြီးကျေးရွာ ဆရာတော်အား သွားရောက်ဖူးမြော် ၍ ဝတ္ထုငွေများလှူဒါန်းခဲ့ပြီးနောက် ဖက်ပင်အိုင်ကျေးရွာမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင် အမြွှာညီအစ်မ သုံးဦးတို့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပြီး အားပေးစကားပြောကြားခဲ့ကြသည်ဟု သိရသည်။

Read more

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်

 

ရန်ကုန် သြဂုတ် ၂၆

Read more